- အပစ်ရပ်သက်တမ်းတိုးမြှင့်ခြင်းကို စစ်ကောင်စီ အခွင့်ကောင်းယူနေဟု TNLA ပြော
- ကျောက်ဖြူမြို့ရှိ ခလရ (၃၄) တပ်ရင်းထဲ လက်နက်ကြီး ကျရောက်ပေါက်ကွဲ
- စစ်တပ်အကြံ အောင်ပွဲခံမည်လား
- တော်လှန်ရေးတပ်များ လှုပ်ရှားစိုးမိုးမှုအောက်က မြန်မာအရှေ့တောင်ပိုင်းဒေသ
- ၃၄၄ အမြောက်တပ် တိုက်ခိုက်ခံရပြီးနောက် ရေကြည်တွင် စစ်ကောင်စီ အထိုင်ချခံစစ်ပြင်ထား
ကုလသမဂ္ဂဝန်ထမ်းအဖြစ် အသွင်ယူ လုပ်ကိုင်နေသော ဟားမားစ်တပ်မှူးကို ရှင်းလင်းလိုက်ပြီဟု အစ္စရေးပြော
၂၀၂၃ ခုနှစ် အောက်တိုဘာလ ၇ ရက်နေ့က အစ္စရေးနိုင်ငံတောင်ပိုင်းကို တိုက်ခိုက်ရာတွင် ပါဝင်ခဲ့သည့် ဟားမတ်စ်တပ်မှူးတစ်ဦးကို သတ်ပစ်လိုက်ပြီဖြစ်ကြောင်း အစ္စရေးစစ်တပ်က ပြောကြားသည်ဟု ရိုက်တာသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
25 Oct 2024

DMG ၊ အောက်တိုဘာ ၂၅
၂၀၂၃ ခုနှစ် အောက်တိုဘာလ ၇ ရက်နေ့က အစ္စရေးနိုင်ငံတောင်ပိုင်းကို တိုက်ခိုက်ရာတွင် ပါဝင်ခဲ့သည့် ဟားမတ်စ်တပ်မှူးတစ်ဦးကို သတ်ပစ်လိုက်ပြီဖြစ်ကြောင်း အစ္စရေးစစ်တပ်က ပြောကြားသည်ဟု ရိုက်တာသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
၎င်းတပ်မှူးသည် ဂါဇာကမ်းမြောင်၌ ကုလသမဂ္ဂ အကူအညီပေးရေး အေဂျင်စီ UNRWA တွင် ဝန်ထမ်းအဖြစ် အသွင်ယူထားသူဖြစ်သည်ဟု အစ္စရေးပြောသည်။
ကုလသမဂ္ဂ လုံခြုံရေးနှင့် လုပ်ငန်းဆောင်တာဆောင်ရွက်ရေး အေဂျင်စီ (UNRWA) တွင် ဝန်ထမ်းအဖြစ် အသွင်ယူ လုပ်ကိုင်နေကြသည့် ဟားမားစ်နှင့် အခြားသော လက်နက်ကိုင်အဖွဲ့ဝင်များ အမြောက်အများရှိသည်ဟု အစ္စရေးက စွပ်စွဲထားသည်။
အောက်တိုဘာလ ၇ ရက်နေ့ တိုက်ခိုက်မှုဖြစ်စဉ်တွင် UNRWA ဝန်ထမ်း ၉ ဦး ပါဝင်ခဲ့ဖွယ်ရှိပြီး ၎င်းတို့ကို အလုပ်ထုတ်ပယ်လိုက်ပြီဟု ပြီးခဲ့သည့်ဩဂုတ်လ၌ ကုလသမဂ္ဂက ပြောကြားထားသည်။
အစ္စရေးဘက်က နောက်ဆုံးပြောကြားလိုက်သော စွပ်စွဲချက်နှင့်စပ်လျဉ်း၍မူ UNRWA ဘက်က ချက်ချင်း တုံ့ပြန်မှတ်ချက်ပေးခြင်း မရှိသေးပေ။
ဂါဇာကမ်းမြောင် အလယ်ပိုင်းတွင်ဖြစ်ပွားခဲ့သော အစ္စရေး၏ တိုက်ခိုက်မှုတစ်ခုတွင် ၎င်း၏ဝန်ထမ်းများအနက်မှ တစ်ဦးသေဆုံးသွားခဲ့ကြောင်း UNRWA အေဂျင်စီဘက်က ပြီးခဲ့သောဗုဒ္ဓဟူးနေ့တွင် သီးခြားထုတ်ပြန် ပြောကြားထားသည်။