- ဖားကန့် တိုက်ပွဲ အရပ်သား သေဆုံး၊ ဖမ်းဆီးခံရမှု မြင့်တက်လာ
- ဘူဂေးရီးယား၌ အီးယူအကြီးအကဲ၏ လေယာဉ်ကို GPS နှောင့်ယှက်တိုက်ခိုက်မှု ရုရှားလုပ်ရပ်ဟု ယူဆရ
- ထောင်က လွတ်ပြီးနောက် ပြန်ဖမ်းခံရသည့် ကျောက်ဖြူဒေသခံတစ်ဦး ထောင်ဒဏ် ၁၀ နှစ် ထပ်မံ ချမှတ်ခံရ
- ထိုင်းကုန်စည်လမ်းကြောင်းကို ရနောင်းနှင့် မယ်ဆိုင်ဘက်သို့ပြောင်းရန် မြန်မာ အကြံပြု
- တော်လှန်ရေးတပ် ထိန်းချုပ်နယ်မြေများတွင် ရွေးကောက်ပွဲ ဆန့်ကျင်မှု အရှိန်မြင့်လာ
ထိုင်းကုန်စည်လမ်းကြောင်းကို ရနောင်းနှင့် မယ်ဆိုင်ဘက်သို့ပြောင်းရန် မြန်မာ အကြံပြု
တာ့ခ်ခရိုင် မဲဆောက်ဂိတ်တွင် စစ်ဆေးမှုများ တင်းကျပ်ထားသည့်အတွက် ထိုင်းဘက်မှ ကုန်စည်များကို ရနောင်းဆိပ်ကမ်းနှင့် မယ်ဆိုင်ဂိတ်တို့မှ ပြောင်းလဲတင်ပို့ရန် မြန်မာဘက်က အကြံပြုထားကြောင်း ဘန်ကောက်ပို့စ် သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
02 Sep 2025

တာ့ခ်ခရိုင် မဲဆောက်ဂိတ်တွင် စစ်ဆေးမှုများ တင်းကျပ်ထားသည့်အတွက် ထိုင်းဘက်မှ ကုန်စည်များကို ရနောင်းဆိပ်ကမ်းနှင့် မယ်ဆိုင်ဂိတ်တို့မှ ပြောင်းလဲတင်ပို့ရန် မြန်မာဘက်က အကြံပြုထားကြောင်း ဘန်ကောက်ပို့စ် သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
မြန်မာသည် မြဝတီ-မဲဆောက် နယ်စပ်ဂိတ်နှင့် ထိုင်း-မြန်မာ ချစ်ကြည်ရေး တံတား အမှတ် (၂) တို့ကို သြဂုတ်လ ၁၈ ရက်နေ့တည်းက ပိတ်ထားသည့်အတွက် ထိုင်းကုန်စည်များ မြန်မာဘက်သို့ တင်ပို့မှုမှာ ထိခိုက်လျက်ရှိသည်။
ထိုင်းနိုင်ငံ ကုန်သွယ်ရေး ဝန်ကြီးဌာနမှ ကိုယ်စားလှယ်များသည် ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးဇော်ဇော်မိုးနှင့် စက်တင်ဘာလ ၁ ရက်နေ့တွင် တွေ့ဆုံပြီး မြန်မာ့သွင်းကုန်လိုင်စင်နှင့် ဆက်စပ်ကိစ္စရပ်များကို ဖြေလျှော့ပေးရေးအတွက် ဆွေးနွေးခဲ့ကြသည်ဟု နိုင်ငံခြားကုန်သွယ်ရေးဌာန ညွှန်ကြားရေးမှူး အာရာဒါဖွန်ထောင်က ပြောကြားသည်။
တွေ့ဆုံမှုအတွင်း ထိုင်း-မြန်မာ ချစ်ကြည်ရေးတံတားအမှတ် (၂) မှ ကုန်သည်တင်ပို့မည့် ကုန်သည်များအနေဖြင့် ရနောင်းဆိပ်ကမ်းမှ တစ်ဆင့် မြန်မာဘက်ခြမ်း ကော့သောင်းဆိပ်ကမ်းသို့ ရေလမ်းကြောင်းမှ တင်ပို့ရန်၊ သို့မဟုတ် မယ်ဆိုင်-တာချီလိတ် နယ်စပ်ဂိတ်မှ တင်ပို့ကြရန် မြန်မာအာဏာပိုင်များက အကြံပြုခဲ့သည်ဟု အာရာဒါဖွန်ထောင်က ပြောသည်။
ထိုင်းဘက်ကလည်း ကုန်စည်တင်ပို့မှု စည်းကမ်းများကို ပြန်လည်သုံးသပ်ရန်၊ မြန်မာအစိုးရနှင့် ထပ်မံဆွေးနွေးရန် အဆိုပြုခဲ့ပြီး မြန်မာကိုယ်စားလှယ်များက လက်ခံခဲ့သည်ဟု ဘန်ကောက်ပို့စ်သတင်းတွင် ဖော်ပြထားသည်။
၂၀၂၅ ခုနှစ် ပထမ ခြောက်လအတွင်း ထိုင်းကုန်စည်များ မြန်မာဘက်သို့ တင်ပို့မှုသည် ၁၆ ရာခိုင်နှုန်းခန့်အထိ ကျဆင်းခဲ့ပြီး မြန်မာဘက်မှ ထိုင်းသို့ တင်သွင်းမှုသည်လည်း ၃၅ ရာခိုင်နှုန်းခန့်အထိ ကျဆင်းသွားခဲ့သည်။
ထိုင်း-မြန်မာ နယ်စပ်ဂိတ်များအနက် မဲဆောက်ဂိတ်မှ ကုန်စည်ဖြတ်သန်းမှုသည် ထိုင်းဘတ် ၄၅.၅ ဘီလျံဖိုးခန့်သာ ရှိပြီး ဆန်ခလဘူရီဂိတ်မှ ကုန်စည်ဖြတ်သန်းမှု တန်ဖိုးမှာလည်း ထိုင်းဘတ် ၃၂ ဘီလျံဖိုးသာ ရှိခဲ့သည်။