- ဂွတိုက်ပွဲ နှစ်ရက်ဆက်တိုက် ပြင်းပြင်းထန်ထန်ဖြစ်ပွား
- အလိုရှိနေသော တရုတ်ဟက်ကာကို အမေရိကန်က ဒေါ်လာ ၁၀ သန်း ဆုကြေးထုတ်
- မွတ်ဆလင်လက်နက်ကိုင်များနှင့် တိုက်ပွဲဖြစ်ပွားမှုရှိကြောင်း AA ပြော
- မြန်မာ့စီးပွားရေး ၁ ရာခိုင်နှုန်း ကျဆင်းနိုင်ဟု ကမ္ဘာဘဏ် သတိပေး
- ရခိုင်ပြည်သူတစ်ရပ်လုံး၏ ရည်မှန်းချက် အပြည့်အဝရရှိရန် ဆက်လက်ကြိုးပမ်းနေဟု AA ပြော
အထင်ကရ သတင်းစာတိုက်ကြီးကို ပိတ်သိမ်းရန် ဘင်္ဂလားဒေ့ရှ် ဆန္ဒပြသူများ တောင်းဆို
ဟာဆီနာ ကို ဖြုတ်ချလိုက်ခြင်းသည် မွတ်ဆလင်အများစု နေထိုင်ရာ ဘင်္ဂလားဒေ့ရှ်တွင် အစ္စလာမ္မစ်အုပ်စုများ အရှိန်အဟုန်ပြင်းစွာ ပါဝင်သည့် ဆန္ဒပြမှုများကို အစပျိုးဖြစ်ပေါ်လာစေခဲ့ပြီး ဖိနှိပ်မှုများကို နှစ်ပေါင်းများစွာ ရင်ဆိုင်ခဲ့ရသော အစ္စလာမ္မစ်အုပ်စုများမှာ လမ်းမများပေါ်သို့ထွက်၍ ဆန္ဒပြရန် ရဲရင့်နေကြပြီဖြစ်သည်။
26 Nov 2024
ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ဆန္ဒပြနေသူများသည် တနင်္လာနေ့ (နိုဝင်ဘာ ၂၅ ရက်) ၌ အနည်းငယ်သာ ကျန်တော့သည့် အမှီအခိုကင်းလွတ်သည့် သတင်းစာများအနက် တစ်ခုဖြစ်သော ပရိုသော်မ်အာလို (Prothom Alo) ၏ ရုံးများကို ဝိုင်းရံပိတ်ဆို့၍ မီဒီယာများကို ပိတ်ပစ်ရန် တောင်းဆိုခဲ့ကြောင်း AFP က ဖော်ပြထားသည်။
ရုံးခန်းများရှိရာသို့ လူအုပ်စုကြီးဖြင့် ချီတက်လာသော ဆန္ဒပြသူများကို မျက်ရည်ယိုဗုံးများဖြင့် နောက်ဆုတ်သွားစေခဲ့ပြီးသည့်နောက် တစ်ရက်အကြာတွင် အဆောက်အအုံကို စောင့်ကြပ်နေရသော အစိုးရလုံခြုံရေးတပ်ဖွဲ့ဝင်များက ဒေါသထွက်နေသော လူ ၃၀၀ ဝန်းကျင်ပါရှိသည့် လူအုပ်စုကို ဖြိုခွင်းခဲ့ရပြန်သည်။
ဘင်္ဂါလီဘာသာစကားဖြင့် ရေးသားဖော်ပြသည့် နိုင်ငံ၏အကြီးဆုံး သတင်းစာတိုက်သည် သြဂုတ် ၅ ရက်နေ့က ကျောင်းသားများ ခေါင်းဆောင်သော တော်လှန်ရေးကြောင့် အိမ်နီးချင်း အိန္ဒိယနိုင်ငံသို့ ထွက်ပြေးခဲ့သည့် ဖြုတ်ချခံအာဏာရှင် ရှိတ်ဟာဆီနာ၏ ယခင်အစိုးရ လက်ထက်တွင် သိသာထင်ရှားလှသည့် စိန်ခေါ်မှုများကို ရင်ဆိုင်ခဲ့ရသည့် သတင်းစာဖြစ်သည်။
သို့သော် တနင်္လာနေ့၌ ဆန္ဒပြသူများက သတင်းစာ၏ သတင်းထောက်များသည် ဟာဆီနာကို ထောက်ခံနေသည်ဟု စွပ်စွဲခဲ့သည်။ ပရိုသော်မ်အာလို၏ အမှုဆောင်အယ်ဒီတာ ဆတ်ဂျ်ဂျတ်ဒ်ရှာရစ်ဖ် ကမူ ယင်းစွပ်စွဲမှုများကို ပြင်းပြင်းထန်ထန်ပင် ငြင်းဆိုသွားခဲ့သည်။
"ကျွန်တော်တို့ဟာ ကိုယ့်အလုပ်ကို အမြင့်ဆုံး ပရော်ဖက်ရှင်နယ်စံနှုန်းတွေနဲ့အညီ တစိုက်မတ်မတ် လက်ကိုင်ထားပြီး လုပ်ခဲ့တာပါ။ ဒီအတိုင်းပဲ ဆက်လက်လုပ်ဆောင်သွားမှာ ဖြစ်ပါတယ်" ဟု နောက်ပြန် ဆယ်စုနှစ်များအတွင်း စော်ကားမှုများကို အံတုရင်ဆိုင်ခဲ့သည့် သမိုင်းများကို ပြန်လည်အမှတ်ရစေမှု နှင့်အတူ ၎င်းက AFP ကို ပြောကြားခဲ့သည်။
ဟာဆီနာ ကို ဖြုတ်ချလိုက်ခြင်းသည် မွတ်ဆလင်အများစု နေထိုင်ရာ ဘင်္ဂလားဒေ့ရှ်တွင် အစ္စလာမ္မစ်အုပ်စုများ အရှိန်အဟုန်ပြင်းစွာ ပါဝင်သည့် ဆန္ဒပြမှုများကို အစပျိုးဖြစ်ပေါ်လာစေခဲ့ပြီး ဖိနှိပ်မှုများကို နှစ်ပေါင်းများစွာ ရင်ဆိုင်ခဲ့ရသော အစ္စလာမ္မစ်အုပ်စုများမှာ လမ်းမများပေါ်သို့ထွက်၍ ဆန္ဒပြရန် ရဲရင့်နေကြပြီဖြစ်သည်။
ဆန္ဒပြသူများသည် "အစ္စလာမ်ဆန့်ကျင်ရေး" နှင့် "အိန္ဒိယလိုလားထောက်ခံသည့် ဘက်လိုက်သူများ"ဟု ကြွေးကြော်သံများ သံပြိုင်ဟစ်အော်ကာ သတင်းစာတိုက်ကို ပိတ်ရန် တောင်းဆိုခဲ့ကြခြင်း ဖြစ်သည်။