- စစ်တွေသို့ ကုန်ပစ္စည်းတင်ပို့မှု စစ်ကောင်စီ ပိတ်ပင်
- ထိုင်းအစိုးရက မြန်မာဒုက္ခသည်များ၏ ကျန်းမာရေးအတွက် ဘတ်သန်း ၁၆၀ သုံးရန် လျာထား
- စစ်တွေတွင် မွတ်ဆလင်ကျေးရွာ တစ်ရွာမှ လူ ၃၀ ဦးစီ တပ်သားသစ်စုဆောင်းခံထားရဟု ကုလ ပြော
- ရခိုင်တောင်ပိုင်းက စစ်ဘေးရှောင်များကို ကူညီပေးရန် အလေးထားလုပ်နေကြောင်း ULA/AA ပြော
- ဧရာဝတီက စစ်ဘေးရှောင်များကို နေရပ်ပြန်ရန် စစ်ကောင်စီ ဖိအားပေးနေ
ကိုပင်ဟေဂင်က ဈေးဝယ်စင်တာမှာ ပစ်ခတ်မှုဖြစ်ပြီး သုံးဦးသေ၊ အများအပြား ဒဏ်ရာရ
ဒိန်းမတ်နိုင်ငံ ကိုပင်ဟေဂင်မြို့ရှိ ဈေးဝယ်စင်တာတစ်ခုတွင် ဇူလိုင်လ ၃ ရက်နေ့က ပစ်ခတ်မှုတစ်ခုဖြစ်ပွားခဲ့ပြီး သုံးဦးသေဆုံးကာ အများအပြား ဒဏ်ရာရရှိခဲ့ကြောင်း ရိုက်တာသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
04 Jul 2022

DMG | ဇူလိုင် ၄
ဒိန်းမတ်နိုင်ငံ ကိုပင်ဟေဂင်မြို့ရှိ ဈေးဝယ်စင်တာတစ်ခုတွင် ဇူလိုင်လ ၃ ရက်နေ့က ပစ်ခတ်မှုတစ်ခုဖြစ်ပွားခဲ့ပြီး သုံးဦးသေဆုံးကာ အများအပြား ဒဏ်ရာရရှိခဲ့ကြောင်း ရိုက်တာသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
ပစ်ခတ်မှုကျူးလွန်သည်ဟု ယူဆရသူသည် အသက် ၂၂ နှစ်အရွယ် ဒိန်းမတ်နိုင်ငံသားဖြစ်သည်။ ၎င်းကို ရိုင်ဖယ်သေနတ်တစ်လက်နှင့် ကျည်များနှင့်အတူ ညပိုင်းတွင် ဖမ်းမိခဲ့သည်။ ရဲတပ်ဖွဲ့ဝင်များသည် ကျူးလွန်သူနှင့် ဆက်စပ်နေသူများ ရှိမရှိကို ဇီလန်ဒေသတစ်ဝိုက်တွင် ပိုက်စိတိုက်ရှာဖွေခဲ့ကြကြောင်း ရိုက်တာသတင်းတွင် ဖော်ပြသည်။
“ဒိန်းမတ်မှာ တနင်္ဂနွေနေ့ညက ကြမ်းကြုတ်တဲ့တိုက်ခိုက်မှုတစ်ခု ဖြစ်ပွားခဲ့ပါတယ်။ အများအပြားသေဆုံးပြီး ဒဏ်ရာရသူလည်း ဒီထက်ပိုများပါတယ်။ အပြစ်မဲ့မိသားစုတွေ ဈေးဝယ်ထွက်နေချိန်မှာ ဖြစ်ပွားခဲ့တာပါ” ဟု ဒိန်းမတ်ဝန်ကြီးချုပ် မက်တီဖရက်ဒရစ်ဆင်က တနင်္ဂနွေနေ့ နှောင်းပိုင်းတွင် ထုတ်ပြန်သည့် ကြေညာချက်တစ်စောင်၌ ထည့်သွင်းပြောကြားထားသည်။
“လှပပြီး ပုံမှန်အားဖြင့် လုံခြုံမှုရှိတဲ့မြို့တော်ဟာ စက္ကန့်ပိုင်းမှာပဲ ပြောင်းလဲသွားရပါပြီ။ ..အခုလို ခက်ခဲတဲ့အချိန်မျိုးမှာ ဒိန်းမတ်နိုင်ငံသားတွေ လက်တွဲရပ်တည်ဖို့နဲ့ အချင်းချင်းဖေးမကြဖို့ ပြောကြားလိုပါတယ်” ဟုလည်း သူမကပြောသည်။
ကိုပင်ဟေဂင်မြို့လယ်နှင့် ၅ ကီလိုမီတာခန့်အကွာရှိ ဈေးဝယ်စင်တာတွင် ယခုကဲ့သို့ ပစ်ခတ်မှု ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
“ကျူးလွန်သူဟာ တစ်ယောက်တည်းဖြစ်တယ်ဆိုတာ သေသေချာချာသိရတဲ့အထိ ကျွန်တော်တို့ ကျယ်ကျယ်ပြန့်ပြန့် စုံစမ်းစစ်ဆေးပြီး လုံခြုံရေးတွေလည်း ကိုပင်ဟေဂင်မှာ အပြည့်ထားရှိသွားမှာပါ” ဟု ရဲချုပ် ဆိုရန်သော်မဆင်က ပြောသည်။
သေဆုံးသူများမှာ အသက် ၄၀ ကျော်အရွယ်တစ်ဦးနှင့် လူငယ်နှစ်ဦးဖြစ်ပြီး ဒဏ်ရာရသူများအနက် အသက်အန္တရာယ် စိုးရိမ်ရသူ လေးဦးရှိကြောင်း သူကပြောသည်။
ပြီးခဲ့သည့်သီတင်းပတ်ကလည်း အိမ်နီးချင်း နော်ဝေနိုင်ငံ အော်စလိုမြို့တွင် ပစ်ခတ်မှုဖြစ်ပွားပြီး နှစ်ဦးသေဆုံးခဲ့သည်။