ရာထူးက နုတ်ထွက်နိုင်သည်ဟု သတင်းများထွက်ပေါ်လာမှုကို ဂျပန်ဝန်ကြီးချုပ် အီရှီဘား ငြင်းဆို

ရွေးကောက်ပွဲတွင် ဆိုးဆိုးရွားရွား ရှုံးနိမ့်လိုက်ပြီးသည့်နောက်၌ ရာထူးမှ ၎င်းနုတ်ထွက်ရန် စီစဉ်နေကြောင်းကို သတင်းရင်းမြစ်များနှင့် မီဒီယာများက ဖော်ပြမှုများအား ဂျပန်ဝန်ကြီးချုပ် ရှီဂေးရု အီရှီဘားက ငြင်းဆိုလိုက်သည်ဟု ရိုက်တာသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

By Admin 23 Jul 2025

၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ၂၁ ရက် တနင်္လာနေ့က လစ်ဘရယ်ဒီမိုကရက်တစ်ပါတီ (LDP) ရုံးချုပ်၌ ကျင်းပသော သတင်းစာရှင်းလင်းပွဲသို့ ဂျပန်ဝန်ကြီးချုပ် ရှီဂေးရု အီရှီဘား တက်ရောက်လာသည်ကို မြင်တွေ့ရစဉ်။ (ဓာတ်ပုံ - AP)

ရာထူးမှနုတ်ထွက်ရန် ၎င်းဘက်က ဆုံးဖြတ်ပြီးဖြစ်ကြောင်း ဖော်ပြနေသော မီဒီယာသတင်းများမှာ အခြေအမြစ် ကင်းမဲ့လွန်းသည်ဟု အသက် ၆၈ နှစ်အရွယ် ခေါင်းဆောင်ဖြစ်သူ အီရှီဘားက ပြောကြားခဲ့သည်။

ဝန်ကြီးချုပ် အီရှီဘားနှင့်နီးစပ်သော အမည်မဖော်လိုသည့် သတင်းရင်းမြစ်တစ်ခုက အီရှီဘားသည် အမေရိကန်ပြည်ထောင်စုနှင့် ကုန်သွယ်ရေးသဘောတူညီချက် ရရှိရန် နောက်ဆုံးထားရမည့်အချိန်ဖြစ်သော သြဂုတ် ၁ ရက်နေ့ နီးကပ်လာချိန်၌ နိုင်ငံရေးမတည်မငြိမ်ဖြစ်မှုများကို ကာကွယ်ရန်အတွက် ရွေးကောက်ပွဲအပြီး ရာထူးမှ ချက်ချင်းနုတ်ထွက်ခြင်း မပြုရန် ရွေးချယ်ခဲ့ခြင်းဖြစ်သည်ဟု ပြောကြားခဲ့သည်။

ဂျပန်ဝန်ကြီးချုပ် အီရှီဘားနှင့် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် တို့သည် ပြီးခဲ့သည့် အင်္ဂါနေ့က ကုန်သွယ်ရေး သဘောတူညီချက်တစ်ရပ်ကို ထုတ်ပြန်ခဲ့ကြသည်။

ယင်းသဘောတူညီချက်အရ ဂျပန်နိုင်ငံက တင်သွင်းသော မော်တော်ယာဉ်များအပေါ် အမေရိကန်ပြည်ထောင်စုဘက်က အခွန်လျှော့ချပေးမည်ဖြစ်ကာ အခြားသော ကုန်ပစ္စည်းများနှင့် စပ်လျဉ်း၍ တိုကျိုအပေါ် ပြစ်ဒဏ်ခတ် အခွန်အသစ်များ ချမှတ်ခြင်းကလည်း ကင်းလွတ်ခွင့် ရရှိစေလိမ့်မည်ဖြစ်သည်။

အကယ်၍ ဝန်ကြီးချုပ် အီရှီဘားသာ ရာထူး နုတ်ထွက်သွားခဲ့ပါက ရာထူးရယူပြီး တစ်နှစ်မပြည့်မီကာလတွင် ထွက်ခွာခြင်းဖြစ်၍ အာဏာရ လစ်ဘရယ်ဒီမိုကရက်တစ်ပါတီအတွင်း ခေါင်းဆောင်နေရာ ရာထူးဆက်ခံမှုအတွက် ပြိုင်ဆိုင်မှု ပြင်းထန်လာတော့မည်ဖြစ်ပြီး ထောက်ခံမှုရရှိရန် ဆွဲဆောင်စည်းရုံး သိမ်းသွင်းနေသော နိုင်ငံရေးပါတီသစ်များ၊ အထူးသဖြင့် လက်ယာစွန်းပါတီများထံမှ စိန်ခေါ်မှုများကို ရင်ဆိုင်နေရချိန်၌ ယခုအခြေအနေက ရှုပ်ထွေးမှုများကို ပိုမိုဖြစ်ပေါ်လာစေလိမ့်မည်ဖြစ်သည်။