- အင်္ဂပူက ကျေးရွာနှစ်ခုတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်စခန်းများကို AA နှင့် ပူးပေါင်းတပ်များ သိမ်းပိုက်
- အာရက္ခဒေသက တစ်ပတ်အတွင်း ထူးခြားသတင်းများ
- ပြည်တွင် အဖမ်းခံရသည့် ရခိုင်အချို့ စစ်မှုထမ်းအပို့ခံရ
- ပို့ကုန်ရငွေကျန်သည့် ကုမ္ပဏီ ၁၉၇ ခုကို စစ်ကောင်စီက အမည်ပျက်စာရင်းသွင်း
- မြန်မာအပေါ် ဆင်နွှဲတဲ့ ထရမ့်ရဲ့ စစ်ပွဲ
အာဆီယံနှင့် ဂျပန် ရေကြောင်းလုံခြုံရေး ပူးပေါင်းဆောင်ရွက်မှု အားဖြည့်မည်
ဂျပန်နှင့် အာဆီယံနိုင်ငံများ၏ နိုင်ငံခြားရေးဝန်ကြီးများသည် အင်ဒို-ပစိဖိတ် ရေကြောင်းလုံခြုံရေးကို အဆင့်မြှင့်တင်ရာတွင် ပူးပေါင်းဆောင်ရွက်ကြရန် သြဂုတ်လ ၄ ရက်နေ့၌ ကတိကဝတ်ပြုခဲ့ကြကြောင်း ကျိုဒိုသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
07 Aug 2022

DMG ၊ ဩဂုတ် ၇
ဂျပန်နှင့် အာဆီယံနိုင်ငံများ၏ နိုင်ငံခြားရေးဝန်ကြီးများသည် အင်ဒို-ပစိဖိတ် ရေကြောင်းလုံခြုံရေးကို အဆင့်မြှင့်တင်ရာတွင် ပူးပေါင်းဆောင်ရွက်ကြရန် သြဂုတ်လ ၄ ရက်နေ့၌ ကတိကဝတ်ပြုခဲ့ကြကြောင်း ကျိုဒိုသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
ဖနွမ်ပင်တွင်ပြုလုပ်သော ဆွေးနွေးပွဲ၌ အာဆီယံနိုင်ငံခြားရေး ဝန်ကြီးများနှင့် တွေ့ဆုံစဉ် ဂျပန်နိုင်ငံခြားရေး ဝန်ကြီး ယိုရှီမာစာဟာယာရှီက အရှေ့နှင့် တောင်တရုတ်ပင်လယ်ပြင်တို့၌ ရှိရင်းစွဲအနေအထားကို အင်အားသုံးပြီး တစ်ဖက်သတ်ပြောင်းလဲလိုသည့် မည်သည့်အားထုတ်မှုမျိုးကိုမဆို “ပြင်းထန်စွာကန့်ကွက်ကြောင်း” ထုတ်ပြောခဲ့သည်ဟု ဂျပန်နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောကြားသည်။
ယခုသီတင်းပတ် အစောပိုင်းက နန်စီပီလိုစီ၏ ထိုင်ဝမ်ခရီးစဉ်ကြောင့် တရုတ်နှင့် အမေရိကန်အကြား တင်းမာမှုများမြင့်တက်နေသည်နှင့် ပတ်သက်၍ ဆွေးနွေးခဲ့ကြခြင်း ရှိ မရှိကိုမူ နိုင်ငံခြားရေး ဝန်ကြီးဌာနက ပြောကြားခြင်းမရှိပေ။
လွတ်လပ်ပွင့်လင်းသည့် အင်ဒို-ပစိဖိတ် ဖြစ်စေရေးအတွက် ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်ဆောင်ရွက်ကြရန် ဝန်ကြီး ဟာယာရှီက အာဆီယံမှ လုပ်ဖော်ကိုင်ဖက်များကို တောင်းဆိုခဲ့သည်။ ဤရည်မှန်းချက်သည် ဂျပန်နှင့် အမေရိကန်တို့ တစိုက်မတ်မတ် အကြံပြုလာသည့်အချက်လည်း ဖြစ်သည်။
တရုတ်သည် အာရှ-ပစိဖိတ်ဒေသတွင် ၎င်း၏ သြဇာကို မြှင့်တင်ရန်ကြိုးစားလျက်ရှိပြီး အရှေ့တရုတ်ပင်လယ်ရှိ ကျွန်းငယ်များအား ဂျပန်၏ လွှမ်းမိုးမှုကို ထိန်းချုပ်ရန်ကြိုးစာသည့်အနေဖြင့် ဆန်ကာကူကျွန်းစုများ အနီးတစ်ဝိုက်ရှိ ရေပြင်သို့ စစ်သင်္ဘောများ စေလွှတ်ထားသည်။
ဘေကျင်းသည် အာဆီယံနိုင်ငံအချို့နှင့် ပိုင်နက်အငြင်းပွားမှုများ ရှိနေသည့် တောင်တရုတ်ပင်လယ် ရေပြင်တွင်လည်း စစ်သင်္ဘောများ ခုတ်မောင်းလျက်ရှိသည်။