ဂျပန်ဝေဟင်မှဖြတ်ပြီး မြောက်ကိုရီးယား ပဲ့ထိန်းဒုံးကျည်ပစ်ခတ်

မြောက်ကိုရီးယားသည် ဂျပန်နိုင်ငံကို ဖြတ်ကျော်ပျံသန်းသွားသည့် တာလတ်ပစ်ဒုံးကျည်တစ်စင်းကို အင်္ဂါနေ့က ပစ်ခတ်ခဲ့ကြောင်း တောင်ကိုးရီးယားနှင့် ဂျပန်တို့ကပြောကြားသည်။

05 Oct 2022

ဓာတ်ပုံ - AFP

DMG ၊ အောက်တိုဘာ ၅

မြောက်ကိုရီးယားသည် ဂျပန်နိုင်ငံကို ဖြတ်ကျော်ပျံသန်းသွားသည့် တာလတ်ပစ်ဒုံးကျည်တစ်စင်းကို အင်္ဂါနေ့က ပစ်ခတ်ခဲ့ကြောင်း တောင်ကိုးရီးယားနှင့် ဂျပန်တို့ကပြောကြားသည်။

အဆိုပါပစ်ခတ်မှုသည် မြောက်ကိုးရီးယားက ၎င်း၏စံချိန်တင်လက်နက်စမ်းသပ်မှုကို တိုးမြှင့်လိုက်ချိန်တွင် သိသာထင်ရှားသော အရှိန်မြှင့်တင်မှုတစ်ခုဖြစ်သည်။

နောက်ဆုံးအကြိမ်အနေဖြင့် မြောက်ကိုရီးယားက ဂျပန်ကို ဖြတ်ကျော်ပျံသန်းပြီး ဒုံးကျည်ပစ်လွှတ်ခဲ့ကြောင်း သတင်းထွက်ပေါ်ခဲ့ချိန်မှာ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်းနှင့် အမေရိကန်သမ္မတဟောင်း ဒေါ်နယ်ထရန့် အပြန်အလှန်ကဲ့ရဲ့ရှုတ်ချနေသည့်ကာလ အမေရိကန်နှင့် မြောက်ကိုးရီးယား ပဋိပက္ခမြင့်မားနေချိန် ၂ဝ၁၇ ခုနှစ်တွင်ဖြစ်သည်။

ဂျဂန်ပြည်နယ် မုပြုံးရိ ဧရိယာမှ ယနေ့ နံနက် ၇ နာရီ ၂၃ မိနစ် ( ဂရင်းနစ်စံတော်ချိန် ၂၂ : ၂၃)ဝန်းကျင်တွင် တာလတ်ပစ်ပဲ့ထိန်းဒုံးကျည်ဟု ယူဆရသည့် ပစ်လွှတ်မှုတစ်ခုကိုတွေ့ရှိခဲ့ပြီး ဂျပန်နိုင်ငံကို အရှေ့ဘက် လမ်းကြောင်းအတိုင်း ဖြတ်ကျော်သွားခဲ့သည်ကို ထောက်လှမ်းတွေ့ရှိခဲ့ရကြောင်း တောင်ကိုးရီးယား စစ်တပ်က ပြောကြားခဲ့သည်။

တောင်ကိုးရီးယားစစ်တပ်သည် "စောင့်ကြပ်ကြည့်ရှုခြင်းနှင့် နိုးကြားသတိရှိမှုကို ပိုမိုအားကောင်းလာစေရန် လုပ်ဆောင်နေချိန်တွင် ပြည့်ဝသောအဆင်သင့်ဖြစ်မှု အနေအထားကို ထိန်းသိမ်းထားလျက်ရှိပြီး အမေရိကန်ပြည်ထောင်စုနှင့် နီးကပ်စွာ ပူးပေါင်းဆောင်ရွက်လျက်ရှိသည်”ဟု ပူးတွဲစစ်ဦးစီးချုပ်များက ထုတ်ပြန်ချက်တစ်ခုတွင် ပြောကြားထားသည်။

မြောက်ကိုးရီးယားမှ သံသယရှိသော ပဲ့ထိန်းဒုံးကျည်တစ်စင်း ပစ်လွှတ်ခဲ့ကြောင်းကို ဂျပန်နိုင်ငံကလည်း အတည်ပြုခဲ့ပြီး နိုင်ငံ၏ ဒုံးကျည်သတိပေးချက်ထုတ်ပြန်ကာ ဘေးကင်းရာသို့ ရွှေ့ပြောင်းရန် အသိပေးချက်များ ထုတ်ပြန်ခဲ့သည်။

"ပဲ့ထိန်းဒုံးကျည်တစ်စင်းဟာ ကျွန်တော်တို့နိုင်ငံကိုဖြတ်ကျော်ပြီး ပစိဖိတ်သမုဒ္ဒရာထဲ ကျရောက်ခဲ့တယ်လို့ ယုံကြည်ရပါတယ်။ ဒါဟာ မကြာသေးမီက ပဲ့ထိန်းဒုံးကျည်တွေ အကြိမ်ကြိမ် ပစ်လွှတ်ခဲ့ပြီးနောက် အကြမ်းဖက်မှုတစ်ခုပါ။ ဒါကို ပြင်းပြင်းထန်ထန် ရှုတ်ချပါတယ်"ဟု ဝန်ကြီးချုပ် ဖူမိအိုကီရှိဒါက သတင်းထောက်များအား ပြောကြားခဲ့သည်။

ဆွေးနွေးပွဲများ ကာလကြာရှည် ရပ်တန့်လျက်ရှိနေပြီး နျူကလီးယားလက်နက် ပိုင်ဆိုင်သည့် မြောက်ကိုရီးယားသည် ယခုနှစ်အတွင်း ကင်ဂျုံအန်း၏ စစ်ဘက်ခေတ်မီရေး အစီအစဉ်များကို နှစ်ဆတိုးမြှင့်ခဲ့ပြီး ၂ဝ၁၇ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် တိုက်ချင်းပစ်ဒုံးကျည် အပါအဝင် တားမြစ်လက်နက်မျိုးစုံကို စမ်းသပ်ခဲ့သည်။

ဗီဒီယိုများ