- စစ်ဘေးရှောင်များကို ငွေပေးပြီး စစ်သင်တန်းတက်ရန် ALP စည်းရုံးနေ
- ICC ဒဏ်ခတ်အရေးယူခဲ့သည် Trump အစိုးရအဖွဲ့ကို Fortify Rights တရားစွဲ
- ပုသိမ်က ပြည်သူ့စစ်သင်တန်းဆင်းများကို စစ်တွေသို့ ပို့နေ
- ဘင်္ဂလားဒေ့ရှ် ပြုပြင်ပြောင်းလဲရေးကြောင့် အစ္စလာမစ်အမာခံတွေ အတွက် လမ်းစပွင့်လာ
- "ဖေဖေ ဘယ်တော့ပြန်လာမလဲ သားသမီးတွေကမေးနေတော့ ကျမမှာ ဒီမေးခွန်းအတွက် အဖြေမရှိဘူး"
အင်ဒိုနီးရှားမှာ အဖျားပျောက်ဆေးရည်တွင် တားမြစ်ပစ္စည်းသုံးစွဲမှုဖြင့် ကုမ္ပဏီနှစ်ခုကို လိုင်စင်ရုတ်သိမ်း
ကျောက်ကပ်ရောဂါဖြင့် ကလေးငယ် ၁၅၀ ခန့်သေဆုံးခဲ့ရမှုကို စစ်ဆေးလျက်ရှိသည့် အင်ဒိုနီးရှားနိုင်ငံတွင် ထုတ်လုပ်ရေးစည်းကမ်းများအား ချိုးဖောက်မှုဖြင့် ဒေသတွင်းကုမ္ပဏီနှစ်ခုကို သောက်ဆေးရည်များ ထုတ်လုပ်ခွင့်လိုင်စင် ရုပ်သိမ်းလိုက်ကြောင်း အင်ဒိုနီးရှား အစားအစာနှင့်ဆေးဝါးဌာန(BPOM)က တနင်္လာနေ့တွင် ပြောကြားလိုက်သည်။
02 Nov 2022

DMG ၊ နိုဝင်ဘာ ၂
ကျောက်ကပ်ရောဂါဖြင့် ကလေးငယ် ၁၅၀ ခန့်သေဆုံးခဲ့ရမှုကို စစ်ဆေးလျက်ရှိသည့် အင်ဒိုနီးရှားနိုင်ငံတွင် ထုတ်လုပ်ရေးစည်းကမ်းများအား ချိုးဖောက်မှုဖြင့် ဒေသတွင်းကုမ္ပဏီနှစ်ခုကို သောက်ဆေးရည်များ ထုတ်လုပ်ခွင့်လိုင်စင် ရုပ်သိမ်းလိုက်ကြောင်း အင်ဒိုနီးရှား အစားအစာနှင့်ဆေးဝါးဌာန(BPOM)က တနင်္လာနေ့တွင် ပြောကြားလိုက်သည်။
PT Yarindo Farmatama နှင့် PT Universal Pharmaceutical လုပ်ငန်းစု ကုမ္ပဏီနှစ်ခုကို ထုတ်လုပ်ရေးလိုင်စင်များ ရုပ်သိမ်းလိုက်ကြောင်း BPOM အကြီးအကဲ ပင်နီကေလူကီတိုက သတင်းထောက်များကို ပြောကြားသည်။ အဆိုပါကုမ္ပဏီနှစ်ခုအား တရားစွဲရန် ပြင်ဆင်နေကြောင်းလည်း သူကပြောကြားသည်။
ထိုကုမ္ပဏီများသည် ဆေးဝါးတွင်ပါဝင်သည့် ကုန်ကြမ်းများကို အသိပေးတင်ပြရန် ပျက်ကွက်ခဲ့သလို အချို့ဆေးဝါးများကိုလည်း တားမြစ်ချက်ထက် ကျော်လွန်၍ သုံးစွဲခဲ့ကြောင်း ပင်နီက ပြောကြားသည်။
အင်ဒိုနီးရှားတွင် ၂၀၂၂ ခုနှစ် သြဂုတ်လတည်းက စတင်၍ ကလေးငယ်အချို့တွင် ကျောက်ကပ်ထိခိုက်ပြီး သေဆုံးရမှုများ သိသိသာသာမြင့်တက်ခဲ့သည်။ ခြောင်းဆိုးပျောက်ဆေးနှင့် အဖျားပျောက်ဆေး သောက်ဆေးရည်များတွင်သုံးသည့် ကုန်ကြမ်းအချို့ အပြောင်းအလဲရှိသဖြင့် ဖြစ်နိုင်ကြောင်း အင်ဒိုကျန်းမာရေးဝန်ကြီးက ပြောကြားသည်။
သေဆုံးခဲ့ရသူ ကလေးငယ်အများစုမှာ အသက် ၅ နှစ်အောက်အရွယ်များ ဖြစ်ကြသည်။ အဆိုပါကလေးငယ်များ သေဆုံးရမှုနှင့် ဆက်စပ်၍ အီသိုင်လင်းဂလိုက်ကိုနှင့် ဒီသိုင်လင်းဂလိုက်ကိုတို့ပါဝင်သည့် ခြောင်းဆိုးပျောက်ဆေးအချို့ကို နိုင်ငံတွင်း၌ ရောင်းချခွင့် ယာယီပိတ်ပင်ထားသည်။
အင်ဒိုနီးရှားသည် ၎င်းထုတ်ဆေးဝါးများအတွက် ကုန်ကြမ်းများကို အဓိကအားဖြင့် တရုတ်နှင့် အိန္ဒိယတို့ထံမှ တင်သွင်းခြင်းဖြစ်ကြောင်း အင်ဒိုနီးရှား ကျန်းမာရေးဝန်ကြီးဌာနထံမှ သိရသည်။
ဓာတ်ပုံ - Reuters