- ဖားကန့်မြို့တဝိုက် စစ်ကောင်စီ စစ်ကြောင်းလှုပ်ရှားနေ၍ တိုက်ပွဲပြင်းထန်နေ
- လေးမျက်နှာက ရခိုင်စစ်ရှောင် ၄ ဦးကို AA သံသယဖြင့် စစ်ကောင်စီ ဖမ်းဆီးသွား
- တိုက်ပွဲများ ရပ်တန့်ရန် စစ်ကောင်စီနှင့် TNLA ကို တရုတ် ခေါ်တွေ့
- အဖြေမထွက်နိုင်သည့် အမေရိကန်-တရုတ် မြေရှားသတ္တု ပဟေဠိ
- အမ်းက စစ်ရှောင်နှစ်ထောင်ကျော်မှာ စားဝတ်နေရေးနှင့် ကျန်းမာရေး အကူအညီများ အရေးပေါ်လိုအပ်နေ
မလေးရှားတွင် ၂၇ နှစ်ကြာပြီးမှ ပထမဆုံးအကြိမ် ပိုလီယိုရောဂါဖြစ်ပွား
မလေးရှားနိုင်ငံ ဆာဘားပြည်နယ် တူအာရန်မြို့တွင် ၃ လသားအရွယ် ကလေးငယ်တစ်ဦး ပိုလီယိုရောဂါ ခံစားနေရကြောင်း အတည်ပြုပြီးနောက် မလေးရှားအစိုးရသည် ပိုလီယိုကာကွယ်ဆေး တိုက်ကျွေးရေးစီမံကိန်းများ စတင်နေပြီဖြစ်သည်။
10 Dec 2019

မလေးရှားနိုင်ငံ ဆာဘားပြည်နယ် တူအာရန်မြို့တွင် ၃ လသားအရွယ် ကလေးငယ်တစ်ဦး ပိုလီယိုရောဂါ ခံစားနေရကြောင်း အတည်ပြုပြီးနောက် မလေးရှားအစိုးရသည် ပိုလီယိုကာကွယ်ဆေး တိုက်ကျွေးရေးစီမံကိန်းများ စတင်နေပြီဖြစ်သည်။
ယခုဖြစ်စဉ်သည် မလေးရှားတွင် ၂၇ နှစ်ကြာပြီးမှ ပထမဆုံးအကြိမ် ပိုလီယိုရောဂါ ပြန်လည် ပေါ်ပေါက်လာခြင်းဖြစ်သည်။
လူနာကလေးငယ်သည် အဖျားတက်ကာ ကြွက်သားအားနည်းမှုကြောင့် ဆေးရုံသို့လာပြစဉ် ပိုလီယိုပိုးအမျိုးအစား Type 1 ရှိနေကြောင်း စစ်ဆေး တွေ့ရှိခဲ့ခြင်းဖြစ်သည်။
ကလေးငယ်အား သီးခြားခွဲ၍ ကုသပေးနေသော်လည်း အခြေအနေမှာ တည်ငြိမ်နေပြီဟု ကျန်းမာရေးဝန်ကြီး ဇူကီဖလီအာမက်က တနင်္လာနေ့(ဒီဇင်ဘာ ၉ ရက်)က ကြေညာချက်တွင် ထည့်သွင်းပြောကြားခဲ့သည်။
အာရှနိုင်ငံများထဲတွင် မလေးရှားသည် ပိုလီယိုရောဂါသည် တွေ့ရှိရသော ဒုတိယနိုင်ငံဖြစ်ပြီး ပထမနိုင်ငံမှာ ဖိလစ်ပိုင်ဖြစ်ကာ စက်တင်ဘာလတွင် ပိုလီယိုရောဂါသည် တွေ့ရှိခဲ့သည်။
ဖိလစ်ပိုင်တွင် တွေ့ရှိခဲ့သည့် ပိုလီယိုရောဂါပိုးနှင့် ဆက်စပ်နေသည့် မျိုးရိုးဗီဇများကို လူနာရှင်ထံတွင် တွေ့ရှိရပြီး ကူးစက်ခံရသည့် အကြောင်းရင်းကို စုံစမ်းလျက်ရှိကြောင်း ဝန်ကြီး ဇူကီဖလီက ပြောကြားသည်။
မလေးရှားတွင် ၁၉၉၂ ခုနှစ်က နောက်ဆုံးအကြိမ်အဖြစ် ပိုလီယိုရောဂါဖြစ်ပွားခဲ့ပြီးနောက် ၂၀၀၀ ခုနှစ်တွင် ပိုလီယိုကင်းစင်ပြီဟု ကြေညာခဲ့သည်။
ကလေးငယ်နေထိုင်သည့် ကျေးရွာတွင် စစ်ဆေးမှုများ ပြုလုပ်ခဲ့ရာ ကလေး ၂၀၄ ဦးရှိသည့်အနက် ၂၅ ဦးကို ပိုလီယိုကာကွယ်ဆေး ထိုးထားခြင်း မရှိကြောင်းတွေ့ရှိခဲ့ရသည်ဟု ဝန်ကြီးက ပြောကြားသည်။
၎င်းကလေးငယ်များ အားလုံးသည် မလေးရှားနိုင်ငံသားများ မဟုတ်ကြောင်း၊ သူတို့အားလုံးကို ပိုလီယိုကာကွယ်ဆေး ထိုးပေးထားကြောင်း၊ ကူးစက်မှုများ မဖြစ်ပွားစေရန်အတွက် တခြား အန္တရာယ်ရှိသည့် ဒေသများတွင်ပါကာကွယ်ဆေး ထိုးပေးရန် လုပ်ဆောင်နေကြောင်း ဝန်ကြီးက ပြောကြားသည်။
ပိုလီယိုရောဂါကို ကြိုတင်ကာကွယ်၍သာရပြီး ကုသနိုင်သောဆေး မရှိသေးပေ။