- ရခိုင်သို့ ဓာတ်မြေသြဇာ သယ်ယူသူ ၁၁ ဦးကို ဘင်္ဂလားဒေ့ရှ် ဖမ်းဆီး
- ဆက်သွယ်ရေးအခက်အခဲကြောင့် ရမ်းဗြဲကျွန်းက ဒေသခံများ လူမှုစီးပွား ပိုကျပ်တည်းနေ
- မောင်တောတိုက်ပွဲတွင် ဘင်္ဂလားဒေ့ရှ်သို့ ထွက်ပြေးသွားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၉၀၀ ကျော်ကို ပြန်လွှဲပြောင်းထား
- ကုလစာနာမှုစင်္ကြံ အစီအစဉ်တွင် ပါဝင်ပတ်သက်ခြင်း မရှိဟု တရုတ်ပြော
- ရခိုင်က မိုင်းထိလူနာများ ဆေးကုသရန်နှင့် မိသားစုစားဝတ်နေရေး အကူညီလိုအပ်နေ
ကိုရိုနာ မျိုးဗီဇပြောင်းလဲခြင်းကို ရပ်တန့်နိုင်ရေး ဒိန်းမတ်ရှိ မြွေပါအားလုံးကို သုတ်သင်မည်
ကမ္ဘာ့အကြီးဆုံး မြွေပါသားမွှေးထုတ်နိုင်ငံဖြစ်သည့် ဒိန်းမတ်သည် နိုဗယ်ကိုရိုနာဗိုင်းရပ်စ်၏ မျိုးဗီဇအသွင်ပြောင်းမှုကို ထိန်းချုပ်ရန် နိုင်ငံတွင်းရှိမြွေပါအားလုံးကို သုတ်သင်ရန်စီစဉ်လျက်ရှိသည်။
06 Nov 2020

ကမ္ဘာ့အကြီးဆုံး မြွေပါသားမွှေးထုတ်နိုင်ငံဖြစ်သည့် ဒိန်းမတ်သည် နိုဗယ်ကိုရိုနာဗိုင်းရပ်စ်၏ မျိုးဗီဇအသွင်ပြောင်းမှုကို ထိန်းချုပ်ရန် နိုင်ငံတွင်းရှိမြွေပါအားလုံးကို သုတ်သင်ရန်စီစဉ်လျက်ရှိသည်။
ယခုဆုံးဖြတ်ချက်ကို စိတ်လေးလံစွာဖြင့် ဆုံးဖြတ်ခဲ့ရခြင်းဖြစ်ကြောင်းနှင့် ကျန်းမာရေးတာဝန်ရှိသူများ၏ အကြံပြုချက်များအရ လိုအပ်၍ ဆောင်ရွက်ရခြင်းဖြစ်ကြောင်း ဒိန်းမတ်ဝန်ကြီးချုပ် မက်ဖရက်ဒရစ်ဆင်က ဗုဒ္ဓဟူးနေ့တွင် ပြောကြားခဲ့သည်။
“ဗိုင်းရပ်စ်ဟာ မြွေပါဆီမှာ မျိုးဗီဇပြောင်းလဲသွားတယ်။ ဗီဇပြောင်းလဲသွားတဲ့ ဗိုင်းရပ်စ်ဟာ လူဆီကို ပြန့်ပွား သွားတယ်” ဟု ဖရက်ဒရစ်ဆင်က ပြောခဲ့သည်။
ဒိန်းမတ်တစ်နိုင်ငံလုံးတွင် မြွေပါကောင်ရေစုစုပေါင်း ၁၅ သန်းမှ ၁၇ သန်းကြားရှိကြောင်း တာဝန်ရှိသူများ၏ စာရင်းအရ သိရှိရသည်။
ကူးစက်ရောဂါများဆိုင်ရာ ကိုပင်ဟေဂင်အခြေစိုက် ဒိန်းမတ်အာဏာပိုင်အဖွဲ့ဖြစ်သည့် စတက်တန် ဆီရမ် အင်စတီကျုသည် မြွေပါမွေးမြူရေးခြံများတွင် ဗိုင်းရပ်စ်ကူးစက်မှုငါးခုတွေ့ခဲ့ရပြီး လူများတွင် ပဋိဇီဝခုခံနိုင်စွမ်းကို လျော့ကျစေမည့် နမူနာစမ်းသပ်မှု ၁၂ခု တွေ့ရှိရကြောင်း ဝန်ကြီးချုပ်က ဆိုသည်။ ဗိုင်းရပ်စ်ကို အချိန်မီမထိန်းချုပ်ဘဲ ပြန့်ပွားစေခြင်းသည် ကာကွယ်ဆေးများ၏ထိရောက်မှုကို ကန့်သတ်နိုင်မည့်အခြေအနေတွင် ရှိနေသည်။
“နိုင်ငံ့လူဦးရေအတွက် ကျွန်မတို့မှာ တာဝန်အပြည့်ရှိတယ်။ ဒါပေမဲ့ ဗိုင်းရပ်စ်ရဲ့မျိုးဗီဇပြောင်းလဲလာမှု ကိုတွေ့ရှိပြီးတဲ့အခါ ဆက်မပြန့်ပွားစေဖို့ တစ်ကမ္ဘာလုံးအတွက်ပါ ကျွန်မတို့ရဲ့တာဝန်ပိုရှိလာပါပြီ” ဟု ဝန်ကြီးချုပ်က ဆိုသည်။
ကိုဗစ်ကူးစက်မှုကို ထိန်းချုပ်ရန် မြွေပါများအား ဇွန်လတည်းက သုတ်သင်ရှင်းလင်းလျက် ရှိသော်လည်း အမြစ်မပြတ်နိုင်ဘဲ လက်ရှိအချိန်ထိ ဆက်လက်ကူးစက်နေခြင်း ဖြစ်သည်။
ကမ္ဘာတစ်ဝန်းတွင် နိုဝင်ဘာလ ၆ ရက် နံနက်ပိုင်းအထိ အတည်ပြုထားသော ကိုဗစ်ကူးစက်မှု စုစုပေါင်း ၄၈ သန်းကျော်ရှိ သွားပြီဖြစ်ကြောင်း ဂျွန်ဟော့ကင်းတက္ကသိုလ်က ထုတ်ပြန်သော အချက်အလက်များအရ သိရသည်။ သေဆုံးသူ စုစုပေါင်းမှာ ၁.၂ သန်းကျော်သွားပြီဖြစ်သည်။