- အိန္ဒိယပြည် ဝင်ခွင့် အထောက်ထားမှာ ပတ်စပို့ မဟုတ်ကြောင်း ဦးခိုင်သုခ ရှင်းပြ
- စစ်တွေသို့ ကုန်ပစ္စည်းတင်ပို့မှု စစ်ကောင်စီ ပိတ်ပင်
- ထိုင်းအစိုးရက မြန်မာဒုက္ခသည်များ၏ ကျန်းမာရေးအတွက် ဘတ်သန်း ၁၆၀ သုံးရန် လျာထား
- စစ်တွေတွင် မွတ်ဆလင်ကျေးရွာ တစ်ရွာမှ လူ ၃၀ ဦးစီ တပ်သားသစ်စုဆောင်းခံထားရဟု ကုလ ပြော
- ရခိုင်တောင်ပိုင်းက စစ်ဘေးရှောင်များကို ကူညီပေးရန် အလေးထားလုပ်နေကြောင်း ULA/AA ပြော
အူရီဒူးကုမ္ပဏီ မြန်မာနိုင်ငံမှ ထွက်ခွာရန် ဆွေးနွေးညှိနှိုင်းနေ
ကာတာအခြေစိုက် အူရီဒူး ဆက်သွယ်ရေးကုမ္ပဏီသည် မြန်မာနိုင်ငံရှိ လုပ်ငန်းလည်ပတ်မှုများအားလုံးကို ရောင်းချပြီး နိုင်ငံမှထွက်ခွာရန် ဆွေးနွေးညှိနှိုင်းမှုများ ပြုလုပ်နေကြောင်း အဆိုပါဖြစ်ရပ်နှင့် နီးစပ်သူနှစ်ဦးထံမှ သိရသည့် အချက်အလက်များကို ကိုးကားပြီး ရိုက်တာသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
20 Jul 2022

အူရီဒူးသည် မြန်မာနိုင်ငံတွင် တတိယအကြီးဆုံး ဆက်သွယ်ရေးကုမ္ပဏီဖြစ်ကာ ၂၀၂၁ အာဏာသိမ်းမှု မဖြစ်မီက အသုံးပြုသူစုစုပေါင်း ၁၅ သန်းနီးပါးရှိခဲ့ရာက ၂၀၂၂ ခုနှစ်တွင် အသုံးပြုသူ ၉ သန်းအထိ ကျဆင်းခဲ့သည်။
မြန်မာနိုင်ငံရှိ လုပ်ငန်းလည်ပတ်မှုကို ရောင်းချရန်စီစဉ်လျက်ရှိကြောင်း အူရီဒူးက မြန်မာနိုင်ငံ ဆက်သွယ်ရေးညွှန်ကြားမှု ဦးစီးဌာနသို့ တင်ပြထားပြီဖြစ်ကြောင်း သတင်းတွင် ဖော်ပြသည်။
အူရီဒူးလုပ်ငန်းစုများကို ဝယ်ယူနိုင်ခြေရှိသည့် အဓိကကုမ္ပဏီများမှာ Young Investment Group ၊ စင်္ကာပူအခြေစိုက် ဆက်သွယ်ရေးအော်ပရေတာ Campana Group ၊ ရွှေသံလွင်ကုမ္ပဏီပိုင် SkyNet တို့ဖြစ်ကြောင်း သတင်းရင်းမြစ်တစ်ဦးကို ကိုးကားပြီး ရိုက်တာက ဖော်ပြသည်။
အဆိုပါကုမ္ပဏီများနှင့် ဆွေးနွေးနေဆဲဖြစ်ကာ အပြီးသတ်သဘောတူညီမှု မရသေးကြောင်းလည်း သတင်းတွင် ဖော်ပြသည်။