- အဖြေမထွက်နိုင်သည့် အမေရိကန်-တရုတ် မြေရှားသတ္တု ပဟေဠိ
- အမ်းက စစ်ရှောင်နှစ်ထောင်ကျော်မှာ စားဝတ်နေရေးနှင့် ကျန်းမာရေး အကူအညီများ အရေးပေါ်လိုအပ်နေ
- ဘင်္ဂလားဒေ့ရှ် အလုပ်သမားများ ပါဝင်ပတ်သက်နေသည့် အိုင်အက်စ်အစွန်းရောက်အဖွဲ့ ကွန်ရက် မလေးရှား ဖြိုခွင်း
- ထိုင်း-မြန်မာ ပူးပေါင်းဆောင်ရွက်မှု အရှိန်မြှင့်ရန် နှစ်ဘက်သဘောတူ
- မိုးတွင်းကာလ မိုင်းနှင့် စစ်ကျန်လက်နက်များ နေရာရွှေ့တတ်သဖြင့် အသွားအလာ သတိထားရန်လို
ကိုဗစ်ရောဂါကို အဆိုးဆုံး ရင်ဆိုင်နေရသော်လည်း ဖိလစ်ပိုင်သမ္မတအပေါ် လူထုယုံကြည်မှု မြင့်တက်
ဖိလစ်ပိုင်သည် အရှေ့တောင်အာရှဒေသတွင်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုဒဏ်ကို အဆိုးဝါးဆုံး ရင်ဆိုင်နေရသောနိုင်ငံ ဖြစ်နေသော်လည်း ဖိလစ်ပိုင်သမ္မတ ရိုဒရီဂိုဒူတာတေအား လူအများစု၏ ထောက်ခံယုံကြည်မှုနှုန်း မြင့်တက်နေဆဲဖြစ်ကြောင်း Pulse Asia သုတေသနအဖွဲ့၏ စစ်တမ်းတစ်ရပ်အရ သိရသည်။
06 Oct 2020

ဖိလစ်ပိုင်သည် အရှေ့တောင်အာရှဒေသတွင်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုဒဏ်ကို အဆိုးဝါးဆုံး ရင်ဆိုင်နေရသောနိုင်ငံ ဖြစ်နေသော်လည်း ဖိလစ်ပိုင်သမ္မတ ရိုဒရီဂိုဒူတာတေအား လူအများစု၏ ထောက်ခံယုံကြည်မှုနှုန်း မြင့်တက်နေဆဲဖြစ်ကြောင်း Pulse Asia သုတေသနအဖွဲ့၏ စစ်တမ်းတစ်ရပ်အရ သိရသည်။
ယမန်နှစ် ဒီဇင်ဘာတွင် သမ္မတဒူတာတေအား လူထုထောက်ခံမှုနှုန်း ၈၇ ရာခိုင်နှုန်းရှိခဲ့ရာမှ ယခုနှစ်တွင် ၉၁ ရာခိုင်နှုန်းအထိ မြင့်တက်ခဲ့ကြောင်း ယခုစစ်တမ်းအရ သိရသည်။ ဤစစ်တမ်းကို စက်တင်ဘာလ ၁၄ ရက်မှ ၂၀ ရက်အထိ ပြုလုပ်ခဲ့ကာ နိုင်ငံတစ်ဝန်း နေရာအနှံ့အပြားရှိ ပြည်သူ ၁၂၀၀ ထံမှ ကောက်ယူခဲ့ခြင်းဖြစ်သည်။
၂၀၂၀ ပထမနှစ်ဝက်အတွင်း ကိုဗစ် လော့ဒေါင်းစည်းကမ်းများကြောင့် စစ်တမ်းမဆောင်ရွက်ခဲ့ရသဖြင့် အဆိုပါလာအတွင်း ထောက်ခံမှုအနေအထားကိုမူ မသိရပေ။
ဖိလစ်ပိုင်သည် အရှေ့တောင်အာရှတွင် ကိုဗစ်ကူးစက်မှု အမြင့်ဆုံးနိုင်ငံ ဖြစ်ပြီး အောက်တိုဘာလ ၅ ရက်နေ့အထိ ကူးစက်မှုစုစုပေါင်း ၃၂၄,၀၀၀ ဝန်းကျင်ရှိကာ သေဆုံးသူစုစုပေါင်း ၅၈၄၀ ဦးရှိသည်။
နိုင်ငံ၏စီးပွားရေးသည် ဒုတိယလေးလပတ် ကာအတွင်း ထိုးဆင်းသွားပြီးနောက်တွင် ဖိလစ်ပိုင်သည် ဆယ်စုနှစ်များစွာအတွင်း အနိမ့်ကျဆုံးအခြေအနေနှင့် ရင်ဆိုင်နေရပြီဖြစ်သည်။
ကမ္ဘာတစ်ဝန်းတွင် အောက်တိုဘာလ ၅ ရက်နေ့အထိ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုစုစုပေါင်း ၃၅ သန်းခွဲဝန်းကျင်၊ သေဆုံးသူစုစုပေါင်း ၁ သိန်း ၄ သောင်းကျော်ရှိသည်။