- ရခိုင်ပြည်ကို ချောက်ထဲသို့ တွန်းပို့မည့် ဘင်္ဂလားဒေ့ရှ်၏ ကစားကွက်
- စာသင်ကျောင်း ဗုံးကြဲခံရပြီးနောက် လေးမျက်နှာ ဒေသခံ ၁၀ ကျော်ကို စစ်ကောင်စီ ဖမ်းဆီး
- မန္တလေး-ကျောက်ဖြူ ရထားလမ်းနှင့် ရေနက်ဆိပ်ကမ်းများကို အကောင်အထည်ဖော်နေကြောင်း စစ်ခေါင်းဆောင် ပြော
- လမ်းမကြီးပေါ်တွင် ကျွဲ၊ နွားတိရစ္ဆာန်များ လွှတ်ကျောင်းခြင်း လုံးဝ မပြုရန် ULA/AA ဒေသန္တရ အမိန့်ထုတ်
- ရခိုင်သို့ပို့မည့် ပဲအိတ် ၆၀၀ ကျော်နှင့် ကုန်စည်အများအပြား ဘင်္ဂလားဒေ့ရှ် ဖမ်းဆီး
အီရန်တွင် ရှီးယိုက်ဘုရားကျောင်း တိုက်ခိုက်ခံရမှုကြောင့် အနည်းဆုံး ၁၅ ဦးသေဆုံး
အီရန်နိုင်ငံတောင်ပိုင်းတွင် ဗုဒ္ဓဟူးနေ့က အထင်ကရ ရှီးယိုက်မူဆလင် ဘုရားဝတ်ကျောင်းတစ်ခု တိုက်ခိုက်ခံခဲ့ရသည့်အတွက် အနည်းဆုံး ၁၅ ဦး သေဆုံးခဲ့ကြောင်း အစိုးရပိုင်မီဒီယာက ဖော်ပြသည်။
27 Oct 2022

တိုက်ခိုက်မှုဖြစ်ပွားခဲ့သည့် ရှာချီရာဂူဗိမာန် အတွင်းပိုင်းတစ်နေရာကို တွေ့ရစဉ်။ ဓာတ်ပုံ - AFP
DMG ၊ အောက်တိုဘာ ၂၇
အီရန်နိုင်ငံတောင်ပိုင်းတွင် ဗုဒ္ဓဟူးနေ့က အထင်ကရ ရှီးယိုက်မူဆလင် ဘုရားဝတ်ကျောင်းတစ်ခု တိုက်ခိုက်ခံခဲ့ရသည့်အတွက် အနည်းဆုံး ၁၅ ဦး သေဆုံးခဲ့ကြောင်း အစိုးရပိုင်မီဒီယာက ဖော်ပြသည်။
ရှီရက်မြို့ရှိ ရှာချီရာဂူဗိမာန်၌ ဗုဒ္ဓဟူးနေ့ညပိုင်း ဝတ်ပြုနေကြစဉ် လက်နက်ကိုင် အကြမ်းဖက်သမားတစ်ဦးက ဝင်ရောက်တိုက်ခိုက်ခဲ့မှုတွင် ဒဏ်ရာရသူလည်း ၁၉ ဦးရှိခဲ့သည်ဟု အစိုးရပိုင်ရုပ်သံက ကြေညာခဲ့သည်။
အစောပိုင်းသတင်းများတွင်မူ တိုက်ခိုက်မှုကြောင့် သေဆုံးသူ ၁၃ ဦးနှင့် ဒဏ်ရာရသူ ၄၀ ဦးရှိကာ တိုက်ခိုက်သူမှာ ၃ ဦးဟု ဖော်ပြမှုများရှိခဲ့သည်။
ဒေသဆိုင်ရာ တရားရေးအရာရှိ ကာဇမ်မိုဆာဗီကမူ “ဒီတိုက်ခိုက်မှုမှာ အကြမ်းဖက်သမား တစ်ဦးတည်း ဆောင်ရွက်တာဖြစ်ပါတယ်”ဟု အစိုးရပိုင်ရုပ်သံသို့ ဖြေကြားခဲ့သည်။
မြို့တော်ဝန် မိုဟာမက်ဟာဒီအီမန်နီယာကလည်း ဘုရားကျောင်းတွင် ရောက်ရှိနေသူများအား အဆိုပါသေနတ်သမားက မြင်ရာကို လျှောက်ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း ပြောကြားသည်။
ယခုတိုက်ခိုက်မှုကို မိမိတို့ပြုလုပ်ခဲ့ခြင်း ဖြစ်ကြောင်း အိုင်အက်စ်အဖွဲ့က ပြောကြားထားသည်။
ဘုရားကျောင်းတိုက်ခိုက်မှုနှင့် ပတ်သက်သူတစ်ဦးကို ဖမ်းဆီးထားပြီဖြစ်ကာ တိုက်ခိုက်သူသည် တာဖီရီအုပ်စုများနှင့် ဆက်စပ်နေသူတစ်ဦးဟု အစိုးရရုပ်သံက ဖော်ပြသည်။ တာဖီရီဆိုသည့် အသုံးအနှုန်းသည် အီရန်နှင့် အခြားနိုင်ငံအချို့တွင် ဆွန်နီအစ္စလာမ်အဖွဲ့များကို ခေါ်ဆိုသည့်အသုံး ဖြစ်သည်။