- နှစ်ပတ်အတွင်း စစ်ကောင်စီကြောင့် ကလေးငယ် ၃၀ ကျော် သေဆုံး
- AA စစ်ရပ်ထားသည့် စစ်တွေတွင် စစ်ကောင်စီက လက်နက်ကြီး ဆက်တိုက်ပစ်နေ
- ရခိုင်တွင် လေကြောင်း ဗုံးကြဲခံရ၍ နှစ်ရက်အတွင်း ဒေသခံ ၁၅ ဦး သေဆုံး၊ ၃၀ ခန့် ဒဏ်ရာရ
- တရုတ် ဆိုလာအင်ဗာတာများထဲတွင် အမျိုးအမည်မသိ ဆက်သွယ်ရေးစက်များ တွေ့ရှိ
- ရေကြည်နှင့် လေးမျက်နှာတွင် တိုက်ပွဲပြင်းနေ
Facebook အသုံးပြုသူ ၂၆၇ သန်း၏အချက်အလက်များ ဖွင့်ချခံရ
ဖေ့စ်ဘုတ် အသုံးပြုသူ ၂၆၇ သန်း၏ အချက်အလက်များ ပါဝင်သည့်ဖိုင်အား ဒေါင်းလုပ်ရယူနိုင်အောင် ပြီးခဲ့သည့်သီတင်းပတ်က ဟက်ကာဖိုရမ်တစ်ခုတွင် တင်ပေးထားကြောင်း နည်းပညာဝက်ဆိုက် Comparitech ၏ ဘလော့ပို့စ်တစ်ခုတွင် ဖော်ပြထားသည်။ ထိုဖိုရမ်အား ဒုစရိုက်အဖွဲ့တစ်ဖွဲ့ပိုင်ဆိုင်ကြောင်း Comparitech က ရေးသားထားသည်။
20 Dec 2019
ဖေ့စ်ဘုတ် အသုံးပြုသူများ၏ အချက်အလက်များ ပါဝင်သည့်ဖိုင်အား ဒေါင်းလုပ်ရယူနိုင်အောင် ဟက်ကာဖိုရမ်တစ်ခုတွင် တင်ပေးထားသည်ကို တွေ့ရှိခဲ့သည်။ (ဓာတ်ပုံ - Daily Tribune)
ဖေ့စ်ဘုတ် အသုံးပြုသူ ၂၆၇ သန်း၏ အချက်အလက်များ ပါဝင်သည့်ဖိုင်အား ဒေါင်းလုပ်ရယူနိုင်အောင် ပြီးခဲ့သည့်သီတင်းပတ်က ဟက်ကာဖိုရမ်တစ်ခုတွင် တင်ပေးထားကြောင်း နည်းပညာဝက်ဆိုက် Comparitech ၏ ဘလော့ပို့စ်တစ်ခုတွင် ဖော်ပြထားသည်။ ထိုဖိုရမ်အား ဒုစရိုက်အဖွဲ့တစ်ဖွဲ့ပိုင်ဆိုင်ကြောင်း Comparitech က ရေးသားထားသည်။
ဖေ့စ်ဘုတ်အသုံးပြုသူများ၏ အမည်၊ အိုင်ဒီနှင့် ဖုန်းနံပါတ်များပါဝင်သည့် ဖိုင်အား အွန်လိုင်းတွင် အလွယ်တကူ ရယူနိုင်သည်ကို လုံခြုံရေးသုတေသီ ဘော့ဒီယာချန်ကိုက တွေ့ရှိခဲ့ခြင်းဖြစ်သည်ဟု Comparitech က ဆိုသည်။
ထိုကဲ့သို့ အချက်အလက်များ ပေါ်ထွက်လာမှုအား စစ်ဆေးနေကြောင်း ဖေ့စ်ဘုတ်တာဝန်ရှိသူများက ကြာသပတေးနေ့ (ဒီဇင်ဘာလ ၁၉ ရက်) တွင် ပြောကြားလိုက်သည်။
အသုံးပြုသူများ၏ အချက်အလက်များအတွက် ပြီးခဲ့သည့်နှစ်များက ပိုမိုကောင်းမွန်သည့် လုံခြုံရေးဆောင်ရွက်ချက်များ မပြုလုပ်မီ ပေါက်ကြားသွားခြင်း ဖြစ်နိုင်ကြောင်း ဖေ့စ်ဘုတ်ပြောခွင့်ရပုဂ္ဂိုလ်က AFP သတင်းဌာနသို့ ပြောကြားထားသည်။
လူမှုကွန်ရက် ကုမ္ပဏီများနှင့် အသုံးပြုသူများအကြား အချက်အလက်လုံခြုံရေးအတွက် ယုံကြည်မှုတည်ဆောက်နေဆဲ ကာလတွင် ယခုကဲ့သို့ ပေါက်ကြားမှု ထွက်ပေါ်လာခြင်းဖြစ်သည်။
ဖေ့စ်ဘုတ်သုံးစွဲသူများ၏ သတင်းအချက်အလက် အများအပြား ရယူခဲ့သည့် ဗြိတိန်အခြေစိုက် နိုင်ငံရေးအတိုင်ပင်ခံကုမ္ပဏီ Cambridge Analytica အရေးတွင်မူ အသုံးပြုသူများ၏ ကိုယ်ရေးကိုယ်တာ အချက်အလက်များအား လှည့်ဖြားရယူခဲ့ခြင်း ဖြစ်ကြောင်း အမေရိကန်အာဏာပိုင်များက ယခုလအစောပိုင်းတွင် ထုတ်ပြန်ခဲ့သည်။

သုံးစွဲသူများ၏ အချက်အလက်များအား လွှဲပြောင်း ပေးအပ်မှုကြောင့် ဖေ့စ်ဘုတ်ကုမ္ပဏီသည်လည်း အမေရိကန်ပြည်ထောင်စု ကုန်သွယ်ရေးကော်မရှင်အား ယခုနှစ်အစောပိုင်းတွင် ဒဏ်ကြေး ဒေါ်လာ ၅ ဘီလျံ ပေးဆောင်ခဲ့ရသည်။