- နွေဦးတော်လှန်ရေး ဦးဆောင်မှုကဏ္ဍတွင် အမျိုးသမီးပါဝင်ခွင့် အားနည်းနေသေး
- မွတ်ဆလင်ဒုက္ခသည် အကျပ်အတည်းကြောင့် လုံခြုံရေးအန္တရာယ်သစ် ပေါ်လာမည့်အလားလာရှိဟု ဘင်္ဂလားဒေ့ရှ်က ကုလတွင် သတိပေး
- ကျောက်ဖြူ-ရန်ကုန် ခရီးသွားများ စစ်ကောင်စီဌာနများနှင့် ပွဲစားများမှ ပူးပေါင်းချယ်လှယ်မှုကို ခံနေရ
- သူပုန်ဖြူကဗျာစာအုပ် လေလံပြိုင်ပွဲ အရှိန်မြင့်တက်
- ရုရှားနှင့်မြန်မာအကြား ကမ်းလွန်ရေနံနှင့် ဓာတ်ငွေ့ တူးဖော်ရေးဆိုင်ရာ ရင်းနှီးမြှုပ်နှံရေး စာချုပ် ချုပ်ဆို
သူပုန်ဖြူကဗျာစာအုပ် လေလံပြိုင်ပွဲ အရှိန်မြင့်တက်
အာရက္ခတပ်တော် (AA) ဒု- စစ်ဦးစီးချုပ် ဒေါက်တာညိုထွန်းအောင် ရေးသားသည့် ' သူပုန်ဖြူကဗျာစာအုပ် ' ကို မိတ်ဆွေတစ်ဦးက အမေရိကန်ဒေါ်လာ ၅,၀၀၀ ဖြင့် ဝယ်ယူလိုက်သဖြင့် စာအုပ်လေလံပြိုင်ပွဲမှာ အရှိန်မြင့်တက်သွားကြောင်း သိရသည်။
21 Jun 2025

DMG ၊ ဇွန် ၂၁
အာရက္ခတပ်တော် ဒု-စစ်ဦးစီးချုပ် ဒေါက်တာညိုထွန်းအောင် ရေးသားသည့် ‘သူပုန်ဖြူကဗျာစာအုပ်’ကို မိတ်ဆွေတစ်ဦးက အမေရိကန်ဒေါ်လာ ၅,၀၀၀ ဖြင့် ဝယ်ယူလိုက်ခြင်းကြောင်း စာအုပ်လေလံပြိုင်ပွဲမှာ အရှိန်မြင့် တက်သွားကြောင်း သိရသည်။
ဇွန် ၂၀ ရက်က စာအုပ်အမှတ်စဉ် (၀၀၆၆၆)အား သတ်မှတ်ဈေးထက်ပိုပေး၍ မြန်မာကျပ်ငွေ သိန်း ၂၀၀ ခန့်ဖြင့် ဝယ်ယူအားပေးပြီးနောက် လေလံပြိုင်ပွဲကို အရှိုန်မြှင့်တင်ပေးခြင်းဖြစ်ကြောင်း သူပုန်ဖြူကဗျာများစုစည်းမှုက ဇွန် ၂၀ ရက်က ထုတ်ပြန်လိုက်သည်။
ထိုစာအုပ်ကို ယခုနှစ် မေလတတိယအပတ်က စတင်ရောင်းချခဲ့ပြီး ပထမဆုံး လေလံဆွဲခဲ့သူမှာ ကဗျာစာအုပ် အမှတ်စဉ် (၁၁၅၄၃) ကို အမေရိကန်ဒေါ်လ ၁,၀၀၀ ဖြင့် မေ ၂၃ ရက်က ဝယ်ယူခဲ့ခြင်းဖြစ်သည်။
၎င်းအပြင် ကဗျာချစ်သူများ၊ သူပုန်ဖြူ ကဗျာပရိသတ်များက ကဗျာစာအုပ်ကို ပုံမှန်ဈေးနှုန်း (မြန်မာငွေကျပ် ၇၀,၀၀၀) နှင့် ဝယ်ယူအားပေးမှုများရှိပြီး ပုံမှန်ထက်ပိုသည့် တန်ဖိုးများပေး၍ အားပေးကြသူအချို့ကိုလည်း တုံ့ပြန်မေတ္တာများ ပေးသွားမည်ဟု သူပုန်ဖြူကဗျာများစုစည်းမှုကဆိုသည်။
သူပုန်ဖြူစာအုပ်ကို ပထမအကြိမ်အဖြစ် အုပ်ရေ ၁၄,၀၀၀ ထုတ်ဝေထားပြီး ထိုအထဲမှ အုပ်ရေ ၁,၀၀၀ ကို လာမည့် ဆယ်စုနှစ်တစ်ခုအတွင်း အထူးမိတ်ဆွေများအတွက် သီးသန့်သိမ်းဆည်ထားမည်ဟုလည်း ဖော်ပြထားသည်။
“ဒီမှာတော့ စာအုပ်ဖြန့်ခါစမို့ လူတွေသိပ်မသိကြသေးပါဘူး။ ရင်းနှီးတဲ့လူတွေပဲ နည်းနည်းဝယ်ကြပါ တယ်။ လိုသ လောက်မရတာ ပို့ရတာ ကြံ့ကြာတာတွေ ရှိပါတယ်။ ကြော်ငြာအားနည်းလို့လည်း ပါမယ်ထင်တယ်။ ငွေကြေးစီမံမှုကတော့ ကျနော်တို့လည်း အတိအကျမသိဘူး” ဟု ကိုးရီးယားနိုင်ငံမှ သူပုန်ဖြူစာအုပ် ရောင်းချပေးနေသူတစ်ဦးကဆိုသည်။
လက်ရှိတွင် လေလံဆွဲလိုသူအချို့ လက်ထဲသို့ အချိန်နှင့်တပြေးညီ စာအုပ်မရောက်နိုင်သေးခြင်းကြောင့် လေလံပွဲမှာ အေးစက်နေပြီး စစ်ကိုင်းငလျင်နောက်ဆက်တွဲ ဒဏ်များကြောင့် ပြည်သူများ စိတ်သောကရောက်နေချိန်အတွင်း ကဗျာစာအုပ်လေလံပွဲ ရှေ့တန်းမတင်လိုကြောင်းလည်း ရေးသားထားသည်။
စာအုပ်ဖြန့်ချီရေးနှင့်ပတ်သက်၍ ပထမအကြိမ်ထုတ်ထားသည့် ကဗျာစာအုပ် ၁၄,၀၀၀ ထဲမှ ၄၀ ရာခိုင်နှုန်းသည် စာဖတ်သူများလက်ထဲသို့ ရောက်ရှိနေပြီး ၂၀ ရာခိုင်နှုန်းမှာ ဝယ်သူများသို့ ပို့ဆောင်ထားကြောင်းလည်း ဖော်ပြထားသည်။
သူပုန်ဖြူကဗျာစာအုပ်မှာ လက်ရှိတွင် ရခိုင်ပြည်အတွင်းသို့ မရောက်သေးဘဲ ရခိုင်နှင့် ချင်းပြည်နယ်မှ စာဖတ်သူများအတွက် စာအုပ်ရေ ၁,၅၀၀ ကို သီးသန့်ချန်ထားကာ ရာသီဥတုကောင်းမွန်မှသာ အရောက်ပို့နိုင်မည်ဟု ဆိုထားသည်။
“ကဗျာစာအုပ်က စိတ်ကူးယဉ်ပြီးရေးတာထက် လက်တွေ့ကြုံရတဲ့ အခြေအနေတွေကို ဖွဲ့နွှဲ့ရေးထားတော့ ဖတ်ရတာ တော်တော်အရသာရှိပါတယ်။ အများစုက ဒီတော်လှန်ရေးအကြောင်းရယ်၊ ရခိုင်အကြောင်းရယ် ဆိုတော့ တော်လှန်ရေးလုပ်နေသူတွေကို ပိုပြီးကိုယ်ချင်းစာမိလာတယ်” ဟု ထိုင်းနိုင်ငံရောက် သူပုန်ဖြူစာဖတ် ပရိတ်သတ်တစ်ဦးက ၎င်း၏ခံစားချက်ကို ပြောပြသည်။
စာအုပ်ရောင်းရငွေ၏ ၃၅ ရာခိုင်နှုန်းကို စစ်အာဏာသိမ်းပြီးနောက်ပိုင်း ကိုယ်လက်အင်္ဂါ စွန့်လွှတ်ခဲ့ရသည့် တော်လှန်ရေးတပ်သားများကို ကူညီထောက်ပံ့သွားမည်ဖြစ်ပြီး လေလံပိတ်ပွဲအဖြစ် စာအုပ်တစ်သောင်း ရောင်းချပြီးသည့်နေ့ကို သတ်မှတ်ထားကာ အုပ်ရေတစ်သောင်းပြည့်လျှင် အသိပေးသွားမည်ဖြစ်ကြောင်း ဆိုထားသည်။
သူပုန်ဖြူကဗျာစာအုပ်သည် ရခိုင်၊ မြန်မာနှစ်ဘာသာဖြင့် ရေးသားထားပြီး စစ်အာဏာရှင်တော်လှန်ရေး ကာလအတွင်း ရခိုင်တော်လှန်ရေးနှင့် မြန်မာ့နွေဦးတော်လှန်ရေး အကြောင်းအရာများလည်း ပါဝင်ကြောင်း သိရသည်။