- နယ်စပ် ဒုက္ခသည်စခန်းများမှ မြန်မာများကို ထိုင်းတွင် တရားဝင်အလုပ်လုပ်ခွင့်ပေးရန် အရပ်ဘက်ကွန်ရက်တစ်ခု တောင်းဆို
- ထိုင်း - မြန်မာနယ်စပ် သုံးပုံတစ်ပုံကို KNU ထိန်းချုပ်ထား
- ၂ နှစ်ခန့် ရပ်ထားသော သံဖြူသတ္တု တင်ပို့မှု 'ဝ'အစိုးရ ပြန်စဖွယ်ရှိ
- စစ်ကောင်စီ၏ လေကြောင်းဗုံး ထုတ်လုပ်မှုအတွက် တရုတ်ကုမ္ပဏီများ အဓိက ကူညီနေကြောင်း SAC-M ထုတ်ပြန်
- ပုသိမ်ထောင်က လွတ်လာသည့် ရခိုင် နိုင်/ကျဉ်း ၂၁ ဦးကို စစ်ကောင်စီ ပြန်ဖမ်းပြီး အမှုဖွင့်
တရုတ်ကို အံတုပြီး ထိုင်ဝမ်ရေလက်ကြားတွင် ဂျပန် စစ်သင်္ဘော ပထမဆုံး ခုတ်မောင်း
ထိုင်ဝမ်ရေလက်ကြားကို ထိန်းချုပ်ပြီး ပြည်ပအင်အားကြီးနိုင်ငံများ ဖြတ်သန်းခုတ်မောင်းခြင်းကို မလိုလားသည့် တရုတ်အတွက်မူ ဒေသတွင်းလုံခြုံရေးတွင် ပိုမိုတက်ကြွစွာ ပါဝင်လာသည့် ဂျပန်၏ လုပ်ရပ်သည် အမျက်ထွက်စရာ ဖြစ်လျက်ရှိသည်။
27 Sep 2024
တရုတ်ကို အံတုမှုအဖြစ် အမေရိကန်၏ မဟာမိတ်သုံးနိုင်ငံသည် ၎င်းတို့၏ စစ်သင်္ဘောများကို ထိုင်ဝမ်ရေလက်ကြားသို့ စေလွှတ်ခဲ့ပြီး အဆိုပါနေ့တွင်ပင် တရုတ်ကလည်း ၄၄ နှစ်အတွင်း ပထမဆုံးအဖြစ် တိုက်ချင်းပစ်ဒုံးကျည်တစ်လုံးကို ပစိဖိတ်သမုဒ္ဒရာထဲသို့ စမ်းသပ်ပစ်လွှတ်ခဲ့ကြောင်း ဘလွန်းဘက်သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
အမေရိကန်၏ မဟာမိတ် ဂျပန်သည် အကဲဆတ်သည့် ထိုင်ဝမ်ရေလက်ကြားတွင် စက်တင်ဘာလ ၂၅ ရက်နေ့က စစ်သင်္ဘောတစ်စီး ခုတ်မောင်းခဲ့သည်။ ဒုတိယကမ္ဘာစစ်နောက်ပိုင်းတွင် ပထမဆုံးအကြိမ်အဖြစ် ဂျပန်စစ်သင်္ဘောတစ်စီး အဆိုပါရေလက်ကြားတွင် ခုတ်မောင်းခြင်းလည်း ဖြစ်သည်။
ထိုင်ဝမ်ရေလက်ကြားကို ထိန်းချုပ်ပြီး ပြည်ပအင်အားကြီးနိုင်ငံများ ဖြတ်သန်းခုတ်မောင်းခြင်းကို မလိုလားသည့် တရုတ်အတွက်မူ ဒေသတွင်းလုံခြုံရေးတွင် ပိုမိုတက်ကြွစွာ ပါဝင်လာသည့် ဂျပန်၏ လုပ်ရပ်သည် အမျက်ထွက်စရာ ဖြစ်လျက်ရှိသည်။
နယူးဇီလန်စစ်သင်္ဘော HMNZS Aotearoa သည်လည်း ၂၀၁၇ ခုနှစ်နောက်ပိုင်း ပထမဆုံးအဖြစ် အဆိုပါလမ်းကြောင်းတွင် ခုတ်မောင်းခဲ့သလို သြစတြေးလျစစ်သင်္ဘော HMAS Sydney သည်လည်း နယူးဇီလန်နှင့်အတူ ခုတ်မောင်းခဲ့ကြောင်း နှစ်နိုင်ငံ ကာကွယ်ရေးဝန်ကြီးဌာနများ၏ ထုတ်ပြန်ချက်များအရ သိရသည်။
အဆိုပါသင်္ဘောများ မခုတ်မောင်းမီ နာရီပိုင်းအလိုတွင် တရုတ်သည် တိုက်ချင်းပစ်ဒုံးကျည်တစ်စင်းကို အပြည်ပြည်ဆိုင်ရာ ရေပိုင်နက်ထဲသို့ စမ်းသပ်ပစ်လွှတ်ခဲ့သည်။ အာဏာရ ကွန်မြူနစ်ပါတီက ယခုကဲ့သို့ တိုက်ချင်းပစ်ဒုံးမျိုး နောက်ဆုံး စမ်းသပ်ခဲ့သည်မှာ ၁၉၈၀ ခုနှစ် မေလကဖြစ်ရာ ယခုစမ်းသပ်မှုသည် ၄၄ နှစ်အတွင်း ပထမဆုံးအကြိမ်လည်း ဖြစ်သည်။
အငြင်းပွားဖွယ် ထိုင်ဝမ်ရေလက်ကြားတွင် ယခုနှစ်အတွင်း အမေရိကန်နှင့် မဟာမိတ်နိုင်ငံများသည် ၎င်းတို့၏ စစ်သင်္ဘောများကို စံချိန်တင်လောက်သည်အထိ အကြိမ်ရေအမြောက်အများ ခုတ်မောင်းခဲ့ကြသည်။ ဂျာမနီသည်လည်း အဆိုပါ ရေလက်ကြားတွင် ၂၂ နှစ်အတွင်း ပထမဆုံးအဖြစ် စစ်သင်္ဘောတစ်စီးကို ယခုလအတွင်း ခုတ်မောင်းခဲ့သည်။