- စစ်ဘေးရှောင် တစ်ထောင်ကျော်နေထိုင်သည့် ဂဏန်းတောင်စခန်းတွင် စားနပ်ရိက္ခာနှင့် ဆေးဝါး အရေးပေါ် လိုအပ်နေ
- ဂါဇာအရပ်သားများကို အစ္စရေး သတ်ဖြတ်မှု ကမ္ဘာ့နိုင်ငံ ၂၈ နိုင်ငံက ရှုတ်ချကြောင်း ပူးတွဲကြေညာ
- အာရက္ခဒေသက တစ်ပတ်အတွင်း ထူးခြားသတင်းများ (ဇူလိုင် ၁၄ မှ ဇူလိုင် ၂၀ ရက်နေ့)
- ရခိုင်မြောက်ပိုင်းမှ မုန်တိုင်းငယ် (သို့မဟုတ်) ICG ၏ မီးမောင်းထိုးပြမှု
- ကျောက်ဖြူတွင် ဘုန်းကြီးကျောင်း ဗုံးကြဲခံရ၊ စစ်ရှောင် ဆရာတော်တစ်ပါး ဒဏ်ရာရ
မြောက်ကိုရီးယားနှင့် အဆင်ပြေရန် ဘက်ပေါင်းစုံ ကြိုးစားနေဟု တောင်ကိုရီးယားပြော
မြောက်ကိုရီးယားနှင့် ဆက်ဆံရေး တိုးတက်ဖို့အတွက် နည်းလမ်းပေါင်းစုံကို လေ့လာနေသည်ဟု တောင်ကိုရီးယား၏ တောင်၊မြောက် ပြန်လည်ပေါင်းစည်းရေး ဝန်ကြီးဌာနမှ ပြောခွင့်ရပုဂ္ဂိုလ်တစ်ဦးက ဇူလိုင်လ ၂၁ ရက်နေ့တွင် ပြောကြားလိုက်သည်။
21 Jul 2025

မြောက်ကိုရီးယားနှင့် ဆက်ဆံရေး တိုးတက်ဖို့အတွက် နည်းလမ်းပေါင်းစုံကို လေ့လာနေသည်ဟု တောင်ကိုရီးယား၏ တောင်၊မြောက် ပြန်လည်ပေါင်းစည်းရေး ဝန်ကြီးဌာနမှ ပြောခွင့်ရပုဂ္ဂိုလ်တစ်ဦးက ဇူလိုင်လ ၂၁ ရက်နေ့တွင် ပြောကြားလိုက်သည်။
မြောက်ကိုရီးယားရှိ အပန်းခြေစခန်းသို့ လေ့လာရေးခရီးစဉ်များ ခွင့်ပြုရန် တောင်ကိုရီးယားက စီစဉ်နေသည်ဆိုသော သတင်းအပေါ် ယခုကဲ့သို့ တုံ့ပြန် ဖြေကြားခဲ့ခြင်း ဖြစ်ကြောင်း ရိုက်တာသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
ပုဂ္ဂလိက လေ့လာရေးခရီးစဉ်များသည် နိုင်ငံတကာ၏ ဒဏ်ခတ်ပိတ်ဆို့မှုစည်းကမ်းကို ချိုးဖောက်ရာ မရောက်ဟု မိမိနားလည်ထားသည်ဟု တောင်၊မြောက်ပေါင်းစည်းရေး ဌာနမှ ပြောခွင့်ရပုဂ္ဂိုလ် ကူဗျောင်ဆန်းက ပြောသည်။
မြောက်ကိုရီးယားသည် နျူကလီးယား အစီအစဉ်များကြောင့် ကုလသမဂ္ဂ၏ ဒဏ်ခတ်အရေးယူမှုများကို ရင်ဆိုင်နေရသောနိုင်ငံ ဖြစ်ကာ ဒဏ်ခတ်မှုများမှ ကင်းလွတ်ပြီး နိုင်ငံအတွက် ဝင်ငွေ ရှာပေးနေသော လုပ်ငန်းအနည်းငယ်၌ ခရီးသွားလုပ်ငန်းလည်း ပါဝင်သည်။
တောင်ကိုရီးယား သမ္မတ လီဂျေမြောင်ကလည်း ပြီးခဲ့သောနှစ်များအတွင်း အဆိုးဆုံးသို့ ရောက်ရှိခဲ့သည့် နှစ်နိုင်ငံ ဆက်ဆံရေးအား ပိုမိုကောင်းမွန်အောင် ကြိုးပမ်းမည်ဟု ကတိပေးထားသည်။
အဆိုပါကြိုးပမ်းမှု တစ်စိတ်တပိုင်းအဖြစ်လည်း သမ္မတသည် တောင်ကိုရီးယားနယ်စပ်တွင် တက်ကြွလှုပ်ရှားသူများက လော်စပီကာကြီးများဖြင့် မြောက်ကိုရီးယား ဆန့်ကျင်ရေး ထုတ်လွှင့်မှုများကို ရပ်ဆိုင်းရန် အမိန့်ထုတ်ပြန်ထားသည်။
မြောက်ကိုရီးယားနှင့် နှစ်ဘက် ထိပ်တန်းအရာရှိများအကြား ဆွေးနွေးမှုများ ပြန်လည်စတင်နိုင်ရေးကိုလည်း ဆွေးနွေးသွားမည်ဟု သမ္မတက ပြောကြားထားသည်။
မြောက်ကိုရီးယားသည် ဝေါင်ဆန်းမြို့တွင် မကြာသေးမီကမှ ကမ်းခြေအပန်းဖြေ စခန်းတစ်ခု ဖွင့်လှစ်ခဲ့သည်။ ကမ္ဘာလှည့်ခရီးသွား လုပ်ငန်းကို မြှင့်တင်မည့် အစီအစဉ်အဖြစ် အဆိုပါ စီမံကိန်းအား မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်းကိုယ်တိုင် ကြီးကြပ်ခဲ့ခြင်းဖြစ်သည်။
တောင်ကိုရီးယားသည် ယခင်က မြောက်ကိုရီးယားရှိ ကုံဂန်တောင် ဒေသတစ်ဝိုက်သို့ အပန်းဖြေခရီးစဉ်များ ခွင့်ပြုပေးခဲ့သော်လည်း ၂၀၀၈ ခုနှစ်တွင် မြောက်ကိုရီးယားစစ်သား တစ်ယောက်၏ ပစ်ခတ်မှုကြောင့် တောင်ကိုရီးယား ခရီးသွားတစ်ယောက် သေဆုံးခဲ့ရပြီးနောက်တွင် အပန်းဖြေခရီးစဉ် ခွင့်ပြုမှုများကို ရပ်ဆိုင်းခဲ့သည်။