- ရခိုင်ပြည်ကို ချောက်ထဲသို့ တွန်းပို့မည့် ဘင်္ဂလားဒေ့ရှ်၏ ကစားကွက်
- စာသင်ကျောင်း ဗုံးကြဲခံရပြီးနောက် လေးမျက်နှာ ဒေသခံ ၁၀ ကျော်ကို စစ်ကောင်စီ ဖမ်းဆီး
- မန္တလေး-ကျောက်ဖြူ ရထားလမ်းနှင့် ရေနက်ဆိပ်ကမ်းများကို အကောင်အထည်ဖော်နေကြောင်း စစ်ခေါင်းဆောင် ပြော
- လမ်းမကြီးပေါ်တွင် ကျွဲ၊ နွားတိရစ္ဆာန်များ လွှတ်ကျောင်းခြင်း လုံးဝ မပြုရန် ULA/AA ဒေသန္တရ အမိန့်ထုတ်
- ရခိုင်သို့ပို့မည့် ပဲအိတ် ၆၀၀ ကျော်နှင့် ကုန်စည်အများအပြား ဘင်္ဂလားဒေ့ရှ် ဖမ်းဆီး
လုံခြုံရေးစိုးရိမ်မှုကြောင့် တရုတ်ကင်မရာများကို ယူကေ အစိုးရအဆောက်အအုံများ၌ တပ်ဆင်ခွင့် တားမြစ်
တရုတ်နှင့် ဆက်စပ်နေသည့် ကုမ္ပဏီများမှ ထုတ်လုပ်သော စောင့်ကြည့်ရေးကင်မရာများကို အရေးပါသည့် အစိုးရအဆောက်အအုံများတွင် တပ်ဆင်ခြင်းမပြုရန် ဗြိတိန်အစိုးရက နိုဝင်ဘာလ ၂၄ ရက်နေ့တွင် ညွှန်ကြားလိုက်ကြောင်း ရိုက်တာသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
25 Nov 2022

ဓာတ်ပုံ - DW
DMG | နိုဝင်ဘာ ၂၅
တရုတ်နှင့် ဆက်စပ်နေသည့် ကုမ္ပဏီများမှ ထုတ်လုပ်သော စောင့်ကြည့်ရေးကင်မရာများကို အရေးပါသည့် အစိုးရအဆောက်အအုံများတွင် တပ်ဆင်ခြင်းမပြုရန် ဗြိတိန်အစိုးရက နိုဝင်ဘာလ ၂၄ ရက်နေ့တွင် ညွှန်ကြားလိုက်ကြောင်း ရိုက်တာသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
အဆိုပါပစ္စည်းများကို အစိုးရ၏ ပင်မကွန်ပျူတာကွန်ရက်နှင့် ချိတ်ဆက်ထားမှုများကို ဖြုတ်ရန်နှင့် အားလုံးကို ဖယ်ရှားရန်လည်း ညွှန်ကြားချက်တွင် ပါဝင်သည်။
အစိုးရအဆောက်အအုံများတွင် လုံခြုံရေးစောင့်ကြည့် ကင်မရာများ တပ်ဆင်မှုနှင့် ပတ်သက်၍ လက်ရှိနှင့် နောင်ဖြစ်လာနိုင်ခြေရှိသည့် လုံခြုံရေးဆိုင်ရာ ခြိမ်းခြောက်မှုများကို သုံးသပ်ပြီးနောက် ယခုကဲ့သို့ ဆုံးဖြတ်လိုက်ခြင်း ဖြစ်ကြောင်း ယူကေ အတွင်းဝန်ရုံးဝန်ကြီး အိုလီဗာဒေါက်ဒန်က လွှတ်တော်သို့ ပေးအပ်သည့် ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။
တရုတ်အစိုးရက တစ်စိတ်တစ်ပိုင်း ပိုင်ဆိုင်သည့် Hikvision နှင့် Dahua ကုမ္ပဏီများသည် တရုတ်ပြည်မှ လူ့အခွင့်အရေး ချိုးဖောက်မှုများနှင့် ဆက်စပ်နေသဖြင့် အဆိုပါကုမ္ပဏီများမှ ထုတ်လုပ်သည့် လုံခြုံရေးကင်မရာများကို ယူကေတွင် ရောင်းချခွင့်နှင့် အသုံးပြုခွင့် ပိတ်ပင်ပေးရန် လွှတ်တော်အမတ်များက ပြီးခဲ့သည့်လတွင် တောင်းဆိုခဲ့ပြီးနောက် ယခုကဲ့သို့ ကြေညာချက် ထွက်ပေါ်လာခြင်း ဖြစ်သည်။
ရိုက်တာသတင်းဌာနက Hikvision ကုမ္ပဏီသို့ ဆက်သွယ်မေးမြန်းရာ ကုမ္ပဏီဘက်က အဆိုပါစွပ်စွဲချက်များကို ငြင်းဆိုခဲ့သည်။ ယခုဆုံးဖြတ်ချက်ကို နားလည်နိုင်ရေးအတွက် ဗြိတိသျှအာဏာပိုင်များနှင့် ဆက်သွယ်နိုင်ရန် ကြိုးပမ်းသွားမည်ဟုလည်း ကုမ္ပဏီဘက်က ပြောကြားသည်။
အမေရိကန်ပြည်ထောင်စုသည်လည်း Hikvision ၊ Dahua နှင့် အခြားသော တရုတ်ကုမ္ပဏီများမှ ထုတ်လုပ်သည့် ကင်မရာများကို အသုံးပြုခွင့် တားမြစ်ထားသည်။
ယူကေလူထု အများစုသည် Hikvision သို့မဟုတ် Dahua တို့မှ ထုတ်လုပ်သည့် စောင့်ကြည့်ရေးကင်မရာများကို အသုံးများကြောင်း ပုဂ္ဂိုလ်ရေးလွတ်လပ်ခွင့် အကြံပေးအဖွဲ့ Big Brother Watch က ဇူလိုင်လတွင် ပြောကြားခဲ့သည်။ အစိုးရ၏ ပြည်ထဲရေးနှင့် စီးပွားရေးဝန်ကြီးဌာန အပါအဝင် ဌာနအများအပြားသည်လည်း ၎င်းတို့၏ အဆောက်အအုံရှေ့တွင် Hikvision ကင်မရာများ တပ်ဆင်ထားကြကြောင်း အဆိုပါအဖွဲ့က ပြောကြားသည်။