ဗီယက်နမ်ရှိ ဒါနန်မြို့တော်ကို နှစ်ပတ်ကြာ လော့ဒေါင်းချ

ဗီယက်နမ်သည် ၎င်း၏ တတိယအကြီးဆုံးမြို့တော်ဖြစ်သည့် ဒါနန်အား အင်္ဂါနေ့မှစတင်ကာ နှစ်ပတ်ကြာ လော့ဒေါင်းချလိုက်ပြီဖြစ်သည်။ 

ဒါနန်ရှိ ဆေးရုံတစ်ခုတွင် ကိုဗစ်ရောဂါပိုး ကူးစက်ခံထားရသူ ၁၉ ဦး တွေ့ရှိခဲ့ပြီးနောက် ယခုကဲ့သို့ အသွားအလာကန့်သတ်ချက် ချမှတ်လိုက်ရခြင်း ဖြစ်ကြောင်း ဗီယက်နမ်အစိုးရက ပြောကြားသည်။

By Foreign Desk 29 Jul 2020

(ဓာတ်ပုံ - AP)

ဗီယက်နမ်သည် ၎င်း၏ တတိယအကြီးဆုံးမြို့တော်ဖြစ်သည့် ဒါနန်အား အင်္ဂါနေ့မှစတင်ကာ နှစ်ပတ်ကြာ လော့ဒေါင်းချလိုက်ပြီဖြစ်သည်။

ဒါနန်ရှိ ဆေးရုံတစ်ခုတွင် ကိုဗစ်ရောဂါပိုး ကူးစက်ခံထားရသူ ၁၉ ဦး တွေ့ရှိခဲ့ပြီးနောက် ယခုကဲ့သို့ အသွားအလာကန့်သတ်ချက် ချမှတ်လိုက်ရခြင်း ဖြစ်ကြောင်း ဗီယက်နမ်အစိုးရက ပြောကြားသည်။

ဗိုင်းရပ်စ် စစ်ဆေးတွေ့ရှိရသူ ၁၅ ဦးလုံးမှာ ဒါနန်ဆေးရုံကြီးရှိ လူနာများနှင့် ကျန်းမာရေးဝန်ထမ်းများ ဖြစ်ကြသည်။

မြို့တော်ဒါနန်အား ဝင်ထွက် သွားလာခွင့်နှင် အများပြည်သူ သယ်ယူပို့ဆောင်ရေး လုပ်ငန်းများအား ရပ်ဆိုင်းလိုက်ပြီဖြစ်သည်။

ဗီယက်နမ်လူမျိုး အများစုပါဝင်သည့် ခရီးသွားများသည်လည်း ကမ်းခြေများသို့ အပန်းဖြေခရီးထွက်မှုများကို ယခုသီတင်းပတ်တွင် ရပ်ဆိုင်းပေးရမည်ဖြစ်သည်။

ကိုဗစ်ကပ်ဘေးကြောင့် ဧပြီလကုန်ပိုင်းမှ စတင်လည်ပတ်ခွင့် ရလာသော ခရီးသွားလုပ်ငန်းမှာ ယခုကဲ့သို့ အသွားအလာကန့်သတ်ချက်ကြောင့် တစ်ကျော့ပြန် အကျပ်ရိုက်လျက်ရှိကြောင်း အေပီသတင်းတွင် ဖော်ပြထားသည်။

နေ့စဉ် လူပေါင်း ငါးသောင်းခန့် လာရောက်လည်ပတ်ကြသည့် ဒါနန်ရှိ ကမ်းခြေများမှာ ယခုအခါ ပိတ်ထားလိုက်ပြီဖြစ်သလို လုံခြုံရေး တာဝန်ရှိသူများက အချိန်ပြည့် စောင့်ကြပ်လျှက်ရှိသည်။

ယခုကူးစက်မှုကိုပါ ထည့်သွင်းတွက်ချက်ပါက ဗီယက်နမ်နိုင်ငံတွင် ကူးစက်မှု စုစုပေါင်း ၄၃၁ ခု ရှိသွားပြီဖြစ်ကာ သေဆုံးသူ မရှိသေးပေ။

ကမ္ဘာတစ်ဝန်းတွင် ဇူလိုင်လ ၂၈ ရက်နေ့အထိ ကိုဗစ်ကူးစက်မှုစုစုပေါင်း ၁၆ သန်းခွဲဝန်းကျင်ရှိပြီး သေဆုံးသူစုစုပေါင်း ၆ သိန်းခွဲခန့် ရှိနေပြီဖြစ်ကြောင်း Worldometer ဝက်ဆိုက်တွင် ဖော်ပြထားသော အချက်အလက်များအရ သိရသည်။

ဗီဒီယိုများ