- တရားမဝင်ငါးဖမ်းနေမှုများကို ဘင်္ဂလားဒေ့ရှ်နှင့် ပူးပေါင်းဖြေရှင်းရန် မျှော်လင့်ကြောင်း AA ပြော
- တရုတ် လက်နက်ကိုင်ကြေးစားတပ်ဖွဲ့ဝင် ၂၇ ဦးကို Power China စက်ရုံတွင် အခြေချထား
- ညောင်ကျိုး ကျပြီးနောက် ကပစ စက်ရုံများတွင် စစ်ကောင်စီ လုံခြုံရေးတိုးမြှင့်
- နောက်နှစ် အိဒ်ပွဲတော်ကို ရခိုင်ပြည်တွင် ကျင်းပရအောင် ကြိုးပမ်းပေးမည်ဟု မွတ်ဆလင်ဒုက္ခသည်များကို မိုဟာမက်ယူနွတ်ပြော
- ULA ပညာရေးဌာနတွင် တာဝန်ထမ်းဆောင်ရန် ဝန်ထမ်းများ ဖိတ်ခေါ်
လျှပ်စစ်မီးရရှိရေး ရုန်းကန်နေရသည့် ယူကရိန်းကီယက်ဗ်ကို ရုရှားက ဒရုန်းများဖြင့် တိုက်ခိုက်
ယူကရိန်းမြို့တော် ကီယက်ဗ်ကို ရုရှားက တနင်္လာနေ့ အာရုံတက်အချိန်၌ ဒရုန်းများဖြင့် တိုက်ခိုက်ခဲ့ကြောင်း ကီယက်ဗ်စစ်ဘက် စီမံခန့်ခွဲရေးဌာနက ပြောကြားလိုက်သည်။
19 Dec 2022
ဓာတ်ပုံ - AP, AFP
DMG | ဒီဇင်ဘာ ၁၉
ယူကရိန်းမြို့တော် ကီယက်ဗ်ကို ရုရှားက တနင်္လာနေ့ အာရုံတက်အချိန်၌ ဒရုန်းများဖြင့် တိုက်ခိုက်ခဲ့ကြောင်း ကီယက်ဗ်စစ်ဘက် စီမံခန့်ခွဲရေးဌာနက ပြောကြားလိုက်သည်။
“ရန်သူဟာ မြို့တော်ကို တိုက်ခိုက်နေပါတယ်” ဟု စီမံခန့်ခွဲရေးဌာနက တယ်လီဂရမ်ပေါ်၌ ရေးသားခဲ့သည်။
“လက်ရှိမှာတော့ မောင်းသူမဲ့ယာဉ် ကိုးစင်းကို ကီယက်ဗ်ဝေဟင်ကနေ ပစ်ချထားပါတယ်” ဟုလည်း သူကပြောကြားသည်။
ကီယက်ဗ်မြို့တော်ဝန် ဗစ်တာလီကလစ်ရှ်ကို ကလည်း မြို့တော်အတွင်း၌ ပေါက်ကွဲသံများ ကြားရကြောင်း အတည်ပြုပြောကြားသည်။
“ဆိုလိုမင်စကီးနဲ့ ရှက်ချင်ကစ်စကီး ခရိုင်တွေမှာ ပေါက်ကွဲသံတွေ အများအပြားကြားရပါတယ်” ဟု သူကပြောကြားသည်။
ယူကရိန်းနိုင်ငံတစ်ဝန်းတွင် ပြင်းထန်သော အအေးဒဏ်ကို ရင်ဆိုင်နေရသည်။ ရုရှားတို့၏ တိုက်ခိုက်မှုများကြောင်း နိုင်ငံတစ်ဝန်းတွင် ပြည်သူသန်းပေါင်းများစွာသည်လည်း သောက်သုံးရေပြတ်လပ်မှု၊ လျှပ်စစ်ဓာတ်အား ပြတ်တောက်မှုများနှင့် ရင်ဆိုင်နေရသည်။
ရုရှားကာကွယ်ရေး ဝန်ကြီးဌာနကမူ မိမိတို့၏ တိုက်ခိုက်မှုများသည် ယူကရိန်းစစ်ဘက်နှင့် စွမ်းအင်ဆိုင်ရာ အဆောက်အအုံများကိုသာ ပစ်မှတ်ထားခြင်း ဖြစ်သလို ပြည်ပနိုင်ငံများ၏ လက်နက်အထောက်အပံ့များကို တိုက်ခိုက်ခြင်းဟု ပြောကြားထားသည်။
ရုရှားသည် ပြီးခဲ့သော သောကြာနေ့ကလည်း ယူကရိန်းနိုင်ငံတစ်ဝန်းရှိ မြို့ကြီးများကို ဒုံးကျည်အစင်း ၇၀ ကျော် ပစ်ခတ်ခဲ့သည်။
မော်စကိုသည် ဆောင်းရာသီကာလအတွင်း ကီယက်ဗ်ကို သိမ်းယူရန် ကြိုးစားမှုအပါအဝင် အရေးပါသည့် ထိုးစစ်ကြီးတစ်ရပ် ဆင်နွှဲရန် အားယူနေကြောင်း ယူကရိန်း စစ်ဘက်ခေါင်းဆောင်များက သတိပေးထားသည်။