မိမိတို့အပေါ် မည်သည့် နျူကလီးယားတိုက်ခိုက်မှုမဆို အာဏာရှင်ကျဆုံးခန်းသို့ ဦးတည်သွားလိမ့်မည်ဟု အမေရိကန်နှင့် တောင်ကိုရီးယားက မြောက်ကိုရီးယားကို သတိပေး

ပြုံယမ်းဘက်ကမည်ကဲ့သို့သော နျူကလီးယားတိုက်ခိုက်မှုမျိုမဆို ပြုလုပ်လာသည်ရှိသော် ခေါင်းဆောင်ကင်ဂျုံအန်း၏ အာဏာရှင်အစိုးရ ပြုတ်ကျခြင်းဆီသို့ ဦးတည်သွားလိမ့်မည်ဟု အမေရိကန်နှင့် တောင်ကိုရီးယားစစ်ဦးစီးချုပ်များက နိုဝင်ဘာလ ၃ ရက်နေ့တွင် သတိပေးပြောကြားလိုက်သည်။

By Admin 04 Nov 2022

မိမိတို့အပေါ် မည်သည့် နျူကလီးယားတိုက်ခိုက်မှုမဆို အာဏာရှင်ကျဆုံးခန်းသို့ ဦးတည်သွားလိမ့်မည်ဟု အမေရိကန်နှင့် တောင်ကိုရီးယားက မြောက်ကိုရီးယားကို သတိပေး

အမေရိကန်နှင့် တောင်ကိုရီးယားကာကွယ်ရေးဝန်ကြီးတို့ မေရီလန်းပြည်နယ်ရှိ အင်ဒရူးလေတပ်စခန်းတွင် ကြာသပတေးနေ့က မှတ်တမ်းဓာတ်ပုံရိုက်ယူစဉ်။ ဓာတ်ပုံ - AFP

DMG | နိုဝင်ဘာ ၄

ပြုံယမ်းဘက်ကမည်ကဲ့သို့သော နျူကလီးယားတိုက်ခိုက်မှုမျိုမဆို ပြုလုပ်လာသည်ရှိသော် ခေါင်းဆောင်ကင်ဂျုံအန်း၏ အာဏာရှင်အစိုးရ ပြုတ်ကျခြင်းဆီသို့ ဦးတည်သွားလိမ့်မည်ဟု အမေရိကန်နှင့် တောင်ကိုရီးယားစစ်ဦးစီးချုပ်များက နိုဝင်ဘာလ ၃ ရက်နေ့တွင် သတိပေးပြောကြားလိုက်သည်။

ယခုနှစ်အတွင်းမြောက်ကိုရီးယား၏ ဒုံးကျည်စမ်းသပ်မှုများ အများအပြားရှိလာပြီးနောက်တွင် ယခုကဲ့သို့ သတိပေးပြောကြားလိုက်ခြင်း ဖြစ်သည်။

မြောက်ကိုရီးယားဘက်ကမည်ကဲ့သို့ သောရန်စမှုမျိုးကိုမဆို ရှိလာလျှင် တုံ့ပြန်ရန်အတွက် တောက်လျှောက်တပ်ဖြန့်ထားနိုင်သည့် အခြေအနေမျိုးအထိ အမေရိကန်၏ နျူကလီယားလက်နက်များကို နေရာချထားသွားမည်ဟု အမေရိကန်ကာကွယ်ရေးဝန်ကြီး လွိုက်အော်စတင်က ကတိပေးသွားသည်ဟုလည်း တောင်ကိုရီးယားကာကွယ်ရေးဝန်ကြီး လီဂျွန်ဆက်က ပြောကြားသည်။

ကြာသပတေးနေ့က ကျင်းပသည့် နှစ်နိုင်ငံပူးတွဲလုံခြုံရေးအစည်းအဝေးအပြီး အော်စတင်နှင့် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် လီဂျွန်ဆက်က ယခုကဲ့သို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။

မြောက်ကိုရီးယားသည် ၂၀၁၇ ခုနှစ်နောက်ပိုင်း ၎င်း၏ ခုနစ်ကြိမ်မြောက် နျူကလီးယားစမ်းသပ်မှုကို အမေရိကန်၏ ကြားကာလရွေးကောက်ပွဲအချိန်နှင့်ကပ်လျှက် ပြုလုပ်သွားနိုင်ခြေရှိနေကြောင်း လေ့လာသူများက သုံးသပ်မှုများရှိသည်။

ပြီးခဲ့သောရက်ပိုင်းက ပြုလုပ်ခဲ့သည် မြောက်ကိုရီးယား၏ ဒုံးကျည်ပစ်ခတ်မှုများသည် အမေရိကန်နှင့် တောင်ကိုရီးယားတို့ ပြုလုပ်လျက်ရှိသည့် လေကြောင်းပူးတွဲစစ်ရေးလေ့ကျင့်မှုအား တုံ့ပြန်သည့်သဘောဟု ယူဆရသည်။

မြောက်ကိုရီးယားနိုင်ငံသည် ဗုဒ္ဓဟူးနေ့ တစ်ရက်တည်း၌ ဒုံးကျည်အစင်းအနည်းဆုံး ၁၀ စင်းအထိ ပစ်ခတ်မှုပြုလုပ်ခဲ့သည်။ 

“မြောက်ကိုရီးယားသည် နိုင်ငံအရှေ့ဘက်နှင့် အနောက်ဘက်များသို့ ဒုံးကျည် ၁၀ စင်းထက်မနည်း ပစ်လွှတ်ခဲ့ပြီး ဒုံးကျည်များမှာ အမျိုးအစားအစုံပါဝင်သည်” ဟု တောင်ကိုရီးယားပူးတွဲစစ်ဦးစီးချုပ်၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အဆိုပါပစ်ခတ်မှုများကြောင့် တောင်ကိုရီးယားပိုင် အူလွန်ဒို ကျွန်းတွင် လေကြောင်းရန်ကာကွယ်ရေး သတိပေးချက်တစ်ရပ် ထုတ်ပြန်ခဲ့ရသည်။

တောင်ကိုရီးယားနှင့် အမေရိကန်တို့သည် တနင်္လာမှ သောကြာနေ့အထိ ငါးရက်တိုင်တိုင် ‘ဝီရိယမုန်တိုင်း’ ဟုအမည်ပေးထားသည့် ပူးတွဲစစ်ရေးလေ့ကျင့်မှုတစ်ရပ်ကိုလေ့ကျင့်ခဲ့ပြီးအဆိုပါ စစ်ရေးလေ့ကျင့်မှု၌ နှစ်ဘက်စစ်လေယာဉ် ရာပေါင်းများစွာပါဝင်ခဲ့သည်။ 

ဗီဒီယိုများ