ရွေးကောက်ပွဲအကျပ်အတည်း ဖြေရှင်းဖို့ မလေးရှားဘုရင်က ဆူလတန်ကောင်စီကိုတောင်းဆို

မလေးရှားနိုင်ငံမှာမကြုံခဲ့ဖူးတဲ့ ရွေးကောက်ပွဲလွန်ပြဿနာတစ်ရပ် ဖြစ်နေတာ လေးရက်မြောက်ခဲ့ပါပြီ။ ဗုဒ္ဓဟူးနေ့မှာတော့ ဘယ်သူဝန်ကြီးချုပ်ဖြစ်သင့်သလဲ ဆိုတာနဲ့ပတ်သက်ပြီး ဆွေးနွေးနိုင်ဖို့ မလေးရှားဘုရင်က ဆူလတန်တွေရဲ့ အထူးအစည်းအဝေး ခေါ်ယူခဲ့ပါတယ်။

By Admin 24 Nov 2022

ရွေးကောက်ပွဲအကျပ်အတည်း ဖြေရှင်းဖို့ မလေးရှားဘုရင်က ဆူလတန်ကောင်စီကိုတောင်းဆို

မလေးရှားဘုရင် အယ်လ်-ဆူလတန် အဗ္ဗဒူလာ။ ဓာတ်ပုံ - AFP

DMG | နိုဝင်ဘာ ၂၄

မလေးရှားနိုင်ငံမှာမကြုံခဲ့ဖူးတဲ့ ရွေးကောက်ပွဲလွန်ပြဿနာတစ်ရပ် ဖြစ်နေတာ လေးရက်မြောက်ခဲ့ပါပြီ။ ဗုဒ္ဓဟူးနေ့မှာတော့ ဘယ်သူဝန်ကြီးချုပ်ဖြစ်သင့်သလဲ ဆိုတာနဲ့ပတ်သက်ပြီး ဆွေးနွေးနိုင်ဖို့ မလေးရှားဘုရင်က ဆူလတန်တွေရဲ့ အထူးအစည်းအဝေး ခေါ်ယူခဲ့ပါတယ်။

ပြီးခဲ့တဲ့စနေနေ့ ရွေးကောက်ပွဲအပြီးမှာ အတိုက်အခံခေါင်းဆောင် အန်နဝါအီဘရာဟင်နဲ့ ဝန်ကြီးချုပ်ဟောင်း မူဟစ်ဒင်ယာဆင် တို့အနေနဲ့ လုံလောက်တဲ့ထောက်ခံမှု မရတဲ့အတွက် မလေးရှားဘုရင်က ဝန်ကြီးချုပ်အသစ်ကို ရွေးချယ်ရပါလိမ့်မယ်။

ပြီးခဲ့တဲ့နှစ်အနည်းငယ်အတွင်း ဝန်ကြီးချုပ်သုံးဦးအထိ အပြောင်းအလဲဖြစ်ခဲ့တဲ့ မလေးရှားနိုင်ငံမှာ ရွေးကောက် ပွဲမသေချာမရေရာမှုတွေက နိုင်ငံရေး မတည်မငြိမ်ဖြစ်မှုကို အချိန်ပိုကြာစေနိုင်သလို စီးပွားရေးပြန်လည်ဦးမော့ လာဖို့ လိုအပ်တဲ့မူဝါဒဆိုင်ရာ ဆုံးဖြတ်ချက်တွေ နှောင့်နှေးစေနိုင်ပါတယ်။

အစိုးရသစ် ဖွဲ့စည်းရေးအတွက် ဆွေးနွေးဖို့ ကြာသပတေးနေ့မှာ တွေ့ဆုံကြမယ်လို့ နန်းတော်ရဲ့ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

စည်းမျဉ်းခံဘုရင်အနေနဲ့ နိုင်ငံရဲ့ကြီးမားတဲ့ အမျိုးဘာသာသနာ အခမ်းအနားဆိုင်ရာ ကဏ္ဍမှာ ပါဝင်နေပေမယ့် ပါလီမန်မှာ အများစုကို ဦးဆောင်နိုင်မယ်လို့ သူယုံကြည်သူတစ်ယောက်ကိုလည်း ဝန်ကြီးချုပ်အဖြစ် ခန့်အပ်နိုင်ပါ သေးတယ်။

ဘုရင် အယ်လ်-ဆူလတန် အဗ္ဗဒူလာ နဲ့ လက်ရှိ Barisan Nasional ညွှန့်ပေါင်းအဖွဲ့က ဥပဒေပြုအမတ်တွေ တွေ့ဆုံပြီးတဲ့နောက် ဘုရင်က အထူးကောင်စီတစ်ရပ်ကို ကြေညာခဲ့ပါတယ်။

မလေးရှားအစိုးရသစ်တစ်ရပ် ဖွဲ့စည်းရာမှာ အတိုက်အခံခေါင်းဆောင် အန်နဝါ အီဘရာဟင် ဒါမှမဟုတ် သူရဲ့ ပြိုင်ဘက် ဝန်ကြီးချုပ်ဟောင်း မူဟစ်ဒင်ယက်ဆင် တို့ထဲက ဘယ်သူ့ကိုမှ ထောက်ခံမှာမဟုတ်ဘူးလို့ လက်ရှိအာဏာရ Barisan Nasional ညွှန့်ပေါင်းအဖွဲ့က အင်္ဂါနေ့က ပြောကြားခဲ့ပါတယ်။ ပြတ်သားတဲ့အဖြေ မပေါ်ခဲ့တဲ့ရွေးကောက်ပွဲကြောင့် နိုင်ငံရေးအကျပ်အတည်း ပိုပြီးနက်ရှိုင်းသွားခဲ့တဲ့အတွက် အခုလို ဘုရင့်နန်းတော်ကနေ ကြေညာချက်ထွက် ပေါ်လာခဲ့ခြင်းဖြစ်ပါတယ်။

ဗီဒီယိုများ