- ဖားကန့်မြို့တဝိုက် စစ်ကောင်စီ စစ်ကြောင်းလှုပ်ရှားနေ၍ တိုက်ပွဲပြင်းထန်နေ
- လေးမျက်နှာက ရခိုင်စစ်ရှောင် ၄ ဦးကို AA သံသယဖြင့် စစ်ကောင်စီ ဖမ်းဆီးသွား
- တိုက်ပွဲများ ရပ်တန့်ရန် စစ်ကောင်စီနှင့် TNLA ကို တရုတ် ခေါ်တွေ့
- အဖြေမထွက်နိုင်သည့် အမေရိကန်-တရုတ် မြေရှားသတ္တု ပဟေဠိ
- အမ်းက စစ်ရှောင်နှစ်ထောင်ကျော်မှာ စားဝတ်နေရေးနှင့် ကျန်းမာရေး အကူအညီများ အရေးပေါ်လိုအပ်နေ
အမေရိကန်၏ ရန်လိုမှုကြောင့် ခရီးသည်တင်လေယာဉ်ကို မှားယွင်းပစ်ချခဲ့မိဟု အီရန်ဆို
အီရန်စစ်တပ်ကထုတ်ပြန်သော ကြေညာချက်တစ်စောင်တွင် ခရီးသည်တင်လေယာဉ်ကို မရည်ရွယ်ဘဲ ပစ်ခတ်ခဲ့မိ ခြင်းဖြစ်သည်ဟု ဖော်ပြထားသည်။ ရေဒါချို့ယွင်းမှုနှင့် အမေရိကန်တို့ဘက်မှာ တုံ့ပြန်တိုက်ခိုက်လာမည်ကို ထိတ်လန့်မှုတို့ကြောင့် ထိုသို့မှားယွင်းပစ်ခတ်ခဲ့မိခြင်း ဖြစ်သည်ဟုလည်း အီရန်က အကြောင်းပြထားသည်။
12 Jan 2020

ယူကရိန်းခရီးသည်တင်လေယာဉ်ကို မှားယွင်းပစ်ချခဲ့မိကြောင်း အီရန်တို့က စနေနေ့တွင် ဝန်ခံပြောကြားလိုက်ပြီး အမေရိကန်တို့၏ ရန်လိုသည့်သဘောထားကြောင့် ထိုကဲ့သို့မှားယွင်းပစ်မိခဲ့ခြင်း ဖြစ်သည်ဟု အပြစ်တင်ပြောကြား လိုက်ကြောင်း CNN သတင်းတွင် ဖော်ပြထားသည်။
အီရန်စစ်တပ်ကထုတ်ပြန်သော ကြေညာချက်တစ်စောင်တွင် ခရီးသည်တင်လေယာဉ်ကို မရည်ရွယ်ဘဲ ပစ်ခတ်ခဲ့မိ ခြင်းဖြစ်သည်ဟု ဖော်ပြထားသည်။ ရေဒါချို့ယွင်းမှုနှင့် အမေရိကန်တို့ဘက်မှာ တုံ့ပြန်တိုက်ခိုက်လာမည်ကို ထိတ်လန့်မှုတို့ကြောင့် ထိုသို့မှားယွင်းပစ်ခတ်ခဲ့မိခြင်း ဖြစ်သည်ဟုလည်း အီရန်က အကြောင်းပြထားသည်။
" အီရန်အစ္စလာမ္မစ်နိုင်ငံတော်အနေဖြင့် ဆိုးရွားလှသောမှားယွင်းမှုအတွက် နက်နက်နဲနဲ စိတ်မကောင်းဖြစ်ရပါတယ်။ ကျနော့်ရဲ့ခံစားမှုတွေနဲ့ ဆုတောင်းမေတ္တာတွေဟာ ပူဆွေးဝမ်းနည်းနေတဲ့ မိသားစုဝင်များနဲ့ထပ်တူရှိနေပါတယ် " ဟု အီရန်သမ္မတ ဟာဆန်ရိုဟာနီက ပြောကြားသည်။
ယူကရိန်းခရီးသည်တင်လေယာဉ်ခရီးစဉ် 752 သည် ဗုဒ္ဓဟူးနေ့က တီဟီရန်လေဆိပ်မှထွက်ခွာပြီး မကြာမီ ပျက်ကျသွားခဲ့ခြင်းဖြစ်သည်။ အီရန်တို့က အီရတ်ရှိအမေရိကန်စစ်စခန်း ၂ ခုကို ပစ်ခတ်တိုက်ခိုက်ခဲ့ပြီးနောက် နာရီပိုင်းအကြာတွင် ထိုကဲ့သို့ ပျက်ကျခဲ့ခြင်းဖြစ်ပြီး အီရန်တို့က ဝန်ခံခြင်းမပြုမီကပင် အနောက်နိုင်ငံခေါင်းဆောင်များက အီရန်တို့၏ ဒုံးကျည်ကြောင့် ခရီးသည်တင်လေယာဉ်ပျက်ကျခဲ့ရခြင်းဖြစ်ကြောင်း ထောက်လှမ်းရေးသတင်းများကို ကိုးကားပြီး ပြောဆိုခဲ့ကြသည်။
အီရန်ရှိစစ်စခန်း ၂ ခုတိုက်ခိုက်ခံရပြီးနောက်တွင် အီရန်နယ်စပ်အနီးတွင် အမေရိကန်စစ်လေယာဉ်များ၏ လှုပ်ရှားမှုများ မြင့်တက်လာခဲ့ပြီး မဟာဗျူဟာမြောက်နေရာများသို့ ဦးတည်လာနေသော လေကြောင်းပစ်မှတ်များတွေ့မြင်ရသည်ဟု အီရန်စစ်ဘက်အရာရှိများက သတင်းပေးပို့ခဲ့ကြသည်။
" လေယာဉ်သည် အရေးပါသည့် IRGC စစ်ရေးစင်တာကို ချဉ်းကပ်လာခဲ့ပြီး အမြင့်ပေနှင့် လေယာဉ်အခြေအနေများက တိုက်ခိုက်မည့်အသွင်နှင့် ဆင်တူနေခဲ့သည်။ ထိုအခြေအနေများအရ လေယာဉ်ကို မရည်ရွယ်ဘဲပစ်ခတ်ခဲ့မိကာ အီရန်နှင့် အခြားနိုင်ငံခြားသားပြည်သူများ အသက်ဆုံးရှုံးခဲ့ရခြင်းဖြစ်သည်" ဟု အီရန်စစ်တပ်၏ထုတ်ပြန်ချက်ထဲတွင် ဖော်ပြထားသည်။
လေယာဉ်ပျက်ကျမှုကြောင့် အသက်ဆုံးရှုံးခဲ့ရသူများထဲတွင် အီရန်နိုင်ငံသား ၈၂ ဦး၊ ကနေဒါနိုင်ငံသား ၆၃ ဦး၊ ယူကရိန်းနိုင်ငံသား ၁၁ ဦး၊ ဆွီဒင်နိုင်ငံသား ၁၀ ဦး၊ အာဖဂန်နိုင်ငံသား ၄ ဦး၊ ဂျာမန် ၃ ဦးနှင့် ဗြိတိသျှ ၃ ဦးတို့ ပါဝင်ခဲ့သည်။
" ပဋိပက္ခ ဖြစ်ပွားနေချိန်တွင် အဖြစ်ဆိုးဆီသို့ဦးတည်စေသော အမေရိကန်တို့၏ အန္တရာယ်ပေးရန် ရည်ရွယ်သည့်လုပ်ရပ်ကြောင့် လူသားအမှားအယွင်းဖြစ်ပေါ်ခဲ့ရခြင်း ဖြစ်သည်" ဟု အီရန်နိုင်ငံခြားရေးဝန်ကြီး ဂျာဗက်ဒ်ဇာရစ်ဖ်က ၎င်း၏တွစ်တာစာမျက်နှာတွင် ရေးသားထားခဲ့သည်။
ယူကရိန်းခရီးသည်တင်လေယာဉ် ပျက်ကျစေခဲ့သော မှားယွင်းပစ်ခတ်မှုအတွက် တာဝန်ရှိသူများကို စစ်ဆေးအရေးယူ သွားမည်ဟုလည်း သမ္မတရိုဟာနီက စနေနေ့တွင်ထုတ်ပြန်သော ကြေညာချက်တစ်စောင်ထဲတွင် ပြောကြားထားသည်။
ဆက်စပ်ဖတ်ရှုရန် : အာရှတွင် ၂၀၂၀ အတွင်း အဆိုးဆုံးအခြေအနေသို့ ရောက်ရှိသွားနိုင်သော ပဋိပက္ခများ