- နှစ်ပတ်အတွင်း စစ်ကောင်စီကြောင့် ကလေးငယ် ၃၀ ကျော် သေဆုံး
- AA စစ်ရပ်ထားသည့် စစ်တွေတွင် စစ်ကောင်စီက လက်နက်ကြီး ဆက်တိုက်ပစ်နေ
- ရခိုင်တွင် လေကြောင်း ဗုံးကြဲခံရ၍ နှစ်ရက်အတွင်း ဒေသခံ ၁၅ ဦး သေဆုံး၊ ၃၀ ခန့် ဒဏ်ရာရ
- တရုတ် ဆိုလာအင်ဗာတာများထဲတွင် အမျိုးအမည်မသိ ဆက်သွယ်ရေးစက်များ တွေ့ရှိ
- ရေကြည်နှင့် လေးမျက်နှာတွင် တိုက်ပွဲပြင်းနေ
အီရန်တွင် COVID-19 ဗိုင်းရပ်စ်သေသည်ဟုယုံကြည်ပြီး မီသနောအရက်ပြန် သောက်သုံးကြရာမှ ၃၀၀ ထက်မနည်းသေဆုံး
ကိုရိုနာဗိုင်းရပ်စ်ပိုးကြောင့် ဖြစ်ပေါ်လာသော ရောဂါများအား ပျောက်ကင်းစေနိုင်သည်ဟူသည့် ကောလာဟလကြောင့် အီရန်နိုင်ငံတွင် မီသနောအရက်ပြန် သောက်သုံးကြရာမှ သေဆုံးသူ ၃၀၀ ခန့်ရှိနေပြီဖြစ်ကြောင်း အီရန်မီဒီယာများတွင် ဖော်ပြထားသည်။
28 Mar 2020

COVID-19 ကိုရိုနာဗိုင်းရပ်စ်ပိုးကြောင့် ဖြစ်ပေါ်လာသော ရောဂါများအား ပျောက်ကင်းစေနိုင်သည်ဟူသည့် ကောလာဟလကြောင့် အီရန်နိုင်ငံတွင် မီသနောအရက်ပြန် သောက်သုံးကြရာမှ သေဆုံးသူ ၃၀၀ ခန့်ရှိနေပြီဖြစ်ကြောင်း အီရန်မီဒီယာများတွင် ဖော်ပြထားသည်။
အီရန်ကျန်းမာရေးဝန်ကြီးဌာနမှ ဆရာဝန်တစ်ဦးကမူ သေဆုံးသူ ၄၈၀ ခန့်အထိ ရှိနိုင်ပြီး အဆိပ်သင့်မှုကြောင့် ကုသမှုခံယူနေရသူ ၂၈၅၀ ဦးအထိ ရှိနိုင်ကြောင်း အေပီသတင်းဌာနသို့ ဖြေကြားထားသည်။
“တခြားနိုင်ငံတွေမှာက ကိုရိုနာဗိုင်းရပ်စ်အန္တရာယ်ကိုပဲ ရင်ဆိုင်ရတာ။ ကျွန်တော်တို့ဆီမှာက ဗိုင်းရပ်စ်ကော အရက်အဆိပ်သင့်တာကော နှစ်မျိုးလုံး ကုသပေးနေရတယ်” ဟု အီရန်ကျန်းမာရေးဝန်ကြီးဌာန အကြံပေး ဒေါက်တာ ဟူစိန်ဟာဆာနီယန်က ပြောကြားသည်။

အီရန်တောင်ပိုင်းရှိ ရှီရက်ဇ်၊ ကာရာ့ဂျ်နှင့် ယာ့ဒ်မြို့များတွင်လည်း မီသနောသောက်သုံးမှု အများအပြားရှိကြောင်း Independent သတင်းဌာန၏ သတင်းတစ်ပုဒ်တွင် ဖော်ပြထားသည်။
ပြီးခဲ့သည့် သီတင်းနှစ်ပတ်အတွင်းကလည်း အီရန်အနောက်တောင်ပိုင်းရှိ ကူဇက်စတန်ဒေသတွင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုအား ကာကွယ်နိုင်သည်ဆိုကာ မီသနောရောင်းချနေသူ အများအပြားအား အစိုးရက ဖမ်းဆီးခဲ့သည်။
အီရန်နိုင်ငံတွင် အရက်သောက်သုံးခွင့်အား ပိတ်ပင်ထားသဖြင့် အရက်ပုန်းသမားများမှတစ်ဆင့် ဝယ်ယူသောက်သုံးရသည်။
ဆက်စပ်ဖတ်ရှုရန် -
■ ကိုရိုနာဗိုင်းရပ်စ် ကာကွယ်နည်း အတုအယောင်များ
■ ပဋိပက္ခဒေသများ၌ ကိုရိုနာဗိုင်းရပ်စ်ထိန်းချုပ်ရေး ဆောင်ရွက်ချက်များ ထိရောက်မည်မဟုတ်
■ ကမ္ဘာတလွှား ဗိုင်းရပ်စ်ကူးစက်မှု မြင့်တက်၊ တရုတ်မှာ အသစ်ကူးစက်နှုန်း မရှိသလောက်ထိုးကျ