- ဝေးလံခေါင်ဖျား မုန်တိုင်းသင့်ဒေသများတွင် ကျန်းမာရေးစောင့်ရှောက်မှု လိုအပ်နေ
- မုန်တိုင်းအလွန် ရခိုင်မြို့နယ်တချို့တွင် သောက်သုံးရေ အခက်ကြုံ
- မြောက်ကိုရီးယား၏ ပထမဆုံး ထောက်လှမ်းရေးဂြိုဟ်တု ဇွန်လတွင် လွှတ်တင်မည်
- မုန်တိုင်းဒဏ်သင့် ရခိုင်ပြည်သူများအတွက် အလှူငွေ ကျပ်သိန်းတစ်သောင်း AA လက်ခံရရှိထား
- ရခိုင်က မုန်တိုင်းဘေးဒဏ်ခံ ကျေးရွာအချို့တွင် တစ်ရွာလုံးအတွက် ဆန်နှစ်အိတ်နှင့် အဝတ်ထည့်ဗူးအချို့သာ အထောက်အပံ့ရရှိ
ကမ္ဘောဒီးယားမှာ ဟိုတယ်လောင်းကစားရုံ မီးလောင်မှုကြောင့် ၁၉ ဦးသေဆုံးပြီး ၆၀ ကျော်ဒဏ်ရာရ
ကမ္ဘောဒီးယားနိုင်ငံ အနောက်မြောက်ပိုင်း Banteay Meanchey ခရိုင်ရှိ လောင်းကစားရုံတစ်ခုတွင် မီးလောင်မှု ဖြစ်ပွားခဲ့သည့်အတွက် သေဆုံးသူအနည်းဆုံး ၁၉ ဦးရှိပြီး ၆၀ ကျော် ဒဏ်ရာရရှိခဲ့ကြောင်း အေပီသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
30 Dec 2022
ဓာတ်ပုံ - AP
DMG | ဒီဇင်ဘာ ၃၀
ကမ္ဘောဒီးယားနိုင်ငံ အနောက်မြောက်ပိုင်း Banteay Meanchey ခရိုင်ရှိ လောင်းကစားရုံတစ်ခုတွင် မီးလောင်မှု ဖြစ်ပွားခဲ့သည့်အတွက် သေဆုံးသူအနည်းဆုံး ၁၉ ဦးရှိပြီး ၆၀ ကျော် ဒဏ်ရာရရှိခဲ့ကြောင်း အေပီသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
Poipet မြို့ရှိ Grand Diamond City ဟိုတယ်နှင့် တွဲဖွင့်ထားသည့် အဆိုပါလောင်းကစားရုံတွင် ဗုဒ္ဓဟူးနေ့ညဉ့်အချိန်တည်းက မီးစတင်လောင်ကျွမ်းခဲ့ခြင်း ဖြစ်ကာ လောင်ကျွမ်းချိန် ၁၂ နာရီခန့်အထိ ကြာမြင့်ခဲ့သည်။
“မီးအားက အရမ်းပြင်းပြီး လောင်းကစားရုံအတွင်းပိုင်းမှာ လောင်နေတာဆိုတော့ ရေပိုက်တွေ အထဲထိရောက်ဖို့က တော်တော်ခက်တယ်” ဟု မီးသတ်ဌာနက အွန်လိုင်းတွင် ဖော်ပြထားသည့် ဗီဒီယိုဖိုင်တစ်ခုက သမားတစ်ဦး ပြောကြားထားသည်ကို တွေ့ရသည်။
မီးလောင်ကျွမ်းမှုသည် နှစ်သစ်ကူးအားလပ်ရက် မီးဆိုင်းများ ဆင်ယင်ထားသည့်နေရာမှ လျှပ်စစ်မီးအား အများအပြားဆွဲရာမှ ဝါယာကြိုးများ အပူလွန်၍ စတင်လောင်ကျွမ်းခဲ့ခြင်း ဖြစ်နိုင်ကြောင်း ကနဦးစစ်ဆေးချက်များအရ သိရသည်။
The Grand Diamond City လောင်းကစားရုံ၌ ဝန်ထမ်းပေါင်း ၅၀၀ ခန့်ရှိကာ ဗုဒ္ဓဟူးနေ့က လာရောက်ကစားနေကြသူပေါင်း ၁၀၀၀ ခန့်ရှိကြောင်း ကမ္ဘောဒီးယား ထိခိုက်ပျက်စီးမှုဆိုင်ရာ စီမံခန့်ခွဲရေး အမျိုးသားဌာနမှ ပြောခွင့်ရပုဂ္ဂိုလ်၏ အစီရင်ခံစာ၌ ဖော်ပြထားသည်။ မီးလောင်ကျွမ်းချိန်၌ ကစားသူအရေအတွက် မည်မျှ ရှိနေသည်ကိုမူ တိတိပပ မသိရပေ။
ထိုင်းနယ်စပ်ဂိတ်နှင့် နီးကပ်စွာရှိနေသည့် အဆိုပါလောင်းကစားရုံတွင် လုပ်ကိုင်နေသူ ဝန်ထမ်းများနှင့် လာရောက်ကစားကြသူ အများစုမှာ ထိုင်းနိုင်ငံမှ ဖြစ်ကြသည်။ ထိုင်းနိုင်ငံ၏ ပြည်သူပိုင်ရုပ်သံက လောင်းကစားရုံဝန်ထမ်းနှင့် ကစားနေကြသူများ အပါအဝင် ထိုင်းနိုင်ငံသားစုစုပေါင်း အယောက် ၅၀ သည် အထဲ၌ ပိတ်မိနေကြကြောင်း ဖော်ပြခဲ့သည်။