- ဆုံးရှုံးနယ်မြေများကို ပြန်သိမ်းရန် စစ်ကောင်စီ အပြင်းအထန်ကြိုးစားနေဟု AA ပြော
- ရက် ၅၀ အတွင်း ယူကရိန်းစစ် မရပ်လျှင် ကုန်စည်ခွန် ၁၀၀ ရာခိုင်နှုန်းကောက်မည်ဟု ရုရှားကို သမ္မတထရမ့် ခြိမ်းခြောက်
- အာရက္ခဒေသက တစ်ပတ်အတွင်း ထူးခြားသတင်းများ
- ရေကြည်မြို့နယ်တွင် စစ်ကောင်စီ စစ်ကြောင်းထိုးနေသဖြင့် တိုက်ပွဲများ ပြင်းထန်နေ
- တက္ကနာ-မောင်တော ကုန်သွယ်ရေး ရပ်နေသည့်အတွက် တက္ကနာဆိပ်ကမ်းရှိ သိုလှောင်ကုန်များ ပျက်စီး
အာဆီယံခေါင်းဆောင်များအား ကမ္ဘောဒီးယားဝန်ကြီးချုပ်က အဖိုးတန်နာရီ လက်ဆောင်ပေးမည်
ယခုသီတင်းပတ်တွင် ကျင်းပမည့် အာဆီယံထိပ်သီးအစည်းအဝေးသို့ တက်ရောက်လာသည့် ကမ္ဘာ့ခေါင်းဆောင်များအား ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆန်က ပြည်တွင်းထုတ် တန်ဖိုးကြီးနာရီများ အမှတ်တရလက်ဆောင်ပေးအပ်သွားမည်ဟု ရိုက်တာသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
11 Nov 2022

ဓာတ်ပုံ - ဟွန်ဆန် ဖေ့စ်ဘုတ်စာမျက်နှာ။
DMG ၊ နိုဝင်ဘာ ၁၁
ယခုသီတင်းပတ်တွင် ကျင်းပမည့် အာဆီယံထိပ်သီးအစည်းအဝေးသို့ တက်ရောက်လာသည့် ကမ္ဘာ့ခေါင်းဆောင်များအား ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆန်က ပြည်တွင်းထုတ် တန်ဖိုးကြီးနာရီများ အမှတ်တရလက်ဆောင်ပေးအပ်သွားမည်ဟု ရိုက်တာသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
ကမ္ဘောဒီယားကို အုပ်စိုးလာသည့်သက်တမ်း နှစ်ပေါင်း ၃၇ နှစ်တိုင်တိုင် ရှိခဲ့ပြီဖြစ်သည့် ဟွန်ဆန်သည် လက်ပတ်နာရီများကို သဘောကျတတ်သူဖြစ်သည်။ ပြည်သူအများ ဆင်းရဲမွဲတေနေချိန်၌ ဒေါ်လာသန်းချီ တန်ဖိုးရှိသည့် လက်ပတ်နာရီများ ဝတ်ဆင်လေ့ရှိသည့်အတွက် ဝေဖန်ခံနေရသူလည်းဖြစ်သည်။
လက်ရှိ အာဆီယံဥက္ကဌဖြစ်သူ ဟွန်ဆန်၏ ဖေ့စ်ဘုတ်စာမျက်နှာတွင် လက်ဆောင်ပေးမည့် နာရီဓာတ်ပုံကို အနီးကပ်ဖော်ပြထားသည်ကို တွေ့ရသည်။ ရွှေ နာရီလက်တံ၊ သားရေလက်ပတ်ကြိုးဖြင့် အဆိုပါနာရီ အမျိုးအစားအား ၂၅ လုံးသာ ကန့်သတ်ထုတ်လုပ်မည်ဟု ဆိုသည်။ နာရီပေါ်၌လည်း ‘Asean Cambodia 2022’ နှင့် ‘Made in Cambodia’ စာလုံးများကို ထွင်းထားသည်။ နာရီအတွက် ကုန်ကျစရိတ်ကိုမူ မသိရပေ။
“ဒီနာရီတွေကို ကမ္ဘောဒီးယားလူမျိုး ပညာရှင်တွေချည်းပဲ သီးသန့် ပြင်ဆင်ထုတ်လုပ်ထားတာ ဖြစ်ပါတယ်။ ဒါဟာ ကမ္ဘောဒီးယားနိုင်ငံ ဖွံ့ဖြိုးတိုးတက်မှုရဲ့ သိပ္ပံနဲ့ နည်းပညာ ကဏ္ဍပိုင်းဖြစ်ပါတယ်”ဟု ဟွန်ဆန်က ရေးသားထားသည်။
ယခုသီတင်းပတ် ကြာသပတေးနှင့် သောကြာနေ့တို့တွင် ကျင်းပမည့် အာဆီယံထိပ်သီးအစည်းအဝေးသို့ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်အပါအဝင် ကမ္ဘာ့ခေါင်းဆောင်အချို့ တက်ရောက်မည်ဖြစ်သည်။