- ကမ္ဘောဒီးယားမှာ လူငယ်များ စစ်မှုမထမ်းမနေရ ဥပဒေ လာမည့်နှစ် စတင်အကောင်အထည်ဖော်မည်
- စစ်ကောင်စီ တန်ပြန်ထိုးစစ်လုပ်လာနိုင်တာ ဘာကြောင့်လဲ
- ဘစ်ကွိုင်တန်ဖိုး ကန်ဒေါ်လာ ၁၂၀,၀၀၀ ကျော်အထိ စံချိန်တင်မြင့်တက်
- စစ်တွေမြို့တွင် ငတ်မွတ်မှုဒဏ်ကို မခံနိုင်၍ ဒေသခံအချို့ အဆုံးစီရင်မှု ရှိလာ
- အိန္ဒိယစစ်တပ်က မြန်မာဘက်သို့ ဝင်ရောက်တိုက်ခိုက်ခဲ့သည့်အတွက် ခေါင်းဆောင်သုံးဦး သေဆုံးဟု အာသံလွတ်မြောက်ရေးတပ် ပြောကြား
ဖေစ်ဘုတ်တွင် Blue Mark ကို လစဉ်ကြေးပေး၍ ဝယ်သုံးနိုင်တော့မည်
ငွေကြေးပေးချေရာ၌ ဝက်ဘ်ပေါ်မှဆိုလျှင် ၁၁.၉၉ ဒေါ်လာ ကျသင့်မည်ဖြစ်ကာ iOS သို့မဟုတ် Android ဖုန်းများမှ ဆိုလျှင် ၁၄.၉၉ ဒေါ်လာ ကျသင့်မည်ဖြစ်သည်။
20 Feb 2023

ဖေ့စ်ဘုတ်နှင့် အင်စတာဂရမ် အသုံးပြုသူများသည် ၎င်းတို့၏ အကောင့်များတွင် အကောင့်အစစ်ဖြစ်ကြောင်း သက်သေအထောက်အထား ဖြစ်သည့် အပြာရောင်အမှန်ခြစ် အမှတ်အသား Blue Mark ကို လစဉ်ကြေးပေး၍ ဝယ်ယူရရှိနိုင်တော့မည် ဖြစ်ကြောင်း ဖေ့စ်ဘုတ်၏ မိခင်ကုမ္ပဏီ Meta စီအီးအိုဖြစ်သူ မာ့ခ်ဇူကာဘက်က ဖေဖော်ဝါရီလ ၁၉ ရက်နေ့တွင် ပြောကြားလိုက်သည်။
ဤဝန်ဆောင်မှုအား ယခုသီတင်းပတ်အတွင် သြစတြေးလျနှင့် နယူးဇီလန်နိုင်ငံတို့တွင် စတင်ရရှိမည်ဖြစ်သည်။
Blue Mark အမှတ်အသား လျှောက်ထားရန်အတွက် အစိုးရထံမှ ထုတ်ပေးထားသည့် သက်သေခံကဒ်များ လိုအပ်မည်ဟု ဇူကာဘက်က ပြောကြားသည်။
“ဒီလုပ်ဆောင်ချက်အသစ်က ကျွန်တော်တို့ရဲ့ ဝန်ဆောင်မှုတွေမှာ အစစ်အမှန်ဖြစ်ခြင်းနဲ့ လုံခြုံရေးကို တိုးမြှင့်တာ ဖြစ်ပါတယ်” ဟု ဇူကာဘက်က သူ၏ ဖေ့စ်ဘုတ်အကောင့်တွင် ရေးသားထားသည်။
ငွေကြေးပေးချေရာ၌ ဝက်ဘ်ပေါ်မှဆိုလျှင် ၁၁.၉၉ ဒေါ်လာ ကျသင့်မည်ဖြစ်ကာ iOS သို့မဟုတ် Android ဖုန်းများမှ ဆိုလျှင် ၁၄.၉၉ ဒေါ်လာ ကျသင့်မည်ဖြစ်သည်။
ယခုကဲ့သို့ ကွာခြားရခြင်းမှာ ဖုန်းဖြင့်ဆိုပါက အိုင်ဖုန်းဆိုပါက Apple ကုမ္ပဏီသို့ ကော်မရှင်ခ ပေးချေရခြင်းကြောင့်ဖြစ်ကာ Android ဆိုပါက အဆိုပါစနစ်အတွက် Google ကုမ္ပဏီကို ကော်မရှင်ခ ပေးချေရခြင်းကြောင့် ဟုဆိုသည်။
သို့သော်လည်း အခြားတစ်ဘက်တွင်မူ အသုံးပြုသူများအနေဖြင့် လစဉ် ၁၂ ဒေါ်လာ ပေးဆောင်ရန် မတတ်နိုင်သူများ သို့မဟုတ် အွန်လိုင်းမှ ငွေပေးချေခြင်း မလုပ်နိုင်ဘဲ ငွေသားဖြင့်သာ သုံးစွဲနေရသူများအတွက် မည်ကဲ့သို့ စီစဉ်ထားသည်ကို ရှင်းရှင်းလင်းလင်း မသိရပေ။
ယခုလုပ်ဆောင်ချက်အသစ်သည် Blue Mark ရထားပြီးသား အကောင့်များနှင့် သက်ဆိုင်ခြင်းမရှိပေ။ ထိုအကောင့်များသည် ပုံမှန်အတိုင်း Blue Mark ဖြင့် ရှိနေမည်ဖြစ်သည်။