- စစ်တွေသို့ ကုန်ပစ္စည်းတင်ပို့မှု စစ်ကောင်စီ ပိတ်ပင်
- ထိုင်းအစိုးရက မြန်မာဒုက္ခသည်များ၏ ကျန်းမာရေးအတွက် ဘတ်သန်း ၁၆၀ သုံးရန် လျာထား
- စစ်တွေတွင် မွတ်ဆလင်ကျေးရွာ တစ်ရွာမှ လူ ၃၀ ဦးစီ တပ်သားသစ်စုဆောင်းခံထားရဟု ကုလ ပြော
- ရခိုင်တောင်ပိုင်းက စစ်ဘေးရှောင်များကို ကူညီပေးရန် အလေးထားလုပ်နေကြောင်း ULA/AA ပြော
- ဧရာဝတီက စစ်ဘေးရှောင်များကို နေရပ်ပြန်ရန် စစ်ကောင်စီ ဖိအားပေးနေ
စစ်တွေတွင် မွတ်ဆလင်ကျေးရွာ တစ်ရွာမှ လူ ၃၀ ဦးစီ တပ်သားသစ်စုဆောင်းခံထားရဟု ကုလ ပြော
ရခိုင်ပြည်၊ စစ်တွေမြို့နယ်ရှိ မွတ်ဆလင်ကျေးရွာများမှ တစ်ရွာလျှင် လူ ၃၀ ဦးစီ စစ်ကောင်စီထံ အတင်းအဓမ္မ တပ်သားသစ် စုဆောင်းခံထားရကြောင်း ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီ၏ အစီရင်ခံစာက ဖော်ပြသည်။
04 Sep 2025

DMG ၊ စက်တင်ဘာ ၄
ရခိုင်ပြည်၊ စစ်တွေမြို့နယ်ရှိ မွတ်ဆလင်ကျေးရွာများမှ တစ်ရွာလျှင် လူ ၃၀ ဦးစီ စစ်ကောင်စီထံ အတင်းအဓမ္မ တပ်သားသစ် စုဆောင်းခံထားရကြောင်း ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီ၏ အစီရင်ခံစာက ဖော်ပြသည်။
စစ်ကောင်စီက AA ထိုးစစ်ကို ခုခံရန်အတွက် မွတ်ဆလင်များကို အတင်းအဓမ္မ တပ်သား သစ်စုဆောင်းနေပြီး ငြင်းဆိုသူများကိုလည်း ရိုက်နှက်ခြင်း၊ ကျေးရွာမှ အတင်းအဓမ္မနှင်ထုတ်ခြင်းများကိုပါ လုပ်နေကြောင်း ကုလ၏ ဩဂုတ် ၂၉ ရက်ထုတ် အစီရင်ခံစာက ဆိုထားသည်။
ရခိုင်အပါအဝင် နိုင်ငံတဝန်း စစ်ရေးရှုံးနိမ့်နေသော စစ်ကောင်စီသည် တပ်သားများကို မရမက စုဆောင်းနေပြီး တပ်အင်အားဖြည့်တင်းကာ တန်ပြန်ထိုးစစ်များ ဖော်ဆောင်နေသည်။
"စစ်ကောင်စီကတော့ သူတို့ထိန်းချုပ်ဒေသက အရပ်သားတွေကို တပ်သားသစ် စုဆောင်းတာတွေကို အပတ်စဉ် ကြီးလာလေလေ သူတို့ အတင်းအဓမ္မ စုဆောင်းရသူတွေ ပိုများလာမှာပါပဲ။ ရခိုင်မှာဆို မွတ်ဆလင်တွေကို အတင်းအဓမ္မ စုဆောင်းပြီး စစ်တိုက်ခိုင်းတာ အပြင် လူမျိုးရေးပဋိပက္ခအတွက်ပါ အသုံးချလာနိုင်ပါတယ်" ဟု ထိုင်းနိုင်ငံအတွင်း လူ့အခွင့်အရေး ဘာသာရပ်လေ့လာနေသူတစ်ဦးက ပြောသည်။
စစ်ကောင်စီသည် လက်လွှတ်ထားရသည့် နယ်မြေများကို ပြန်လည်ထိန်းချုပ်နိုင်ရေး ကြိုးပမ်းနေပြီး ထိုလုပ်ဆောင်နိုင်ရန် တပ်သားသစ်ရရှိရေးမှာ အဓိက ဖြစ်သဖြင့် စစ်ကောင်စီ ထိန်းချုပ်ဒေသများ၌ လူ့အခွင့်အရေးချိုးဖောက်မှု ပိုများလာနိုင်ကြောင်လည်း လေ့လာသူများက ရှုမြင်ကြသည်။
စစ်ကောင်စီက စစ်မှုထမ်းဥပဒေကို အသက်သွင်းပြီးနောက် ပြည်သူများအား အတင်းအဓမ္မ ဖမ်းဆီးခေါ်ဆောင်ကာ စစ်မှုထမ်းသင်တန်းပေးနေသည်မှာ လက်ရှိတွင် အပတ်စဉ် (၁၆) အထိ ရှိလာပြီဖြစ်သည်။
ရခိုင်ပြည်အတွင်းက မွတ်ဆလင်းများမှာ စစ်ကောင်စီ၏ တပ်သားသစ်စုဆောင်းနေမှုအပြင် ရခိုင်သို့ စားနပ်ရိက္ခာနှင့် အခြားပစ္စည်းများ ပိတ်ဆို့ထားမှုတို့ကြောင့် ငတ်မွတ်မှုဒဏ်ကိုခံနေရသည်ဟု ကုလ အစီရင်ခံစာက ဖော်ပြသည်။
"စစ်ကောင်စီ ပိတ်ဆို့ထားတာ တစ်နှစ်ကျော်လောက် ရှိသွားပြီဆိုတော့ မွတ်ဆင်တွေရော ရခိုင်တွေရော တခြား လူမျိုးစုတွေရော တော်တော်ဒုက္ခရောက်နေကြပါတယ်။ ကုန်ဈေးနှုန်းတွေက ဆယ်ဆ လောက်တက်နေတော့ ငတ်တဲ့သူတွေလည်း တိုးလာနေပါတယ်" ဟု ရခိုင်ပြည်အတွင်း လူမှုကူညီရေး လုပ်ဆောင်နေသူတစ်ဦးက ပြောသည်။
AA ၏ မြို့သိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီက ရှေးတန်းစစ်မျက်နှာတွင် တပ်သားများအပါအဝင် စစ်သင်တန်းဆင်းမွတ်ဆလင်အများအပြား ပိုဆောင်ထားပြီး AA ထိုးစစ်များကိုခုခံရန် အသုံးချနေသည်။
ဘူးသီးတောင်၊ မောင်တောမြို့သိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီ၏ စစ်သင်တန်းဆင်းမွတ်ဆလင် အများအပြားသေဆုံးမှု၊ လက်နက်ရာ၌လည်း စစ်သင်တန်းဆင်းမွတ်ဆလင်များပါဝင်သည်ကို AA ထုတ်ပြန်ခဲ့သည့် ရုပ်သံမှတ်တမ်းများတွင် တွေ့ရသည်။