- မလေးရှားတွင် သုံးလအတွင်း ရခိုင်ဒေသခံ ၃,၀၀၀ ခန့် ဖမ်းဆီးခံရ
- ဂွတွင် ရိက္ခာနှင့်ဆေးဝါး ပြတ်လပ်နေ၍ ဒေသခံများ အခက်ကြုံ
- ဒုက္ခသည် ဝင်ရောက်မှု တားဆီးရေး ဘင်္ဂလားဒေ့ရှ်က နယ်စပ်လုံခြုံရေး တင်းကျပ်
- သံတွဲကျပြီးနောက် ဂွတိုက်ပွဲ ပိုမိုပြင်းထန်လာ
- စစ်ကောင်စီကျူးလွန်သော ရာဇဝတ်မှု မှတ်တမ်းများကို နိုင်ငံတကာသို့ ပို့မည်ဟု ညီနောင်သုံးဖွဲ့ပြော
မလေးရှားမှာ မြေပြိုမှုကြောင့် ၁၃ ဦး သေဆုံးပြီး ဒါဇင်ပေါင်းများစွာ ပျောက်ဆုံးနေ
မလေးရှားနိုင်ငံတွင် သောကြာနေ့ အစောပိုင်းက အပန်းဖြေစခန်းဧရိယာတစ်ခု၌ မြေပြိုမှု ဖြစ်ပွားခဲ့သဖြင့် လူအများအပြား သေဆုံးပြီး ပျောက်ဆုံးနေသူလည်း ဒါဇင်ပေါင်းများစွာ ရှိနေကြောင်း မလေးရှားအာဏာပိုင်များ၏ ပြောကြားချက်ကို ကိုးကားပြီး စီအန်အေသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
16 Dec 2022
ဓာတ်ပုံ - Twitter
DMG | ဒီဇင်ဘာ ၁၆
မလေးရှားနိုင်ငံတွင် သောကြာနေ့ အစောပိုင်းက အပန်းဖြေစခန်းဧရိယာတစ်ခု၌ မြေပြိုမှု ဖြစ်ပွားခဲ့သဖြင့် လူအများအပြား သေဆုံးပြီး ပျောက်ဆုံးနေသူလည်း ဒါဇင်ပေါင်းများစွာ ရှိနေကြောင်း မလေးရှားအာဏာပိုင်များ၏ ပြောကြားချက်ကို ကိုးကားပြီး စီအန်အေသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
ဘာတန်ကာလီမြို့အနီးတွင် ဖြစ်ပွားခဲ့သည့် အဆိုပါမြေပြိုမှုကြောင့် သေဆုံးသူအရေအတွက်သည် လက်ရှိအချိန်အထိ ၁၃ ဦးရှိနေပြီဖြစ်သည်။
မြေပြိုမှုအတွင်း ရှိနေခဲ့သူ ၉၄ ဦးအနက် ဘေးကင်းလုံခြုံစွာ ရှာတွေ့ထားသူ ၆၀ ဦးရှိကြောင်း အမျိုးသား သဘာဝဘေးဒဏ် စီမံခန့်ခွဲရေးအေဂျင်စီ၏ ထုတ်ပြန်ချက်အရ သိရသည်။
ရှာဖွေရေးလုပ်ငန်းများအတွက် ဝန်ထမ်းပေါင်း ၄၀၀ ခန့်စေလွှတ်ထားပြီး ၎င်းတို့သည် ပျောက်ဆုံးနေသူများကို မြေပြိုမှုနှင့်အတူ ပြိုလဲသွားသည့် သစ်ပင်များ၊ ရွှံ့နွံများအတွင်း၌ ဆက်လက်ရှာဖွေနေကြဆဲ ဖြစ်သည်။
မလေးရှားနိုင်ငံသည် မိုးသည်ထန်စွာ ရွာသွန်းမှုများနှင့်အတူ မြေပြိုမှုများလည်း မကြာခဏဆိုသလို ကြုံတွေ့ရလေ့ရှိသည့် နိုင်ငံဖြစ်သည်။ အစိုးရသည် တောင်ကုန်းတောင်တန်း အနေအထားကို လိုက်ပြီး တင်ကြပ်သည့် စည်းကမ်းများ လိုအပ်သလို ချမှတ်လေ့ရှိသည်။
ယခုနှစ် မတ်လတွင် ကွာလာလမ်ပူ ဆင်ခြေဖုံး ရပ်ကွက်တစ်ခု၌ မိုးသည်းထန်စွာရွာသွန်းပြီး မြေပြိုခဲ့မှုကြောင်း လူလေးဦး သေဆုံးခဲ့သည်။ ၁၉၉၃ ခုနှစ်ကလည်း မိုးသည်းထန်ပြီး မြေပြိုမှုကြောင့် ကွာလာလမ်ပူမြို့စွန်ရှိ ၁၂ ထပ်တိုက်တစ်လုံး ပြိုကျကာ လူ ၄၈ ဦးသေဆုံးခဲ့သည်။