- ကမ္ဘောဒီးယားမှာ လူငယ်များ စစ်မှုမထမ်းမနေရ ဥပဒေ လာမည့်နှစ် စတင်အကောင်အထည်ဖော်မည်
- စစ်ကောင်စီ တန်ပြန်ထိုးစစ်လုပ်လာနိုင်တာ ဘာကြောင့်လဲ
- ဘစ်ကွိုင်တန်ဖိုး ကန်ဒေါ်လာ ၁၂၀,၀၀၀ ကျော်အထိ စံချိန်တင်မြင့်တက်
- စစ်တွေမြို့တွင် ငတ်မွတ်မှုဒဏ်ကို မခံနိုင်၍ ဒေသခံအချို့ အဆုံးစီရင်မှု ရှိလာ
- အိန္ဒိယစစ်တပ်က မြန်မာဘက်သို့ ဝင်ရောက်တိုက်ခိုက်ခဲ့သည့်အတွက် ခေါင်းဆောင်သုံးဦး သေဆုံးဟု အာသံလွတ်မြောက်ရေးတပ် ပြောကြား
ငြိမ်းချမ်းရေးလုပ်ငန်းစဉ် တိုးတက်မှုမရှိသရွေ့ အာဆီယံအစည်းအဝေးသို့ မြန်မာစစ်တပ်ခေါင်းဆောင်များ တက်ခွင့်မရှိ
ငြိမ်းချမ်းရေးလုပ်ငန်းစဉ် တိုးတက်မှုတစ်စုံတစ်ရာ မပြသရွေ့ မြန်မာစစ်ဗိုလ်ချုပ်ကြီးများကို အာဆီယံအစည်းအဝေးများသို့ တက်ရောက်ခွင့်မပြုဘဲ ပိတ်ပင်ထားရန် အာဆီယံအဖွဲ့ကြီးက ဆုံးဖြတ်လိုက်ကြောင်း ကမ္ဘောဒီးယား နိုင်ငံခြားရေးဝန်ကြီး ပရက်ဆော့ခွန်က သြဂုတ်လ ၆ ရက်နေ့တွင် ပြောကြားလိုက်သည်။
07 Aug 2022

DMG ၊ ဩဂုတ် ၇
ငြိမ်းချမ်းရေးလုပ်ငန်းစဉ် တိုးတက်မှုတစ်စုံတစ်ရာ မပြသရွေ့ မြန်မာစစ်ဗိုလ်ချုပ်ကြီးများကို အာဆီယံအစည်းအဝေးများသို့ တက်ရောက်ခွင့်မပြုဘဲ ပိတ်ပင်ထားရန် အာဆီယံအဖွဲ့ကြီးက ဆုံးဖြတ်လိုက်ကြောင်း ကမ္ဘောဒီးယား နိုင်ငံခြားရေးဝန်ကြီး ပရက်ဆော့ခွန်က သြဂုတ်လ ၆ ရက်နေ့တွင် ပြောကြားလိုက်သည်။
ယခုသီတင်းပတ်တွင် ကျင်းပခဲ့သည့် အာဆီယံအစည်းအဝေးများ၏ သဘာပတိဖြစ်ပြီး မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူး ကိုယ်စားလှယ်လည်းဖြစ်သူ ပရက်ဆော့ခွန်က စစ်အစိုးရသည် တိုးတက်ဖြစ်ထွန်းမှုများ ပေါ်ထွက်လာအောင် ဆောင်ရွက်ရမည်ဖြစ်ပြီး သို့မှသာ မိမိတို့ကလည်း ဆုံးဖြတ်ချက်ချနိုင်မည်ဟု သတင်းစာရှင်းလင်းပွဲ တစ်ရပ် ပြုလုပ်စဉ် ပြောကြားခဲ့သည်။
ထို့ပြင် မြန်မာနိုင်ငံ၌ ကွပ်မျက်မှုများ ဆက်ရှိလာပါကလည်း အခြေအနေကို ပြန်လည်သုံးသပ်ရန် အာဆီယံအဖွဲ့ဝင်နိုင်ငံများအကြား သဘောတူခဲ့သည်ဟု သူကပြောသည်။
စစ်တပ်အာဏာသိမ်းယူထားသည့် မြန်မာနိုင်ငံတွင် အကျပ်အတည်း ဖြေရှင်းရေးနှင့် ပတ်သက်ပြီး တိုးတက်မှုမရှိသည့်အပေါ် အာဆီယံဝန်ကြီးများသည် ယမန်နေ့က ရှုတ်ချခဲ့ကြသည်။ စစ်အစိုးရအနေဖြင့် ယခုနှစ်ကျင်းပမည့် ဒေသဆိုင်ရာညီလာခံ မတိုင်မီ ဆောင်ရွက်ရန်လည်း အဖွဲ့ကြီးက တောင်းဆိုခဲ့သည်။
မြန်မာနိုင်ငံသည် လတ်တလောတွင်လည်း အာဆီယံအစည်းအဝေးများသို့ တက်ရောက်ခွင့် တားမြစ်ခံထားရသည်။ ဖနွမ်ပင်တွင် ကျင်းပခဲ့သော အာဆီယံနိုင်ငံခြားရေး ဝန်ကြီးများ၏ အစည်းအဝေးသို့လည်း ဦးဝဏ္ဏမောင်လွင်ကို မဖိတ်ခဲ့ပေ။
မလေးရှားနိုင်ငံကလည်း မြန်မာအပေါ် ပိုမိုတင်းကြပ်သော အရေးယူမှုများ ပြုလုပ်ရန် တိုက်တွန်းလျက်ရှိသည်။ မြန်မာအနေဖြင့် အာဆီယံခေါင်းဆောင်များညီလာခံမတိုင်မီ ခိုင်မာသော တိုးတက်မှုတစ်စုံတစ်ရာ မပြသနိုင်ပါက အာဆီယအဖွဲ့ကြီးမှ ဆိုင်းငံ့ခံရနိုင်ခြေ ရှိနိုင်သည်ဟုလည်း ယခုသီတင်းပတ် အစောပိုင်းက ပြောကြားခဲ့သည်။