- ပြီးခဲ့သော ၁၈ လအတွင်း ဘင်္ဂလားဒေ့ရှ်သို့ ရောက်ရှိလာသည့် မွတ်ဆလင်ဒုက္ခသည် တစ်သိန်းခွဲအထိရှိ
- အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာန၏ ဝန်ထမ်း ၁,၃၀၀ ကျော် အလုပ်ထုတ်ခံရ
- ယခုနှစ်အတွင်း လူ ၃,၀၀၀ ခန့်ကို စစ်မှုထမ်းရန် စစ်ကောင်စီ အတင်းအကျပ် ဖမ်းဆီးခဲ့
- ဘင်္ဂလားဒေ့ရှ်က ကန့်သတ်မှုကြောင့် ရခိုင်-ဘင်္ဂလားဒေ့ရှ် ကုန်သွယ်ရေး အားလုံးနီးပါး ရပ်တန့်
- မောင်တောမြို့နယ်တွင် လမ်းပျက်စီးနေ၍ ဒေသခံများ သွားလာရ ခက်ခဲနေ
နျူကလီးယားသယ်နိုင်သည့် ကိုယ်ပျောက်ဗုံးကြဲလေယာဉ် အမေရိကန်ထုတ်ပြ
နျူကလီးယားအပါအဝင် လက်နက်များသယ်ဆောင်နိုင်သည့် နည်းပညာမြင့် ကိုယ်ပျောက်ဗုံးကြဲလေယာဉ်ကို အမေရိကန်တွင် ထုတ်ဖော်ပြသလိုက်ကြောင်း ရိုက်တာသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
04 Dec 2022
B-21 ကိုယ်ပျောက်ဗုံးကြဲလေယာဉ်။ ဓာတ်ပုံ - Reuters
DMG | ဒီဇင်ဘာ ၄
နျူကလီးယားအပါအဝင် လက်နက်များသယ်ဆောင်နိုင်သည့် နည်းပညာမြင့် ကိုယ်ပျောက်ဗုံးကြဲလေယာဉ်ကို အမေရိကန်တွင် ထုတ်ဖော်ပြသလိုက်ကြောင်း ရိုက်တာသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
အဆိုပါ B-21 Raider လေယာဉ်အား Northrop Grumman လက်နက်နှင့် အာကာသနည်းပညာ ကုမ္ပဏီက ကယ်လီဖိုးနီးယားတွင် ဒီဇင်ဘာလ ၂ ရက်နေ့၌ ထုတ်ဖော်ပြသခဲ့သည်။ ပြပွဲသို့ အမေရိကန် ထိပ်တန်းအရာရှိများပါ တက်ရောက်ခဲ့ကြသည်။
“B-21 Raider ဟာ ဆယ်စုနှစ်သုံးခုကျော် ကာလအတွင်းမှာ ထွက်ရှိလာတဲ့ ပထမဆုံး ဗျူဟာမြောက်ဗုံးကြဲလေယာဉ် ဖြစ်ပါတယ်။ ဒါဟာ တီထွင်ဉာဏ်နဲ့ ဆန်းသစ်မှုမှာ အမေရိကရဲ့ ရှေ့တန်းရောက်မှုတစ်ရပ်လည်း ဖြစ်ပါတယ်”ဟု အဆိုပါလေယာဉ်အပေါ် အမေရိကန်ကာကွယ်ရေးဝန်ကြီး လွိုက်အော်စတင်က မှတ်ချက်ပြု ပြောကြားသည်။
F-22 နှင့် F-35 တိုက်လေယာဉ်များကဲ့သို့ပင် B-21 သည်လည်း ကိုယ်ပျောက်နည်းပညာကို အသုံးပြုထားသည်။ ဤနည်းပညာအရ လေယာဉ်မှထွက်ရှိသည့် အချက်ပြလှိုင်းများကို ၎င်း၏ ဒီဇိုင်းပုံစံနှင့် တည်ဆောက်ထားသည့် ပစ္စည်းများက မှေးမှိန်သွားအောင် ဆောင်ရွက်ပေးသဖြင့် ၎င်းကို ခြေရာခံရှာဖွေရန် ပိုမိုခက်ခဲသွားမည် ဖြစ်သည်။
အဆိုပါ B-21 Raider လေယာဉ်သည် လူမပါဘဲလည်း ပျံသန်းနိုင်အောင် ဖန်တီးထားခြင်း ဖြစ်သည်။
B-21 နှင့် ပတ်သက်သည့် အချက်အလက် အများအပြားကို ထုတ်ဖော်ပြသခြင်း မရှိဘဲ လျှို့ဝှက်ထားသည်။ သို့သော်လည်း ဤလေယာဉ်သည် အမေရိကန်ရေတပ်ရှိ လက်ရှိဗုံးကြဲလေယာဉ်များအား အကြီးအကျယ် အထောက်အပံ့ဖြစ်စေမည်ဟု အော်စတင်က ပြောကြားသည်။
လေယာဉ်တန်ဖိုးမှာ တစ်စီးလျှင် အမေရိကန်ဒေါ်လာ သန်း ၇၀၀ နီးပါးရှိကြောင်း သတင်းတွင်ဖော်ပြချက်အရ သိရသည်။