- ယူကရိန်းအတွက် ဒရုန်းဝယ်ယူမှုမှာ အကြီးအကျယ်လာဘ်စားခဲ့သည့် ဖြစ်ရပ် အဂတိလိုက်စားမှု တိုက်ဖျက်ရေးအဖွဲ့များ ဖော်ထုတ်
- ပါလက်စတိုင်းနိုင်ငံ မရသရွေ့ လက်နက်မစွန့်ဟု ဟားမားစ်ပြော
- စစ်အုပ်ချုပ်ရေး ကြေညာပြီးနောက် AA ထိန်းချုပ်နယ်မြေများကို စစ်ကောင်စီ စစ်ရေးအရ တိုက်ခိုက်လာ
- မြန်မာစုံတွဲကို ရိုက်နှက်တိုက်ခိုက်သွားသူ လေးဦးအား ထိုင်းရဲတပ်ဖွဲ့ ရှာဖွေ
- နွေဦးတော်လှန်ရေး အားပေးစကားပြောရင်း သူပုန်ဖြူစာအုပ်ကို ရေးခဲ့ကြောင်း ဒေါက်တာညို ပြော
ယူကရိန်းအတွက် ဒရုန်းဝယ်ယူမှုမှာ အကြီးအကျယ်လာဘ်စားခဲ့သည့် ဖြစ်ရပ် အဂတိလိုက်စားမှု တိုက်ဖျက်ရေးအဖွဲ့များ ဖော်ထုတ်
ယူကရိန်းနိုင်ငံ၏ အဂတိလိုက်စားမှု တိုက်ဖျက်ရေးအေဂျင်စီများသည် ပါလီမန်ဘက်က ၎င်းတို့၏ လုပ်ပိုင်ခွင့်အာဏာကို ပြန်လည်အပ်နှင်းလိုက်ပြီးသည့်နောက် နှစ်ရက်အကြာတွင် စစ်ဘက်ဆိုင်ရာ ဝယ်ယူရေးကန်ထရိုက် စာချုပ်များ၌ စျေးနှုန်းများတိုးမြှင့် သတ်မှတ်ထားသည့် အကြီးစား လာဘ်စားမှုဖြစ်ရပ်ကြီးတစ်ခုကို ဖော်ထုတ်လိုက်ကြောင်း အေပီသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
04 Aug 2025

ယူကရိန်းနိုင်ငံ၏ အဂတိလိုက်စားမှု တိုက်ဖျက်ရေးအေဂျင်စီများသည် ပါလီမန်ဘက်က ၎င်းတို့၏ လုပ်ပိုင်ခွင့်အာဏာကို ပြန်လည်အပ်နှင်းလိုက်ပြီးသည့်နောက် နှစ်ရက်အကြာတွင် စစ်ဘက်ဆိုင်ရာ ဝယ်ယူရေးကန်ထရိုက် စာချုပ်များ၌ စျေးနှုန်းများတိုးမြှင့် သတ်မှတ်ထားသည့် အကြီးစား လာဘ်စားမှုဖြစ်ရပ်ကြီးတစ်ခုကို ဖော်ထုတ်လိုက်ကြောင်း အေပီသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
လူမှုကွန်ရက်စာမျက်နှာများတွင် ဩဂုတ်လ ၂ ရက်နေ့က ပူးတွဲထုတ်ပြန်ခဲ့သော ကြေညာချက်တစ်ခု၌ အမျိုးသားအဂတိလိုက်စားမှု တိုက်ဖျက်ရေးဗျူရို (NABU) နှင့် အထူးပြု အဂတိလိုက်စားမှု တိုက်ဖျက်ရေး ရှေ့နေချုပ်ရုံး (SAPO) တို့က ပြည်သူ့ဘဏ္ဍာငွေများကို အသုံးပြု၍ ဒရုန်းများနှင့် အခြားသော စစ်ဘက်သုံးပစ္စည်းကိရိယာများကို စျေးနှုန်းများ တိုးမြှင့်သတ်မှတ်ဝယ်ယူသည့် အစီအစဉ်တစ်ရပ်၌ သံသယရှိသူများက လာဘ်ငွေများ ရယူခဲ့သည်ကို စစ်ဆေးတွေ့ရှိရသည်ဟု ပြောကြားခဲ့သည်။
ထုတ်ပြန်ကြေညာချက်တွင် "အဆိုပါ လာဘ်စားမှုကွန်ရက်၏ အဓိကအချက်မှာ နိုင်ငံတော်ပိုင် ကန်ထရိုက်စာချုပ်များကို ပစ္စည်းပေးပို့တင်သွင်းသော ကုမ္ပဏီများနှင့် လက်ဝါးချင်းရိုက်ကာ မရိုးသားသည့်နည်းလမ်းဖြင့် စျေးနှုန်းများ တိုးမြှင့်သတ်မှတ်ချုပ်ဆိုခြင်းပင်ဖြစ်သည်" ဟု ဖော်ပြထားသည်။
ထို့အပြင် အကျင့်ပျက်ခြစားသူများသည် စာချုပ်တန်ဖိုး၏ ၃၀ ရာခိုင်နှုန်းအထိ ပမာဏရှိသော လာဘ်ငွေများကို လက်ခံရယူခဲ့ကြကြောင်းလည်း ထုတ်ပြန်ချက်တွင် ဖြည့်စွက်ဖော်ပြထားသည်။
ဖမ်းဆီးထိန်းသိမ်းခံထားရသူများ၏ ကိုယ်ရေးအချက်အလက်များကို အဂတိလိုက်စားမှု တိုက်ဖျက်ရေးအဖွဲ့များက ထုတ်ပြန်ပြောကြားခြင်း မရှိသော်လည်း ယူကရိန်းပါလီမန် အမတ်တစ်ဦးကမူ ဖမ်းဆီးထိမ်းသိန်းခံရသူများတွင် ဒေသဆိုင်ရာ ခရိုင်နှင့် မြို့တော်အရာရှိများ၊ အမျိုးသားအစောင့်တပ်ဖွဲ့ဝင်များ ပါဝင်ခဲ့ကြောင်း ပြောကြားခဲ့သည်။
ယခုအချိန်အထိ လူလေးဦးကို ဖမ်းဆီးထားကြောင်း ၎င်းတို့က ထုတ်ဖော်ပြောကြားခဲ့ပြီး ပြည်ထဲရေးဝန်ကြီးဌာနကလည်း အဆိုပါကိစ္စတွင် ပါဝင်ပတ်သက်ခဲ့သော အမျိုးသားအစောင့်တပ်ဖွဲ့ဝင်များကို ရာထူးတာဝန်များမှ ရုပ်သိမ်းဖယ်ရှားလိုက်ကြောင်း ပြောကြားခဲ့သည်။
ယူကရိန်းနှင့် ရုရှားနှစ်နိုင်ငံစလုံးအတွက် ခေတ်သစ်စစ်ပွဲများတွင် မောင်းသူမဲ့ ဒရုန်းယာဉ်များက အရေးပါသောပစ္စည်းတစ်ခု ဖြစ်လာခဲ့ပြီး စစ်မြေပြင်၌ စစ်ဘက်ဆိုင်ရာ ထောက်လှမ်းရေး၊ တိကျသေချာသော တိုက်ခိုက်မှုများနှင့် မဟာဗျူဟာမြောက် ပြောင်းလွယ်ပြင်လွယ်သောစွမ်းရည်များကို မြှင့်တင်ပေးရာတွင် အသုံးပြုလျက်ရှိကြသည်။
ယူကရိန်းတပ်ဖွဲ့များသည် မောင်းသူမဲ့လေယာဉ်များကို အသုံးပြု၍ ပစ်မှတ်ထားတိုက်ခိုက်ခြင်းဖြင့် ရုရှားစစ်ဘက်ဆိုင်ရာ ပိုင်ဆိုင်မှုများအနက်က အဓိကကျသောအများစုကို ဖျက်ဆီးနိုင်ခဲ့ပြီး ယင်းသို့ဖျက်ဆီးနိုင်ခဲ့မှုတွင် လူသားစွမ်းအင်ရင်းမြစ် တပ်ဖွဲ့ဝင်အင်အားနှင့် လက်နက်ကြီးများလည်း ပါဝင်ခဲ့သည်။