- အဖြေမထွက်နိုင်သည့် အမေရိကန်-တရုတ် မြေရှားသတ္တု ပဟေဠိ
- အမ်းက စစ်ရှောင်နှစ်ထောင်ကျော်မှာ စားဝတ်နေရေးနှင့် ကျန်းမာရေး အကူအညီများ အရေးပေါ်လိုအပ်နေ
- ဘင်္ဂလားဒေ့ရှ် အလုပ်သမားများ ပါဝင်ပတ်သက်နေသည့် အိုင်အက်စ်အစွန်းရောက်အဖွဲ့ ကွန်ရက် မလေးရှား ဖြိုခွင်း
- ထိုင်း-မြန်မာ ပူးပေါင်းဆောင်ရွက်မှု အရှိန်မြှင့်ရန် နှစ်ဘက်သဘောတူ
- မိုးတွင်းကာလ မိုင်းနှင့် စစ်ကျန်လက်နက်များ နေရာရွှေ့တတ်သဖြင့် အသွားအလာ သတိထားရန်လို
ကျောင်းပြင်ပအွန်လိုင်းနှင့် E-Learning သင်ကြားရေး လက်လှမ်းမမီသူ ကျောင်းသား ကမ္ဘာတစ်ဝန်း ၄၆၃ သန်းရှိ
ကိုဗစ်-၁၉ ရောဂါကြောင့် စာသင်ကျောင်းများ ပိတ်ကာ အွန်လိုင်းနှင့် E-learning စနစ်များဖြင့် အဝေးမှ သင်ကြားမှုကြောင့် ကမ္ဘာတစ်ဝန်းတွင် ကျောင်းသားအများအပြားသည် ပညာသင်ကြားရေးနှင့် အဆက်ပြတ်နေကြောင်း ကုလသမဂ္ဂအဖွဲ့ကြီး၏ လေ့လာချက်တစ်ရပ်အရ သိရသည်။
27 Aug 2020

ကိုဗစ်-၁၉ ရောဂါကြောင့် စာသင်ကျောင်းများ ပိတ်ကာ အွန်လိုင်းနှင့် E-learning စနစ်များဖြင့် အဝေးမှ သင်ကြားမှုကြောင့် ကမ္ဘာတစ်ဝန်းတွင် ကျောင်းသားအများအပြားသည် ပညာသင်ကြားရေးနှင့် အဆက်ပြတ်နေကြောင်း ကုလသမဂ္ဂအဖွဲ့ကြီး၏ လေ့လာချက်တစ်ရပ်အရ သိရသည်။
အဆိုပါလေ့လာချက်အရ E-Learning စနစ်အတွက် လိုအပ်သော သင်ကြားရေးအထောက်အကူပြု ပစ္စည်းများအား လက်လှမ်းမမီဖြစ်နေရသူ ကျောင်းသားစုစုပေါင်း ၄၆၃ သန်းရှိကြောင်း ကုလသမဂ္ဂ ကလေးများရန်ပုံငွေအဖွဲ့ (UNICEF) က ပြောကြားသည်။
ကုလသမဂ္ဂအဖွဲ့ကြီးက ကမ္ဘာ့နိုင်ငံပေါင်း ၁၀၀ ခန့်တွင် အင်တာနက်၊ တီဗီနှင့် ရေဒီယို အဆက်အသွယ်များ လက်လှမ်းမီမှုအပေါ် တိုင်းတာလေ့လာကာ ယခုအချက်အလက်များအား ထုတ်ပြန်လိုက်ဖြင်း ဖြစ်သည်။
လနှင့်ချီကြာမြင့်အောင် ပညာမသင်ကြားနိုင် ဖြစ်နေရသော ကလေးအရေအတွက် အလွန်တရာများပြားနေမှုသည် ကမ္ဘာလုံးဆိုင်ရာ ပညာရေးအတွက် အရေးပေါ် အခြေအနေတစ်ရပ် ဖြစ်ကြောင်း ကုလသမဂ္ဂကလေးများ ရန်ပုံငွေအဖွဲ့၏ အမှုဆောင်ညွန်ကြားရေးမှုး ဟင်နရီတာဖိုး က ပြောကြားသည်။
“ဒီဖြစ်ရပ်ရဲ့ ဂယက်ကို နောင်လာမယ့် ဆယ်စုနှစ်တွေအတွင်း လူမှုရေးနဲ့ စီးပွားရေးနယ်ပယ်တွေမှာ ခံစားရနိုင်ပါတယ်” ဟု သူမက ပြောကြားသည်။
E-Learning စနစ်ကို လက်လှမ်းမမီနိုင် ဖြစ်နေသူ ကျောင်းသားများအနက် တောင်အာရှတွင် ၁၄၇ သန်း၊ အာဖရိက အရှေ့ပိုင်းနှင့် တောင်ပိုင်းတွင် ၆၇ သန်း၊ အာဖရိက အနောက်ပိုင်းနှင့် အလယ်ပိုင်းတွင် ၅၄ သန်း၊ ပစိဖိတ်နှင့် အရှေ့အာရှဒေသတွင် သန်း ၈၀၊ အရှေ့အလယ်ပိုင်းနှင့် မြောက်အာဖရိကတွင် ၃၇ သန်း၊ လက်တင်အမေရိကနှင့် ကာရစ်ဘီယံတွင် ၁၃ သန်းခန့်ရှိသည်။
ကမ္ဘာတစ်ဝန်း ကိုဗစ်ကာလ အသွားအလာပိတ်ဆို့မှု လော့ဒေါင်းနှင့် စာသင်ကျောင်းများ ပိတ်ထားမှု၏ အကျိုးသက်ရောက်မှုကို ခံစားနေရသူ ကလေးစုစုပေါင်း ၁.၅ ဘီလီယံ ခန့်ရှိနိုင်ကြောင်း ကုလသမဂ္ဂအဖွဲ့ကြီးက ခန့်မှန်းထားသည်။