- စစ်ဘေးရှောင်များကို ငွေပေးပြီး စစ်သင်တန်းတက်ရန် ALP စည်းရုံးနေ
- ICC ဒဏ်ခတ်အရေးယူခဲ့သည် Trump အစိုးရအဖွဲ့ကို Fortify Rights တရားစွဲ
- ပုသိမ်က ပြည်သူ့စစ်သင်တန်းဆင်းများကို စစ်တွေသို့ ပို့နေ
- ဘင်္ဂလားဒေ့ရှ် ပြုပြင်ပြောင်းလဲရေးကြောင့် အစ္စလာမစ်အမာခံတွေ အတွက် လမ်းစပွင့်လာ
- "ဖေဖေ ဘယ်တော့ပြန်လာမလဲ သားသမီးတွေကမေးနေတော့ ကျမမှာ ဒီမေးခွန်းအတွက် အဖြေမရှိဘူး"
အမေရိကန်နှင့် တောင်ကိုရီးယားတို့ ပူးတွဲပြီး အကြီးဆုံး လေကြောင်းစစ်ရေးလေ့ကျင့်မှု စတင်
အမေရိကန်နှင့် တောင်ကိုရီးယားတို့အကြား ပူးတွဲပြုလုပ်သည့် စစ်ရေးလေ့ကျင့်မှုများအနက် အကြီးဆုံး လေကြောင်းစစ်ဆင်ရေး လေ့ကျင့်မှုတစ်ရပ်ကို အောက်တိုဘာလ ၃၁ ရက် တနင်္လာနေ့တွင် စတင်လိုက်ပြီဖြစ်ကြောင်း ရိုက်တာသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
31 Oct 2022

ဓာတ်ပုံ - Reuters
DMG ၊ အောက်တိုဘာ ၃၁
အမေရိကန်နှင့် တောင်ကိုရီးယားတို့အကြား ပူးတွဲပြုလုပ်သည့် စစ်ရေးလေ့ကျင့်မှုများအနက် အကြီးဆုံး လေကြောင်းစစ်ဆင်ရေး လေ့ကျင့်မှုတစ်ရပ်ကို အောက်တိုဘာလ ၃၁ ရက် တနင်္လာနေ့တွင် စတင်လိုက်ပြီဖြစ်ကြောင်း ရိုက်တာသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
ဝီရိယမုန်တိုင်း (Vigilant Storm) ဟု အမည်ပေးထားသည့် ဤစစ်ရေးလေ့ကျင့်မှုကို တနင်္လာနေ့မှ သောကြာနေ့အထိ ငါးရက်ဆက်တိုက် ပြုလုပ်မည်ဖြစ်သည်။
တနင်္လာနေ့စတင်လိုက်သည့် လေ့ကျင့်မှုတွင် နှစ်နိုင်ငံလုံးမှ တိုက်လေယာဉ်အစီးရေ ရာပေါင်းများစွာ ပါဝင်ပြီး ၂၄ နာရီတိုင်တိုင် စစ်ဆင်ရေးပြုလုပ်သည့် ပုံစံတူဖန်တီးကာ လေ့ကျင့်နေကြောင်း သတင်းတွင် ဖော်ပြသည်။
ငါးရက်ကြာ စစ်ရေးလေ့ကျင့်မှုတွင် စစ်လေယာဉ်ပေါင်း ၂၄၀ ခန့်ပါဝင်မည်ဖြစ်ကာ ပျံသန်းမှုအကြိမ်ရေ ၁၆၀၀ ခန့်ရှိမည်ဟု ပြီးခဲ့သည့် သီတင်းပတ်က အမေရိကန်လေတပ်က ထုတ်ပြန်သည့် ကြေညာချက်တစ်စောင်၌ ဖော်ပြထားသည်။
ယခုလေ့ကျင့်မှုအား ကျူးကျော်စစ်တစ်ရပ်အတွက် ကြိုတင်လေ့ကျင့်မှုဟု မြောက်ကိုရီးယားက စွပ်စွဲလိုက်သလို ဝါရှင်တန်နှင့် ဆိုးလ်တို့၏ ရန်လိုသောအပြုအမူများကို သက်သေပြလိုက်ခြင်းဟုလည်း ပြောသည်။
တောင်ကိုရီးယားနှင့် အမေရိကန်တို့ကမူ မြောက်ကိုရီးယား၏ ခြိမ်းခြောက်မှုများ ရှိလာလျှင် တုံ့ပြန်ရန်အတွက် ယခုကဲ့သို့ လေ့ကျင့်မှုများ လိုအပ်သည်ဟု ပြောကြားသည်။
မြောက်ကိုရီးယားသည် ယခုနှစ်အတွင်း ဒုံးကျည်စမ်းသပ်မှုများကို စံချိန်တင်အရေအတွက် အများအပြား ပြုလုပ်ခဲ့သည်။ ၂၀၁၇ ခုနှစ်တည်းက ရပ်တန့်ထားခဲ့သည့် နျူကလီးယား စမ်းသပ်မှုများကိုလည်း ပြန်လည်စတင်ရန် ပြင်ဆင်လျက်ရှိသည်။