- ရခိုင်ပြည်ကို ချောက်ထဲသို့ တွန်းပို့မည့် ဘင်္ဂလားဒေ့ရှ်၏ ကစားကွက်
- စာသင်ကျောင်း ဗုံးကြဲခံရပြီးနောက် လေးမျက်နှာ ဒေသခံ ၁၀ ကျော်ကို စစ်ကောင်စီ ဖမ်းဆီး
- မန္တလေး-ကျောက်ဖြူ ရထားလမ်းနှင့် ရေနက်ဆိပ်ကမ်းများကို အကောင်အထည်ဖော်နေကြောင်း စစ်ခေါင်းဆောင် ပြော
- လမ်းမကြီးပေါ်တွင် ကျွဲ၊ နွားတိရစ္ဆာန်များ လွှတ်ကျောင်းခြင်း လုံးဝ မပြုရန် ULA/AA ဒေသန္တရ အမိန့်ထုတ်
- ရခိုင်သို့ပို့မည့် ပဲအိတ် ၆၀၀ ကျော်နှင့် ကုန်စည်အများအပြား ဘင်္ဂလားဒေ့ရှ် ဖမ်းဆီး
ထိုင်းတောင်ပိုင်း နေရာတစ်ဆယ်ကျော်မှာ ပေါက်ကွဲမှုနှင့် မီးရှို့မှုများ ဖြစ်ပွား
မငြိမ်မသက်မှုများ ရှိနေသော ထိုင်းနိုင်ငံတောင်ပိုင်းတွင် သြဂုတ်လ ၁၇ ရက်နေ့က နေရာ ၁၀ ကျော်၌ မီးရှို့တိုက်ခိုက်မှုများနှင့် ပေါက်ကွဲမှုများ ဖြစ်ပွားခဲ့ပြီး ခုနစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း ထိုင်းအာဏာပိုင်များက ပြောကြားသည်။
20 Aug 2022

DMG ၊ ဩဂုတ် ၂၀
မငြိမ်မသက်မှုများ ရှိနေသော ထိုင်းနိုင်ငံတောင်ပိုင်းတွင် သြဂုတ်လ ၁၇ ရက်နေ့က နေရာ ၁၀ ကျော်၌ မီးရှို့တိုက်ခိုက်မှုများနှင့် ပေါက်ကွဲမှုများ ဖြစ်ပွားခဲ့ပြီး ခုနစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း ထိုင်းအာဏာပိုင်များက ပြောကြားသည်။
ပစ်မှတ်ထားတိုက်ခိုက်ခံရသော နေရာအများစုမှာ ပတ္တနီ၊ ယာလာနှင့် နာရာသီဝပ် ခရိုင်များမှ စက်သုံးဆီဆိုင်များရှိ စတိုးဆိုင်များဖြစ်ကြောင်း အရာရှိများ၏ ပြောကြားချက်များအရ သိရသည်။
အဆိုပါတိုက်ခိုက်မှုများတွင် ဒဏ်ရာအနည်းငယ်ရရှိသူ ခုနစ်ဦးရှိကြောင်း ထိုင်းစစ်တပ်က ထုတ်ပြန်သည့် ကြေညာချက်တစ်စောင်တွင် ဖော်ပြထားသည်။ စီစီတီဗီဖိုင်များနှင့် အခြားသက်သေများကို စုဆောင်းနေကြောင်းလည်း ထိုင်းရဲတပ်ဖွဲ့က ပြောသည်။
ကိုယ်ပိုင်အုပ်ချုပ်ခွင့် ရရှိရေးအတွက် လက်နက်ကိုင်တိုက်ခိုက်မှုများ ရှိနေသည့် ထိုင်းနိုင်ငံတောင်ပိုင်းရှိ မူဆလင်အများစုရှိရာ ခရိုင်များတွင် ၂၀၀၄ ခုနှစ်မှစတင်၍ ပဋိပက္ခများ မကြာခဏဆိုသလို ဖြစ်ပွားလျက်ရှိပြီး လက်ရှိအချိန်အထိ သေဆုံးသူ ရ ထောင်ထက်မနည်း ရှိနေပြီဖြစ်သည်။
လက်နက်ကိုင်များသည် ပုံမှန်အားဖြင့် ထိုင်းကိုကိုယ်စားပြုသည့် အရာများနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များကိုသာ တိုက်ခိုက်လေ့ရှိသည်။
ကိုဗစ်ကပ်ဘေး စတင်ခဲ့ပြီးနောက်တွင် ထိုင်းသူပုန်များနှင့် စစ်တပ်အကြား ပဋိပက္ခများ အတော်အသင့် ငြိမ်သက်နေခဲ့သည်။ ယခုကဲ့သို့ ရုတ်တရက် တစ်ပြိုင်တည်း တိုက်ခိုက်မှုများ ဖြစ်ပွားရသည့် အကြောင်းရင်းကို ရှင်းရှင်းလင်းလင်း မသိရသေးပေ။
ထိုင်းတောင်ပိုင်းဒေသသည် ထိုင်းနှင့် ယဉ်ကျေးမှုအရ အလှမ်းကွာပြီး လုံခြုံရေးအင်အား ထူထပ်စွာချထားသည့်ဒေသလည်း ဖြစ်သည်။ ထိုင်းနိုင်ငံသည် မလေးရှားနှင့် ထိစပ်နေသည့် အဆိုပါဒေသကို လွန်ခဲ့သည့် ရာစုနှစ်တစ်ခုကျော်က သိမ်းယူခဲ့ခြင်း ဖြစ်သည်။