- ကျောက်ဖြူတိုက်ပွဲ ပြင်းထန်၊ ကျေးရွာ ၃ ရွာက ဒေသခံများ အရေးပေါ်ပြောင်းရွှေ့နေရ
- ဂါဇာ၌ ထောက်ပံ့ရေးအကူအညီများ ရယူနေစဉ် သုံးလအတွင်း သေဆုံးသူ ၁,၇၆၀ ဦးရှိကြောင်း ကုလပြော
- ထန်းရှောက်ခံရွာတွင် မွတ်ဆလင်များကို AA သတ်ဖြတ်ခဲ့ဟု စစ်ကောင်စီ စွပ်စွဲ
- ရခိုင်နှင့် နယ်စပ်စစ်မျက်နှာသုံးခုတွင် တိုက်ပွဲများ ဆက်ဖြစ်နေကြောင်း AA ပြော
- ထရမ့်-ပူတင် တွေ့ဆုံပွဲ ရလဒ်တစုံတရာ ထွက်ပေါ်ခြင်းမရှိဘဲ ပြီးဆုံး
ကမ္ဘောဒီးယားမှာ ၁၁ အရွယ် မိန်းကလေးတစ်ဦး ကြက်ငှက်တုပ်ကွေးဖြင့် သေဆုံးကြောင်း အစိုးရထုတ်ပြန်
အဆိုပါမိန်းကလေးသည် ဖေဖော်ဝါရီလ ၁၆ ရက်နေ့က အပြင်းဖျားပြီး ခြောင်းဆိုးကာ နေမကောင်းဖြစ်ပြီးနောက်တွင် သူမကိုစစ်ဆေးရာ ကြက်ငှက်တုပ်ကွေး ကူးစက်ခံထားရခြင်း ဖြစ်ကြောင်း စစ်ဆေးတွေ့ရှိခဲ့သည်။
24 Feb 2023
ကမ္ဘောဒီးယားနိုင်ငံ ပရီဗန်းပြည်နယ်တွင် အသက် ၁၁ နှစ်အရွယ် မိန်းကလေးတစ်ဦးသည် ကြက်ငှက်တုပ်ကွေးရောဂါ H5N1 ကူးစက်ခံရပြီး သေဆုံးသွားကြောင်း ကမ္ဘောဒီးယား ကျန်းမာရေးဝန်ကြီးဌာနက ဖေဖော်ဝါရီလ ၂၃ ရက်နေ့တွင် ထုတ်ပြန်လိုက်သည်။
အဆိုပါမိန်းကလေးသည် ဖေဖော်ဝါရီလ ၁၆ ရက်နေ့က အပြင်းဖျားပြီး ခြောင်းဆိုးကာ နေမကောင်းဖြစ်ပြီးနောက်တွင် သူမကိုစစ်ဆေးရာ ကြက်ငှက်တုပ်ကွေး ကူးစက်ခံထားရခြင်း ဖြစ်ကြောင်း စစ်ဆေးတွေ့ရှိခဲ့သည်။
သူမ၏ ကျန်းမာရေးအခြေအနေ ယိုယွင်းလာပြီးနောက်တွင် ဖနွမ်ပင်ရှိ အမျိုးသားကလေးဆေးရုံသို့ ပို့ဆောင်ကုသခဲ့သော်လည်း ဖေဖော်ဝါရီလ ၂၂ ရက်နေ့တွင် သေဆုံးခဲ့သည်။
ယခုသေဆုံးမှုသည် အရှေ့တောင်အာရှနိုင်ငံများတွင် ၂၀၁၄ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် ကျေးငှက်ထံမှ လူသားသို့ ကူးစက်ခံရပြီး သေဆုံးမှုလည်း ဖြစ်သည်။
ပြည်သူများအနေဖြင့် ကြက်ငှက်တိရစ္ဆာန် အသေများ တွေ့ရှိပါက ကိုင်တွယ်ခြင်းမပြုရန်နှင့် ရောဂါကြောင့် သေဆုံးခြင်းဟု ယူဆပါက အရေးပေါ်ဌာနများသို့ ဆက်သွယ်အသိပေးရန် ကမ္ဘောဒီးယား အာဏာပိုင်များက သတိပေးထားသည်။
ပြီးခဲ့သောနှစ် အစောပိုင်းမှစတင်၍ ကမ္ဘာတစ်ဝန်းရှိ မွေးမြူရေးခြံများတွင် ကြက်ငှက်တုပ်ကွေး ကူးစက်မှုများ ပျံ့နှံ့ခဲ့ပြီး ရောဂါကြောင့်အပြင် ရောဂါထိန်းချုပ်ရေးအတွက် သုတ်သင်မှုများကြောင့် ကြက်ငှက်ကောင်ရေ သန်း ၂၀၀ ခန့် သေဆုံးခဲ့ကြောင်း ကမ္ဘာ့တိရစ္ဆာန်ကျန်းမာရေး အဖွဲ့ (WOAH) က ရိုက်တာသတင်းဌာနသို့ ပြောကြားထားသည်။