အီရန်ခေါင်းဆောင် ရာဟိုလာခိုမေနီ၏ နေအိမ်ကို ဆန္ဒပြသူများ မီးရှို့

အီရန်နိုင်ငံတွင် ဆန္ဒပြသူများသည် အစ္စလာမစ်နိုင်ငံတော် ထူထောင်ခဲ့သော ခေါင်းဆောင် အယာတိုလာ ရာဟိုလာခိုမေနီ၏ နေအိမ်ကို မီးရှို့ခဲ့ကြကြောင်း သောကြာနေ့ကရရှိသည့် ဓာတ်ပုံများကို ကိုးကားပြီး အေအက်ဖ်ပီသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

By Admin 19 Nov 2022

အီရန်ခေါင်းဆောင် ရာဟိုလာခိုမေနီ၏ နေအိမ်ကို ဆန္ဒပြသူများ မီးရှို့

အီရန်နိုင်ငံအလယ်ပိုင်း ခိုမိန်းမြို့ရှိ အယာတိုလာရာဟိုလာခိုမေနီ၏ နေအိမ်ကို ဆန္ဒပြသူများက မီးတင်ရှို့နေကြသည်ကို တွေ့ရစဉ်။ ဓာတ်ပုံ - AFP

DMG ၊ နိုဝင်ဘာ ၁၉

အီရန်နိုင်ငံတွင် ဆန္ဒပြသူများသည် အစ္စလာမစ်နိုင်ငံတော် ထူထောင်ခဲ့သော ခေါင်းဆောင် အယာတိုလာ ရာဟိုလာခိုမေနီ၏ နေအိမ်ကို မီးရှို့ခဲ့ကြကြောင်း သောကြာနေ့ကရရှိသည့် ဓာတ်ပုံများကို ကိုးကားပြီး အေအက်ဖ်ပီသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

နိုင်ငံအနောက်ပိုင်း မာကာဇီခရိုင်ရှိ ခိုမိန်းမြို့တွင်ရှိသော ခိုမေနီ၏ နေအိမ်ကို မီးရှို့ပြီးနောက် ဆန္ဒပြလူအုပ်ကြီးသည် ဝမ်းသာအားရဖြင့် နေအိမ်ရှေ့မှ ဖြတ်၍ချီတက်သွားသည်ကို ဆိုရှယ်မီဒီယာပေါ်မှ ရုပ်ပုံများ၌ တွေ့ရသည်။

ခိုမေနီသည် ပြင်သစ်နိုင်ငံသို့ ထွက်သွားပြီးနောက် ၁၉၇၉ တွင် အီရန်သို့ ပြန်လာပြီး အစ္စလာမစ်တော်လှန်ရေးကို ဦးဆောင်ခဲ့သူဖြစ်သည်။ ၁၉၈၉ ခုနှစ်တွင် ခိုမေနီကွယ်လွန်ပြီးနောက် ၎င်း၏နေအိမ်ကို ခိုမေနီအမှတ်တရ ပြတိုက်အဖြစ် ဖွင့်လှစ်ထားသည်။ မီးရှို့မှုနှင့် ပတ်သက်၍ အပျက်အစီးပမာဏကို လတ်တလော မသိရသေးပေ။

ခိုမေနီကွယ်လွန်ပြီးနောက် သူ၏နေရာကို အီရန်ဘာသာရေးခေါင်းဆောင် အယာတိုလာ အာလီခါမေနီက ဆက်ခံခဲ့သည်။

အီရန်နိုင်ငံတစ်ဝန်းတွင် ဆန္ဒပြမှုများ ဖြစ်ပွားနေသည်မှာ နှစ်လခန့် ကြာမြင့်လာပြီဖြစ်သည်။ ယခုဆန္ဒပြမှုများသည် ၁၉၇၉ တော်လှန်ရေးကာလ ဆန္ဒပြမှုများနောက်ပိုင်း အပြင်းထန်ဆုံးဖြစ်သည်။

ကိုယ်ကျင့်သိက္ခာလုံထိန်းများထံတွင် ဖမ်းဆီးခံရပြီးနောက် သေဆုံးခဲ့ရသူ အီရန်အမျိုးသမီးငယ် မာဆာအာမီနီအတွက် မကျေနပ်မှုများ မြင့်တက်လာရာမှ လူထုအကြားတွင် ဆန္ဒပြမှုများ စတင်ပေါ်ထွက်လာခဲ့ခြင်း ဖြစ်သည်။

ဗီဒီယိုများ