- စစ်တွေရှိ လူမနေသည့် နေအိမ်များကို စစ်ကောင်စီက ဖြိုဖျက်ရောင်းစားနေ
- ရခိုင်သို့ ဓာတ်မြေသြဇာ သယ်ယူသူ ၁၁ ဦးကို ဘင်္ဂလားဒေ့ရှ် ဖမ်းဆီး
- ဆက်သွယ်ရေးအခက်အခဲကြောင့် ရမ်းဗြဲကျွန်းက ဒေသခံများ လူမှုစီးပွား ပိုကျပ်တည်းနေ
- မောင်တောတိုက်ပွဲတွင် ဘင်္ဂလားဒေ့ရှ်သို့ ထွက်ပြေးသွားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၉၀၀ ကျော်ကို ပြန်လွှဲပြောင်းထား
- ကုလစာနာမှုစင်္ကြံ အစီအစဉ်တွင် ပါဝင်ပတ်သက်ခြင်း မရှိဟု တရုတ်ပြော
အိုင်စီစီ၏ မူးယစ်ဆေးဝါးတိုက်ဖျက်ရေး စုံစမ်းမှုတွင် ဖိလစ်ပိုင်သမ္မတ ပူးပေါင်းဆောင်ရွက်မည်မဟုတ်
ဖိလစ်ပိုင်သမ္မတ ရိုဒရီဂိုဒူတာတေးသည် ဖိလစ်ပိုင်နိုင်ငံ၏ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးနှင့် ပတ်သက်၍ နိုင်ငံတကာရာဇဝတ်ခုံရုံး (အိုင်စီစီ) နှင့် ပူးပေါင်းဆောင်ရွက်မည် မဟုတ်ကြောင်း သမ္မတ၏ရှေ့နေက ကြာသပတေးနေ့တွင် ပြောကြားလိုက်သည်။
18 Sep 2021

DMG ၊ စက်တင်ဘာ ၁၈
ဖိလစ်ပိုင်သမ္မတ ရိုဒရီဂိုဒူတာတေးသည် ဖိလစ်ပိုင်နိုင်ငံ၏ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးနှင့် ပတ်သက်၍ နိုင်ငံတကာရာဇဝတ်ခုံရုံး (အိုင်စီစီ) နှင့် ပူးပေါင်းဆောင်ရွက်မည် မဟုတ်ကြောင်း သမ္မတ၏ရှေ့နေက ကြာသပတေးနေ့တွင် ပြောကြားလိုက်သည်။
အိုင်စီစီသည် နိုင်ငံတစ်နိုင်ငံ၏ ပြည်တွင်း တရားစီရင်ရေးကို ပါဝင်ဆုံးဖြတ်ပိုင်ခွင့် မရှိကြောင်းလည်း အဆိုပါရှေ့နေက အခိုင်အမာ ပြောကြားခဲ့သည်။
ဒူတာတေး၏ မူးယစ်ဆေးတိုက်ဖျက်ရေး စီမံကိန်းကို အပြည့်အဝ စုံစမ်းစစ်ဆေးရန် အိုင်စီစီမှ တရားသူကြီးများက ဗုဒ္ဓဟူးနေ့တွင် ခွင့်ပြုခဲ့သည်။
သမ္မတဒူတာတေး၏ ဤစီမံကိန်းတွင် ခန့်မှန်းခြေအားဖြင့် လူပေါင်းသောင်းနှင့်ချီ သေဆုံးခဲ့ပြီး ၎င်းသည် တရားမဝင်ပဲ အရပ်သားပြည်သူများအပေါ် စနစ်တကျ ကျူးလွန်တိုက်ခိုက်သည့် ပုံစံမျိုး ဖြစ်နေသည်ဟု လူ့အခွင့်အရေး လှုပ်ရှားသည့် အဖွဲ့များက ပြောဆိုကြသည်။
ဖိလစ်ပိုင်အနေဖြင့် “ပူးပေါင်းဆောင်ရွက်မှာ မဟုတ်သလို ပထမဆုံးအနေနဲ့ ဖိလစ်ပိုင်ဟာ အိုင်စီစီသဘောတူညီချက်ကနေ နုတ်ထွက်ထားပြီး ဖြစ်တဲ့အတွက် ဖိလစ်ပိုင်ရဲ့ တရားစီရင်ရေးမှာ အိုင်စီစီ ဝင်ပါခွင့် မရှိတော့ဘူး” ဟု သမ္မတ၏ ဥပဒေအကြံပေး အကြီးအကဲ ဆာဗန်ဒိုပန်နီလိုက DZBB ရေဒီယိုသတင်းဌာနသို့ ပြောကြားခဲ့သည်။
ဖိလစ်ပိုင်အစိုးရသည် မည်သည့်အိုင်စီစီအဖွဲ့ဝင်ကိုမှ သတင်းအချက်အလက်နှင့် သက်သေအထောက်အထား စုဆောင်းရန် ခွင့်ပြုမည်မဟုတ်သလို ၎င်းတို့အား ပြည်ဝင်ခွင့်ပါ ပိတ်မည်ဟု သူက ဖြည့်စွက်ပြောကြားသည်။
သည်ဟိတ်အခြေစိုက် တရားရုံးက ပဏာမစုံစမ်းစစ်ဆေးမှု စတင်ပြုလုပ်ပြီးနောက် သမ္မတဒူတာတေးသည် ဖိလစ်ပိုင်ကို အိုင်စီစီအဖွဲ့ဝင်အဖြစ်မှ နှုတ်ထွက်ခဲ့သည်။ အိုင်စီစီဘက်ကမူ ဖိလစ်ပိုင်နိုင်ငံ အဖွဲ့ဝင်ဖြစ်နေစဉ်တွင် ကျူးလွန်ခဲ့သည့် ရာဇဝတ်မှုများအတွက် တရားစီရင်ပိုင်ခွင့်ရှိသည်ဟု ပြောဆိုထားသည်။