- ပုဂံတွင် နိုင်ငံခြားခရီးသွားများကို ဝင်ကြေးတိုးမြှင့်ပြီး နေထိုင်ခွင့်ရက် လျော့ချမည်
- လောကာနန္ဒာ မီးပွိုင့်တွင် ယာဉ်တိုက်ခံရမှုဖြစ်စဉ် အမျိုးသမီးနှစ်ဦး ဒဏ်ရာပြင်းထန်
- တောင်သူများ လူမှုဘဝဖွံ့ဖြိုးရေးအတွက် သီးနှံအာမခံစနစ် ဖော်ဆောင်သွားမည်
- စစ်ရေးပဋိပက္ခကြောင့် စိုက်ပျိုးမှုရပ်နားခဲ့ရသည့် ရခိုင်က လယ်မြေအချို့တွင် ယခုနှစ် ပြန်လည်စိုက်ပျိုးလာနိုင်
- ခွင့်ပြုချက်မဲ့ ဘာသာရေးအဆောက်အအုံများ ဆောက်လုပ်ပါက အရေးယူမည်ဟု ပလက်ဝတွင် သတိပေးစာထုတ်
နယူးဇီလန်တွင် မီးတောင်ပေါက်ကွဲမှုကြောင့် ငါးဦးသေ၊ အများအပြား ပျောက်ဆုံးနေ
နယူးဇီလန်နိုင်ငံတွင် တနင်္လာနေ့က မီးတောင်ကျွန်းတစ်ခု ပေါက်ကွဲမှုဖြစ်ပွားရာမှ လူငါးဦး သေဆုံးပြီး အများအပြား ပျောက်ဆုံးလျက်ရှိသည်။ မီးတောင် မျက်နှာပြင်အား ဒါဇင်နှင့်ချီသော ခရီးသွားများ ကြည့်ရှုလေ့လာနေကြစဉ် မီးတောင်မှ ပြာများနှင့် မီးခိုးငွေ့များမှုတ်ထုတ်ကာ ရုတ်တရက် ပေါက်ကွဲခဲ့ခြင်းဖြစ်သည်။
09 Dec 2019

နယူးဇီလန်နိုင်ငံတွင် တနင်္လာနေ့က မီးတောင်ကျွန်းတစ်ခု ပေါက်ကွဲမှုဖြစ်ပွားရာမှ လူငါးဦး သေဆုံးပြီး အများအပြား ပျောက်ဆုံးလျက်ရှိသည်။ လ မျက်နှာပြင်နှင့်တူသော မီးတောင် မျက်နှာပြင်အား ဒါဇင်နှင့်ချီသော ခရီးသွားများ ကြည့်ရှုလေ့လာနေကြစဉ် မီးတောင်မှ ပြာများနှင့် မီးခိုးငွေ့များမှုတ်ထုတ်ကာ ရုတ်တရက် ပေါက်ကွဲခဲ့ခြင်းဖြစ်သည်။
ပေါက်ကွဲမှု ဖြစ်ပွားရာ နေရာအနီးတစ်ဝိုက်တွင် စတင်ပေါက်ကွဲပြီး နာရီပေါင်းများစွာ ကြာသည်အထိ အန္တရာယ်ရှိနေဆဲဖြစ်သဖြင့် ပျောက်ဆုံးနေသူများအား ရှာဖွေနေကြသည့် ရဲတပ်ဖွဲ့ဝင်များနှင့် ကယ်ဆယ်ရေးသမားများ အတွက် အခက်အခဲများ ကြုံတွေ့လျက်ရှိသည်။
ပျောက်ဆုံးနေသူ အရေအတွက်ကို အတိအကျ မပြောနိုင်သော်လည်း ဆယ်ဂဏန်းခန့် ရှိကြောင်း ရဲဌာနမှ အရာရှိတစ်ဦးက အေပီသတင်းဌာနသို့ ဖြေကြားထားသည်။ ပေါက်ကွဲမှုဖြစ်ပွားချိန်၌ ကျွန်းပေါ်တွင်ရောက်ရှိနေသော ခရီးသွား ၅၀ ဦး အောက်ခန့် ရှိကြောင်း၊ ၎င်းတို့အထဲမှ သေဆုံးသူ ၅ ဦး အပါအဝင် ၂၃ ဦးကို ခေါ်ယူထားပြီးဖြစ်ကြောင်း ၎င်းကပြောကြားသည်။

မီးတောင်အခြေအနေသည် ယခုအချိန်ထိ မတည်ငြိမ်သေးကြောင်း ပညာရှင်များက ပြောကြားထားပြီး ကယ်ဆယ်ရေးအဖွဲ့ဝင်များသည်လည်း အမြန်ဆုံး ပြန်ဆုတ်လိုသည့်ဆန္ဒ ရှိနေကြသည်။ ပျောက်ဆုံးနေသူများ၏ အရိပ်အယောင်ကို ယခုအချိန်ထိ မမြင်တွေ့ရသေးကြောင်း အဆိုပါအရာရှိက ပြောကြားသည်။
ပေါက်ကွဲမှု ဖြစ်ပေါ်ခါနီးတွင် မီးတောင်ဝအနီး၌ ရှိနေသော ခရီးသွားအုပ်စုအတွက် စိုးရိမ်မှုများ မြင့်တက်လျှက်ရှိသည်။ ပေါက်ကွဲမှုမှ လွတ်မြောက်လာသူ ၁၈ ဦးမှာလည်း ဒဏ်ရာများရရှိထားပြီး မီးလောင်ကျွမ်းမှုဒဏ် အပြင်းအထန် ခံထားရသူများလည်း ရှိသည်။

ခရီးသွားတစ်ဦး ရိုက်ကူးထားသော ဗီဒီယိုဖိုင်တွင် ကျွန်းတစ်ခုလုံး ပြာများနှင့် မီးခိုးငွေ့များ ဖုံးလွှမ်းနေပြီး ရဟတ်ယာဉ်တစ်စီးလည်း အကြီးအကျယ်ပျက်စီးကာ ပြာများဖုံးလွှမ်းနေသည်ကို တွေ့ရသည်။
နယူးဇီလန်ဝန်ကြီးချုပ် ဂျာဆင်ဒါ အာဒန်သည် ပေါက်ကွဲမှုဖြစ်ပွားရာ ဒေသသို့ ယနေ့နှောင်းပိုင်းတွင် သွားရောက်မည်ဖြစ်သည်။ ဒုက္ခကြုံခဲ့ရသူများနှင့် ထပ်တူထပ်မျှ ယခုဖြစ်စဉ်အပေါ် အလေးထားကြောင်း သူမက ပြောဆိုသည်။
မီးတောင်ပေါက်ကွဲမှုမှ မှုတ်ထုတ်လိုက်သော ပြာမှုန်များနှင့် ရေနွေးငွေ့များသည် ပေ ၁၂,၀၀၀ အထိ မြင့်တက်ခဲ့သည်။
မီးတောင်တည်ရှိရာ ဝှိုက်ကျွန်းဆွယ်သည် နယူးဇီလန်နှင့် မိုင် ၃၀ ခန့်အကွာတွင် ရှိသည်။ အဆိုပါမီးတောင်အနီးတစ်ဝိုက်တွင် လှုပ်ရှားမှုများ မြင့်တက်လာနေကြောင်း သိပ္ပံပညာရှင်များက သတိပေးချက်များ ထုတ်ပြန်ထားသည့်ကြားမှ ခရီးသွားများ သွားရောက်လေ့လာခွင့် ရရှိခြင်းအပေါ်တွင်လည်း မေးခွန်းများ ထွက်ပေါ်လျက်ရှိသည်။
ဝှိုက်ကျွန်းဆွယ်တွင်ရှိသော ၎င်းမီးတောင်သည် နာမည်ကျော်ကြားပြီး နှစ်စဉ် လာရောက်လည်ပတ်သူ ခရီးသွား ၁၀,၀၀၀ ခန့်ရှိသည်။