- ရခိုင်ပြည်ကို ချောက်ထဲသို့ တွန်းပို့မည့် ဘင်္ဂလားဒေ့ရှ်၏ ကစားကွက်
- စာသင်ကျောင်း ဗုံးကြဲခံရပြီးနောက် လေးမျက်နှာ ဒေသခံ ၁၀ ကျော်ကို စစ်ကောင်စီ ဖမ်းဆီး
- မန္တလေး-ကျောက်ဖြူ ရထားလမ်းနှင့် ရေနက်ဆိပ်ကမ်းများကို အကောင်အထည်ဖော်နေကြောင်း စစ်ခေါင်းဆောင် ပြော
- လမ်းမကြီးပေါ်တွင် ကျွဲ၊ နွားတိရစ္ဆာန်များ လွှတ်ကျောင်းခြင်း လုံးဝ မပြုရန် ULA/AA ဒေသန္တရ အမိန့်ထုတ်
- ရခိုင်သို့ပို့မည့် ပဲအိတ် ၆၀၀ ကျော်နှင့် ကုန်စည်အများအပြား ဘင်္ဂလားဒေ့ရှ် ဖမ်းဆီး
အိုင်အက်စ်အဖွဲ့ခွဲ ဘီးတဲလ်အဖွဲ့ဝင်ဟု ယူဆရသူ ဗြိတိန်တွင် ဖမ်းဆီးခံရ
ဘီးတဲလ်အမည်ခံပြီး အိုင်အက်စ်အဖွဲ့၏ ပြန်ပေးဆွဲသတ်ဖြတ်မှုများတွင် ပါဝင်ခဲ့သည်ဟု ယူဆရသော ဗြိတိန်နိုင်ငံသားတစ်ဦးအား သြဂုတ်လ ၁၀ ရက်နေ့က ယူကေတွင် ဖမ်းဆီးလိုက်ကြောင်း အေအက်ဖ်ပီသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
13 Aug 2022

DMG ၊ ဩဂုတ် ၁၃
ဘီးတဲလ်အမည်ခံပြီး အိုင်အက်စ်အဖွဲ့၏ ပြန်ပေးဆွဲသတ်ဖြတ်မှုများတွင် ပါဝင်ခဲ့သည်ဟု ယူဆရသော ဗြိတိန်နိုင်ငံသားတစ်ဦးအား သြဂုတ်လ ၁၀ ရက်နေ့က ယူကေတွင် ဖမ်းဆီးလိုက်ကြောင်း အေအက်ဖ်ပီသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
၂၀၁၂ နှင့် ၂၀၁၅ ခုနှစ်အကြားတွင် ဆီးရီးယား၌ နိုင်ငံခြားသား ဒါဇင်ပေါင်းများစွာကို ဓားစာခံအဖြစ် ဖမ်းဆီးခဲ့သည့် အိုင်အက်စ်အဖွဲ့ခွဲအား ၎င်းတို့၏ ဗြိတိသျှလေသံ အင်္ဂလိပ်စကားပြောပုံကြောင့် ဘီးတဲလ်ဟု လူသိများသည်။ ယခုဖမ်းဆီးခံရသူသည် အဆိုပါအဖွဲ့ဝင်ဟု ယူဆခံထားရသူ ဖြစ်သည်။
တူရကီမှ လေယာဉ်ခရီးစဉ်ဖြင့် ယူကေသို့ ရောက်ရှိလာသည့် ၃၈ နှစ်အရွယ် အမျိုးသားတစ်ဦးအား လူတန်လေဆိပ်တွင် ဖမ်းဆီးလိုက်ကြောင်း မက်ထရိုပိုလီတန်ရဲတပ်ဖွဲ့၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
လန်ဒန်ပြည်ထဲရေး ဝန်ကြီးဌာနကလည်း ဗြိတိသျှနိုင်ငံသားတစ်ဦးအား တူရကီမှ ယူကေသို့ လွှဲပြောင်းပေးအပ်လိုက်ကြောင်း ကြေညာချက်တစ်စောင်၌ ဖော်ပြထားသည်။
ဘီးတဲလ်အဖွဲ့ဝင်လေးဦးသည် အမေရိကန်၊ ဗြိတိန်၊ ဥရောပ၊ နယူးဇီလန်၊ ရုရှားနှင့် ဂျပန်နိုင်ငံများမှ သတင်းထောက်များ၊ ကယ်ဆယ်ရေးဝန်ထမ်းများ စုစုပေါင်း ၂၇ ဦးထက်မနည်း သုတ်သင်ခဲ့သည်ဟု စွပ်စွဲခံထားရသည်။
၎င်းတို့သည် အမေရိကန်သတင်းထောက် ဂျိမ်းဖောင်လေ၊ စတီဗင်ဆော့လုဖ်နှင့် အကူအညီပေးရေးဝန်ထမ်း ပီတာကာဆစ်၊ ကယ်လာမူလာတို့ကို သတ်ဖြတ်ရာတွင် ပါဝင်ခဲ့သည်ဟု ယူဆထားသည်။