- နွေဦးတော်လှန်ရေး ဦးဆောင်မှုကဏ္ဍတွင် အမျိုးသမီးပါဝင်ခွင့် အားနည်းနေသေး
- မွတ်ဆလင်ဒုက္ခသည် အကျပ်အတည်းကြောင့် လုံခြုံရေးအန္တရာယ်သစ် ပေါ်လာမည့်အလားလာရှိဟု ဘင်္ဂလားဒေ့ရှ်က ကုလတွင် သတိပေး
- ကျောက်ဖြူ-ရန်ကုန် ခရီးသွားများ စစ်ကောင်စီဌာနများနှင့် ပွဲစားများမှ ပူးပေါင်းချယ်လှယ်မှုကို ခံနေရ
- သူပုန်ဖြူကဗျာစာအုပ် လေလံပြိုင်ပွဲ အရှိန်မြင့်တက်
- ရုရှားနှင့်မြန်မာအကြား ကမ်းလွန်ရေနံနှင့် ဓာတ်ငွေ့ တူးဖော်ရေးဆိုင်ရာ ရင်းနှီးမြှုပ်နှံရေး စာချုပ် ချုပ်ဆို
ဂျပန်၏ စစ်ရေးစွမ်းရည်ကို အားဖြည့်သွားမည်ဟု ဝန်ကြီးချုပ်ကိရှိဒပြော
ဂျပန်နိုင်ငံ၏ ရေတပ်နှင့် စစ်ရေးစွမ်းရည်ကို အားဖြည့်မည်ဟု ဂျပန်ဝန်ကြီးချုပ် ဖုမိအိုကိရှိဒက ကတိပြုလိုက်ပြီး ကမ္ဘာ့နိုင်ငံများအနေဖြင့်လည်း ရန်လိုသူများကို ရင်ဆိုင်နိုင်အောင် ပြင်ဆင်ထားရမည်ဟု သတိပေးလိုက်ကြောင်း ဂျပန်သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
07 Nov 2022

ကမ္ဘာ့နိုင်ငံ ၁၃ နိုင်ငံမှ ရေတပ်သင်္ဘောများ ပါဝင်သည့် ဂျပန်ရေတပ်လေ့လာဆန်းစစ်မှု အခမ်းအနားသို့ တက်ရောက်လာသော ဝန်ကြီးချုပ် ဖုမိအိုကိရှိဒ။ ဓာတ်ပုံ - AFP
DMG ၊ နိုဝင်ဘာ ၇
ဂျပန်နိုင်ငံ၏ ရေတပ်နှင့် စစ်ရေးစွမ်းရည်ကို အားဖြည့်မည်ဟု ဂျပန်ဝန်ကြီးချုပ် ဖုမိအိုကိရှိဒက ကတိပြုလိုက်ပြီး ကမ္ဘာ့နိုင်ငံများအနေဖြင့်လည်း ရန်လိုသူများကို ရင်ဆိုင်နိုင်အောင် ပြင်ဆင်ထားရမည်ဟု သတိပေးလိုက်ကြောင်း ဂျပန်သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
နိုဝင်ဘာလ ၆ ရက်နေ့က ဂျပန်တွင်ကျင်းပသည့် နိုင်ငံတကာရေတပ် လေ့လာဆန်းစစ်မှု အစီအစဉ်၌ မိန့်ခွန်းပြောကြားရာတွင် ဝန်ကြီးချုပ်က ယခုကဲ့သို့ ထည့်သွင်းပြောကြားသွားခြင်းဖြစ်သည်။
“အခြားနိုင်ငံတွေရဲ့ ငြိမ်းချမ်းရေးနဲ့လုံခြုံရေးကို ဖျက်ဆီးဖို့အတွက် စည်းမျှဉ်းစည်းကမ်းတွေကို မလိုက်နာဘဲ အင်အားသုံးခြင်း သို့မဟုတ် ခြိမ်းခြောက်ခြင်းတွေ ပြုလုပ်သူတွေ ရှိလာတဲ့ခေတ်ကာလမှာ ကျွန်တော်တို့ ကိုယ့်ကိုယ်ကိုယ် ပြင်ဆင်ထားရပါမယ်”ဟု ကိရှိဒက ပြောကြားသည်။
တိုကျိုသည် နိုင်ငံ၏ ကာကွယ်ရေးအသုံးစရိတ်ကို ငါးနှစ်အတွင်း နှစ်ဆတိုးမြှင့်မည့် လုံခြုံရေးအစီအစဉ်တစ်ရပ် ရေးဆွဲနေလျက်ရှိချိန်၌ ယခုကဲ့သို့ ဝန်ကြီးချုပ်က မှတ်ချက်ပြုလိုက်ခြင်း ဖြစ်သည်။
ဝန်ကြီးချုပ်သည် ရုရှား၏ ယူကရိန်းကျူးကျော်စစ်ကိုလည်း ဝေဖန်ခဲ့သလို မကြာသေးမီကာလအတွင်း မြောက်ကိုရီးယား၏ ဒုံးကျည်စမ်းသပ်မှုများ တရစပ်ပြုလုပ်ခဲ့သည်များကိုလည်း ရှုတ်ချခဲ့သည်။ မြောက်ကိုရီးယားက ပဲ့ထိန်းဒုံးကျည်တစ်စင်းအား ဂျပန်နိုင်ငံ ဝေဟင်ပေါ်မှ ဖြတ်သန်းပစ်ခတ်ခဲ့သဖြင့် ဂျပန်တွင် ဖြစ်တောင့်ဖြစ်ခဲ့ ဘေးလွတ်ရာသို့ တိမ်းရှောင်ကြရန် သတိပေးချက် ထုတ်ပြန်ခဲ့ရသည်။
“ကျွန်တော်တို့နိုင်ငံ ပတ်ဝန်းကျင်ရဲ့ အမျိုးသားလုံခြုံရေး အနေအထားဟာ အရှေ့တရုတ်ပင်လယ်နဲ့ တောင်တရုတ်ပင်လယ်တွေ အပါအဝင်နေရာတွေမှာ ပိုမိုပြင်းထန်လာနေပါတယ်” ဟုလည်း ဝန်ကြီးချုပ်ကိရှိဒက ပြောကြားသည်။ ဂျပန်အပါအဝင် အခြားနိုင်ငံများနှင့် နယ်မြေပိုင်ဆိုင်မှု အငြင်းပွားနေသည့် အဆိုပါ ရေပြင်များ၌ တရုတ်သည် ခြေကုပ်မှုရရန် ကြိုးစားလျက်ရှိသည်။