- ဘူးသီးတောင် စကခ(၁၅)နှင့် တပ်ရင်း ၂ ခုကို AA သိမ်းပိုက်
- ဂျီနိုဆိုက် စကားလုံးကို လက်နက်သဖွယ် အသုံးချနေကြသည်ဟု AA ပြော
- ပုဏ္ဏားကျွန်း စစ်ဘေးရှောင်စခန်းတွင် ဝမ်းပျက်ဝမ်းလျှောဖြစ်ပြီး သေဆုံးသူ (၃) ဦးထိရှိလာ
- စစ်ကောင်စီ၏ လက်နက်နှင့်ရိက္ခာသယ်လာသည့် ယာဉ်များကို AA တားဆီးထား
- မသန့်ရှင်းသောရေကို သုံးစွဲနေရ၍ ပုဏ္ဏားကျွန်းမြို့နယ်တွင် ဝမ်းရောဂါဖြစ်နေ
MPT မှ ၂၀၂၂ မတ်လအထိ အမြတ်ရမည်မဟုတ်ဟု မိတ်ဖက် ဂျပန်ကုမ္ပဏီ ပြော
မြန်မာနိုင်ငံရှိ ၎င်းတို့၏ ဆက်သွယ်ရေးလုပ်ငန်း စီးပွားရေးမှ ၂၀၂၂ မတ်လအထိ အမြတ်အစွန်း ရမည်မဟုတ်ကြောင်း ဂျပန်ကုမ္ပဏီ ဆုမိတိုမို ကော်ပိုရေးရှင်းက ခန့်မှန်းထားကြောင်း ရိုက်တာသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
09 May 2021
DMG ၊ မေ ၉
မြန်မာနိုင်ငံရှိ ၎င်းတို့၏ ဆက်သွယ်ရေးလုပ်ငန်း စီးပွားရေးမှ ၂၀၂၂ မတ်လအထိ အမြတ်အစွန်း ရမည်မဟုတ်ကြောင်း ဂျပန်ကုမ္ပဏီ ဆုမိတိုမို ကော်ပိုရေးရှင်းက ခန့်မှန်းထားကြောင်း ရိုက်တာသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
ဂျပန် KDDI နှင့် ဆုမိတိုမို ကုမ္ပဏီတို့သည် မြန်မာနိုင်ငံတွင် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း (MPT) နှင့် ပူးပေါင်းပြီး ဆက်သွယ်ရေးကဏ္ဍဆိုင်ရာ စီးပွားရေး လုပ်ငန်းများ လည်ပတ်လျက်ရှိသည်။
“မြန်မာနိုင်ငံထဲက ကျွန်တော်တို့ရဲ့ လုပ်ငန်းတွေကိုတော့ ဆက်လက် လည်ပတ်သွားမှာပါ” ဟု ဆုမိတိုမို ဘဏ္ဍာရေးမှူးချုပ် မာဆာရုရှိအိုမိက သတင်းစာရှင်းလင်းပွဲ တစ်ရပ်တွင် ဖြေကြားသည်။
သူတို့၏ လုပ်ငန်းများအား အပြောင်းအလဲ ပြုလုပ်ရန် အစီအစဉ်မရှိကြောင်းလည်း သူက ဖြည့်စွက်ပြောကြားသည်။
မြန်မာနိုင်ငံတွင် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော အရပ်သားအစိုးရ ဖြုတ်ချခံရသည့် ဖေဖော်ဝါရီလ ၁ ရက်နေ့တည်းက နေ့စဉ်ရက်ဆက် ဆိုသလို ဆန္ဒပြမှုများ နိုင်ငံတစ်ဝန်း ပေါ်ပေါက်လျက်ရှိသည်။
ဆန္ဒဖော်ထုတ်မှုများနှင့်အတူ စစ်တပ်ဆန့်ကျင်ရေး လှုပ်ရှားမှုများအား လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ အင်အားသုံး နှိမ်နင်းမှုများကြောင့် သေဆုံးသူစုစုပေါင်း ၇၇၄ ဦးရှိနေပြီဖြစ်ကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်း (အေအေပီပီ) ၏ ထုတ်ပြန်ချက်အရ သိရသည်။