ဗြိတိန်မှာ အစိုးရဝန်ထမ်းသူနာပြုများ သပိတ်မှောက်မည်

ဗြိတိန်တွင် အမျိုးသားကျန်းမာရေးဝန်ဆောင်မှု ဌာနမှ သူနာပြုများသည် ပထမဆုံးအကြိမ်အဖြစ် ဒီဇင်ဘာလ ၁၅ ရက်နေ့တွင် သပိတ်မှောက် စီစဉ်ထားကြောင်း ရိုက်တာသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။ ဆေးရုံများတွင် လူနာများ ပိုမိုများပြားလာမှုနှင့်အတူ လုပ်ခလစာ တိုးမြှင့်ခံစားခွင့် ရရှိရေး အတွက် ဖိအားပေးတောင်းဆိုမှု အဖြစ် ယခုကဲ့သို့ ဆန္ဒထုတ်ဖော်ရန် စီစဉ်ခြင်းဖြစ်သည်။

By Admin 15 Dec 2022

ဗြိတိန်မှာ အစိုးရဝန်ထမ်းသူနာပြုများ သပိတ်မှောက်မည်

ဓာတ်ပုံ - Financial Times

DMG | ဒီဇင်ဘာ ၁၅

ဗြိတိန်တွင် အမျိုးသားကျန်းမာရေးဝန်ဆောင်မှု ဌာနမှ သူနာပြုများသည် ပထမဆုံးအကြိမ်အဖြစ် ဒီဇင်ဘာလ ၁၅ ရက်နေ့တွင် သပိတ်မှောက် စီစဉ်ထားကြောင်း ရိုက်တာသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။ ဆေးရုံများတွင် လူနာများ ပိုမိုများပြားလာမှုနှင့်အတူ လုပ်ခလစာ တိုးမြှင့်ခံစားခွင့် ရရှိရေး အတွက် ဖိအားပေးတောင်းဆိုမှု အဖြစ် ယခုကဲ့သို့ ဆန္ဒထုတ်ဖော်ရန် စီစဉ်ခြင်းဖြစ်သည်။

ကြာသပတေးနေ့ ပြုလုပ်မည့် သပိတ်မှောက်မှု၌ နိုင်ငံတစ်ဝန်းရှိ ဆေးရုံ ၇၆ ရုံမှ သူနာပြုစုစုပေါင်း တစ်သိန်းခန့် ပါဝင်မည်ဟု ခန့်မှန်းရသည်။

၎င်းတို့သည် အရေးပေါ်မဟုတ်သည့် ခွဲစိတ်ကုသမှုများ၊ ပြင်ပလူနာ လက်ခံမှုများကို ရပ်ဆိုင်းပြီး ဆန္ဒထုတ်ဖော်မည်ဖြစ်သည်။

ဗြိတိန်သည် ယခုနှစ်ဆောင်းရာသီတွင် ရထားပြေးဆွဲမှုများ၊ စာပို့လုပ်ငန်းများကဲ့သို့ အလုပ်သမားသပိတ်မှောက်မှုများ ရင်ဆိုင်နေရသလို လေကြောင်းလုပ်ငန်းများသည်လည်း ခရစ္စမတ်ကာလတွင် လုပ်ငန်း ပြတ်တောက်မှုများ မဖြစ်အောင် ကြိုးစားရုန်းကန်နေရသည်။

နိုင်ငံ၏ ငွေကြေးဖောင်းပွမှုသည် ၁၀ ရာခိုင်နှုန်းအထိ မြင့်တက်လျက်ရှိသော်လည်း လစာနှုန်းထားမှာ ၄ ရာခိုင်နှုန်းခန့်သာ တိုးမြှင့်ခဲ့သဖြင့် အလုပ်သမား သမဂ္ဂများနှင့် အလုပ်ရှင်များအကြား တင်းမာမှုများ မြင့်တက်လျှက်ရှိသည်။

ဒီဇင်ဘာလ ၁၅ ရက်နှင့် ၂၀ ရက်နေ့များတွင် ပြုလုပ်ကြမည့် သူနာပြုသပိတ်မှောက်မှုများသည် ဗြိတိသျှသူနာပြုသမဂ္ဂအသင်းကြီး၏ ၁၀၆ နှစ်သက်တမ်းအတွင်း တစ်ခါမှ မရှိခဲ့ဖူးသေးသည့် ဖြစ်ရပ်ဖြစ်သည်။ သို့သော်လည်း အလုပ်သမားများက လိုအပ်ချက်များပြည့်မီရန် ရုန်းကန်နေရချိန်၌ မိမိတို့အတွက်လည်း အခြားနည်းလမ်း ရွေးချယ်စရာ မရှိတော့ကြောင်း ဗြိတိသျှ တော်ဝင်သူနာပြုကောလိပ်က ပြောကြားသည်။

သူနာပြုများသည် လစာနှုန်းထားကို ၁၉ ရာခိုင်နှုန်းအထိ တိုးမြှင့်ပေးရန် တောင်းဆိုထားသည်။ ၎င်းတို့သည့် ဆယ်စုနှစ်တစ်ခုစာ လျှော့ချဖြတ်တောက်မှုများ ရင်ဆိုင်ခဲ့ရကာ ဝန်ထမ်းမလုံလောက်မှုများ ရှိလာသည့်အတွက် လူနာများကို လုံခြုံစွာဂရုစိုက်မှု မပြုလုပ်နိုင်ကြောင်း ပြောကြားထားသည်။ အစိုးရဘက်ကမူ လစာနှုန်းထားကိစ္စကို ဆွေးနွေးရန် ငြင်းဆိုထားသည်။

ဗီဒီယိုများ