- စစ်တွေသို့ ကုန်ပစ္စည်းတင်ပို့မှု စစ်ကောင်စီ ပိတ်ပင်
- ထိုင်းအစိုးရက မြန်မာဒုက္ခသည်များ၏ ကျန်းမာရေးအတွက် ဘတ်သန်း ၁၆၀ သုံးရန် လျာထား
- စစ်တွေတွင် မွတ်ဆလင်ကျေးရွာ တစ်ရွာမှ လူ ၃၀ ဦးစီ တပ်သားသစ်စုဆောင်းခံထားရဟု ကုလ ပြော
- ရခိုင်တောင်ပိုင်းက စစ်ဘေးရှောင်များကို ကူညီပေးရန် အလေးထားလုပ်နေကြောင်း ULA/AA ပြော
- ဧရာဝတီက စစ်ဘေးရှောင်များကို နေရပ်ပြန်ရန် စစ်ကောင်စီ ဖိအားပေးနေ
ထိုင်းအစိုးရက မြန်မာဒုက္ခသည်များ၏ ကျန်းမာရေးအတွက် ဘတ်သန်း ၁၆၀ သုံးရန် လျာထား
ထိုင်း-မြန်မာ နယ်စပ်တလျှောက်ရှိ ဒုက္ခသည်စခန်း ခုနစ်ခုကို ကျန်းမာရေး စောင့်ရှောက်မှုများ ပိုမိုပေးအပ်နိုင်ရေးအတွက် ထိုင်းနိုင်ငံ ကျန်းမာရေးဝန်ကြီးဌာနက ဘတ်သန်း ၁၆၀ အသုံးပြုရန် လျာထားကြောင်း ဘန်ကောက်ပို့စ် သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
04 Sep 2025

ထိုင်း-မြန်မာ နယ်စပ်တလျှောက်ရှိ ဒုက္ခသည်စခန်း ခုနစ်ခုကို ကျန်းမာရေး စောင့်ရှောက်မှုများ ပိုမိုပေးအပ်နိုင်ရေးအတွက် ထိုင်းနိုင်ငံ ကျန်းမာရေးဝန်ကြီးဌာနက ဘတ်သန်း ၁၆၀ အသုံးပြုရန် လျာထားကြောင်း ဘန်ကောက်ပို့စ် သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
အဆိုပါစခန်းများတွင် မြန်မာဒုက္ခသည် ခုနစ်သိန်းကျော်ရှိပြီး ၎င်းတို့အတွက် ကျန်းမာရေးဝန်ကြီးဌာန၏ ဘဏ္ဍာရေးအသုံးစာရင်းတွင် ယခုကဲ့သို့ ထည့်သွင်းဖော်ပြထားခြင်း ဖြစ်သည်။
စခန်းများတွင် ဘဏ္ဍာငွေ မလုံလောက်မှုကြောင့် အခြေခံ ကျန်းမာရေး စောင့်ရှောက်မှုများ မဆောင်ရွက်နိုင်တော့ပါက ကူးစက်ရောဂါအမျိုးမျိုး ဖြစ်ပွားလာနိုင်ခြေ ရှိသဖြင့် ယခုကဲ့သို့ ဘတ်သန်း ၁၆၀ လျာထားခြင်း ဖြစ်ကာ ထိုအတွက် အစိုးရအဖွဲ့ထံမှ အတည်ပြုချက် ရယူနိုင်ရေး ကြိုးပမ်းနေသည်ဟု ထိုင်းကျန်းမာရေး ဝန်ကြီး ဆုံဆက်သက်ဆုတင်က ပြောကြားသည်။
အဆိုပါစခန်းများသည် ကျန်းမာရေး စောင့်ရှောက်မှုအတွက် နိုင်ငံတကာ အကူအညီများကို တောက်လျှောက် မှီခိုနေခဲ့ရာမှ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က စာနာမှုအကူအညီများ ရပ်ဆိုင်းကြောင်း ကြေညာချိန်မှစ၍ အခက်အခဲများ ကြုံနေရသည်။
တချိန်တည်း၌ အဆိုပါဒုက္ခသည်များကို လက်ခံထားသည့် ထိုင်းနိုင်ငံသည်လည်း မြန်မာပြည်တွင်းစစ်ကြောင့် ထွက်ပြေးလာသည့် ဒုက္ခသည်များကို နေရာချထားရေးသာမက ဒုက္ခသည်များ၏ ကျန်းမာရေး၊ စခန်းများအတွင်း ကူးစက်ရောဂါ ပျံ့နှံ့မှုများကို တားဆီးကာကွယ်ရေးတို့အတွက်ပါ စိန်ခေါ်မှုများ ရင်ဆိုင်နေရခြင်း ဖြစ်သည်။
ဒုက္ခသည်စခန်းများ၌ မြန်မာဆေးဝန်ထမ်း ၂၉၆ ယောက် ခန့်ထားရန်လည်း အစီအစဉ်ရှိသည်ဟု ထိုင်းကျန်းမာရေး ဝန်ကြီးဌာနက ပြောကြားကြောင်း ဘန်ကောက်ပို့စ်သတင်းတွင် ဖော်ပြထားသည်။