- ရခိုင်ပြည် မြောက်ဖက်အစွန်ဖျားကို ခဏတာမျှ လှမ်းမျှော်ကြည့်ခြင်း
- အပူချိန်မြင့်တက်လာမှုကြောင့် ကျန်းမာရေး ဂရုစိုက်ရန် လိုအပ်လာ
- နျူကလီးယား ဓာတ်အားပေးစက်ရုံ ဆောက်လုပ်ရေးအတွက် မြန်မြန်ဆန်ဆန် ညှိနှိုင်းရန် ဗီယက်နမ်နှင့် ရုရှား သဘောတူ
- ကုလစာနာမှုစင်္ကြံ လက်တွေ့အလားအလာ
- စစ်တွေရှိ လူမနေသည့် နေအိမ်များကို စစ်ကောင်စီက ဖြိုဖျက်ရောင်းစားနေ
မြန်မာစစ်တပ်နှင့် ဆက်နွယ်သူ ၁၁ ဦးအား ဥရောပသမဂ္ဂ အရေးယူပိတ်ဆို့မှု ချမှတ်မည်
မြန်မာစစ်တပ်နှင့် ပတ်သက်နေသူ ၁၁ ဦးအား ဥရောပသမဂ္ဂ (အီးယူ) က အရေးယူပိတ်ဆို့မှုများ ချမှတ်သွားမည်ဖြစ်ကြောင်း အီးယူ နိုင်ငံခြားရေးမူဝါဒ အကြီးအကဲ ဂျိုးဆက်ဘောရဲလ်က ပြောကြားလိုက်သည်။
23 Mar 2021

DMG ၊ မတ် ၂၃
မြန်မာစစ်တပ်နှင့် ပတ်သက်နေသူ ၁၁ ဦးအား ဥရောပသမဂ္ဂ (အီးယူ) က အရေးယူပိတ်ဆို့မှုများ ချမှတ်သွားမည်ဖြစ်ကြောင်း အီးယူ နိုင်ငံခြားရေးမူဝါဒ အကြီးအကဲ ဂျိုးဆက်ဘောရဲလ်က ပြောကြားလိုက်သည်။
ဘရပ်ဆဲလ်တွင်ကျင်းပမည့် အီးယူ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးသို့ တက်ရောက်ရန် ရောက်ရှိလာသည့် မတ်လ ၂၂ ရက်နေ့တွင် ယခုကဲ့သို့ ပြောကြားလိုက်ခြင်း ဖြစ်သည်။
ဥရောသပသမဂ္ဂသည် အဖွဲ့ဝင်နိုင်ငံများအား မြန်မာနိုင်ငံသို့ လက်နက်ရောင်းချခွင့် တားမြစ်ထားပြီး မြန်မာစစ်တပ်၏ အရာရှိကြီးအချို့အား ၂၀၁၈ ခုနှစ်တည်းက အရေးယူမှုများ ချမှတ်ထားသည်။
“အာဏာသိမ်းမှု၊ ဆန္ဒပြသူတွေကို ဖိနှိပ်မှုတွေမှာ ပါဝင်ပတ်သက်နေသူ ၁၁ ဦးကို အရေးယူပိတ်ဆို့မှုတွေ ချမှတ်သွားမှာပါ” ဟု ဂျိုးဆက်ဘောရဲလ်က ပြောသည်။
အရေးယူမည့်သူ ၁၁ ဦး၏ အမည်များအား ယခုကြေညာချက်ကို တရားဝင်ထုတ်ပြန်ချိန်၌ သိရမည်ဟု ယူဆရသည်။
ဥရောပသမဂ္ဂသည် မြန်မာစစ်တပ်၏ စီးပွားရေးလုပ်ငန်းများအား ပစ်မှတ်ထား အရေးယူရန် ကိုင်တွယ်နေသဖြင့် ပိုမိုပြင်းထန်သော အရေးယူမှုများ ရှိလာဦးမည်ဟု ယူဆရသည်။
မြန်မာစစ်တပ်နှင့် ဆက်နွယ်နေသည့် စီးပွားရေးလုပ်ငန်းများသည် သတ္တုတူးဖော်ရေး လုပ်ငန်းမှသည် အစားအစာ၊ အဖျော်ယမကာ၊ ဟိုတယ်၊ ဆက်သွယ်ရေးနှင့် ဘဏ်လုပ်ငန်းများအထိ ရှိသည်။
မြန်မာ့စီးပွားရေးဦးပိုင်နှင့် မြန်မာစီးပွားရေး ကော်ပိုရေးရှင်း ကုမ္ပဏီကြီးနှစ်ခုနှင့် ၎င်းတို့၏ လက်အောက်ခံကုမ္ပဏီခွဲများသည် မြန်မာစစ်တပ်ကို ဝင်ငွေရှာဖွေပေးနေသည့်အတွက် ၎င်းကုမ္ပဏီများအား အရေးယူပိတ်ဆို့မှုများ ချမှတ်သင့်ကြောင်း ကုလသမဂ္ဂ အချက်အလက်ရှာဖွေရေး မစ်ရှင် က ၂၀၁၉ ခုနှစ်တွင် အကြံပြု ထောက်ပြထားသည်။
မြန်မာနိုင်ငံအတွင်း ၂၀၂၁ ဖေဖော်ဝါရီလမှ စတင်၍ ဆန္ဒဖော်ထုတ်မှုများအား စစ်တပ်ကနှိမ်နင်းမှုကြောင့် မတ်လ ၂၂ ရက်နေ့အထိ သေဆုံးသူစုစုပေါင်း ၂၆၁ ဦး ရှိသွားပြီဖြစ်ကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ) ၏ အင်္ဂါနေ့ ထုတ်ပြန်ချက်အရ သိရသည်။