- ပြီးခဲ့သော ၁၈ လအတွင်း ဘင်္ဂလားဒေ့ရှ်သို့ ရောက်ရှိလာသည့် မွတ်ဆလင်ဒုက္ခသည် တစ်သိန်းခွဲအထိရှိ
- အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာန၏ ဝန်ထမ်း ၁,၃၀၀ ကျော် အလုပ်ထုတ်ခံရ
- ယခုနှစ်အတွင်း လူ ၃,၀၀၀ ခန့်ကို စစ်မှုထမ်းရန် စစ်ကောင်စီ အတင်းအကျပ် ဖမ်းဆီးခဲ့
- ဘင်္ဂလားဒေ့ရှ်က ကန့်သတ်မှုကြောင့် ရခိုင်-ဘင်္ဂလားဒေ့ရှ် ကုန်သွယ်ရေး အားလုံးနီးပါး ရပ်တန့်
- မောင်တောမြို့နယ်တွင် လမ်းပျက်စီးနေ၍ ဒေသခံများ သွားလာရ ခက်ခဲနေ
ဒီဇင်ဘာနောက်ပိုင်းတွင် ယူကရိန်းစစ်ပွဲ၌ ရုရှားဘက်မှသေဆုံးသူ ၂၀,၀၀၀ ကျော်ရှိကြောင်း အမေရိကန်ပြော
ယမန်နှစ် ဒီဇင်ဘာလမှ လက်ရှိအချိန်အထိ ယူကရိန်းစစ်ပွဲအတွင်း သေဆုံးသူ ၂၀,၀၀၀ ကျော်အပါအဝင် ရုရှားဘက်မှ စုစုပေါင်း သေဆုံးဒဏ်ရာရသူ အရေအတွက်သည် တစ်သိန်းခန့်ရှိကြောင်း အိမ်ဖြူတော်က မေလ ၁ ရက်နေ့တွင် ပြောကြားလိုက်သည်။
02 May 2023
ယမန်နှစ် ဒီဇင်ဘာလမှ လက်ရှိအချိန်အထိ ယူကရိန်းစစ်ပွဲအတွင်း သေဆုံးသူ ၂၀,၀၀၀ ကျော်အပါအဝင် ရုရှားဘက်မှ စုစုပေါင်း သေဆုံးဒဏ်ရာရသူ အရေအတွက်သည် တစ်သိန်းခန့်ရှိကြောင်း အိမ်ဖြူတော်က မေလ ၁ ရက်နေ့တွင် ပြောကြားလိုက်သည်။
ယခုခန့်မှန်းချက်သည် အသစ်ရရှိထားသည့် အမေရိကန်ထောက်လှမ်းရေး အချက်အလက်များအပေါ် အခြေခံထားခြင်း ဖြစ်ကြောင်း အိမ်ဖြူတော် အမျိုးသားလုံခြုံရေးကောင်စီ ပြောခွင့်ရ ဂျွန်ကာဘီက ပြောကြားသည်။
ဒွန်းညက်ဒေသအရှေ့ပိုင်းတွင်း အပြင်းထန်ဆုံး တိုက်ပွဲများ ဖြစ်ပွားလျက်ရှိပြီး ဘာမွတ်မြို့ကို ဝိုင်းထားနိုင်ရန် ကြိုးစားနေသော ရုရှားတပ်များသည် အသေအကြေခုခံနေကြသည့် ယူကရိန်းတပ်ဖွဲ့ဝင်များနှင့် ရင်ဆိုင်နေရသည်။
ရုရှားတို့၏ ယူကရိန်းကျူးကျော်စစ် စတင်ခဲ့ပြီးနောက် ရှစ်လအကြာ၌ ရုရှားဘက်က သေဆုံးဒဏ်ရာရသူ အရေအတွက်သည် တစ်သိန်းကျော်ရှိကြောင်း အမေရိကန် ပူးတွဲစစ်ဦးစီးချုပ် မတ်မီလီက ပြီးခဲ့သောနှစ် နိုဝင်ဘာလတွင် ပြောကြားခဲ့သည်။ ယခုအသစ်ထုတ်ပြန်သော အချက်အလက်များအရ ရုရှားသည် ပြီးခဲ့သောလများအတွင် ကျဆုံးထိခိုက်မှု အံ့အားသင့်ဖွယ် ပမာဏအထိ မြင့်တက်လာခြင်းလည်း ဖြစ်သည်။
ပြီးခဲ့သော ဒီဇင်ဘာလနောက်ပိုင်း ရုရှားဘက်မှ သေဆုံးသူများ၏ ထက်ဝက်နီးပါးမှာ ရုရှားစစ်တပ်အတွက် ဝင်တိုက်ပေးနေသည့် ဝဂ္ဂနာစစ်အုပ်စု အဖွဲ့ဝင်များ ဖြစ်ကာ အများစုမှာ စစ်ပွဲတွင် ပါဝင်တိုက်ခိုက်ရန် အတွက် အကျဉ်းကျခံနေရခြင်းမှ လွတ်မြောက်လာသည့် ရာဇဝတ်သားများ ဖြစ်ကြသည်။ ၎င်းတို့သည် လုံလောက်သော လေ့ကျင့်မှုနှင့် တိုက်ပွဲအတွေ့အကြုံမရှိ၊ အဖွဲ့အစည်းဆိုင်ရာ အမိန့်ပေးမှုနှင့် အမိန့်နာခံမှုတို့ မရှိဘဲ တိုက်ပွဲတွင်းသို့ ရောက်လာကြသူများ ဖြစ်ကြောင်း ကာဘီကပြောသည်။