၃၀ ကျော် သတ်ဖြတ်ခံခဲ့ရသည့် ထိုင်းကလေးထိန်းကျောင်း ဖြစ်ရပ်ဆိုးတွင် ကလေးငယ်တစ်ဦး အံ့သြဖွယ်ရာ အသက်ရှင်ကျန်ခဲ့

ထိုင်းနိုင်ငံရှိ ကလေးထိန်းကျောင်းတစ်ကျောင်းတွင် အောက်တိုဘာလ ၆ ရက်နေ့က ကလေးငယ် ၂၂ ဦးအပါအဝင် စုစုပေါင်း ၃၆ ဦး သတ်ဖြတ်ခံခဲ့ရမှု၌ အသက် ၃ နှစ်အရွယ် မိန်းကလေးငယ်တစ်ဦးသည် လူသတ်သမား သတိမပြုမိသဖြင့် ကံကောင်းထောက်မစွာ အသက်ရှင်ကျန်ရစ်ခဲ့ကြောင်း ထိုင်းသတင်းများတွင် ဖော်ပြချက်များအရ သိရသည်။

By Khin Tharaphy Oo 09 Oct 2022

တစ်ကျောင်းလုံးတွင် တစ်ဦးတည်း အသက်ရှင်ကျန်ရစ်ခဲ့သူ အမ်မီအား ၂၀၂၂ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့က သူမ၏ မိခင်နှင့်အတူ တွေ့ရစဉ်။ ဓာတ်ပုံ - Reuters

DMG | အောက်တိုဘာ ၉

ထိုင်းနိုင်ငံရှိ ကလေးထိန်းကျောင်းတစ်ကျောင်းတွင် အောက်တိုဘာလ ၆ ရက်နေ့က ကလေးငယ် ၂၂ ဦးအပါအဝင် စုစုပေါင်း ၃၆ ဦး သတ်ဖြတ်ခံခဲ့ရမှု၌ အသက် ၃ နှစ်အရွယ် မိန်းကလေးငယ်တစ်ဦးသည် လူသတ်သမား သတိမပြုမိသဖြင့် ကံကောင်းထောက်မစွာ အသက်ရှင်ကျန်ရစ်ခဲ့ကြောင်း ထိုင်းသတင်းများတွင် ဖော်ပြချက်များအရ သိရသည်။

အမ်မီဟု ချစ်စနိုးခေါ်ကြသည့် အဆိုပါကလေးငယ်သည် လူသတ်သမား ဝင်ရောက်လာချိန်၌ ကျောင်း စာသင်ခန်းထောင့်တွင် မျက်နှာကို စောင်ဖြင့်ဖုံးကာ အိပ်ပျော်နေခဲ့ကြောင်း သူမ၏ မိဘများက ပြောသည်။

ထိုင်းနိုင်ငံမြောက်ပိုင်း အူထိုင်းဆာဝန်မြို့တွင် လူသတ်သမားသည် တစ်ကျောင်းလုံးရှိ ကလေးငယ် ၂၂ ဦးနှင့် ဆရာမများကို သေနတ်ဖြင့်ပစ်ခတ် ဓားဖြင့်ခုတ်ပြီး သတ်ဖြတ်ခဲ့သည်။

“တစ်ခြားမိသားစုတွေ အတွက် ကျွန်မခံစားရပါတယ်… ကျွန်မကလေး အသက်ရှင်ကျန်ခဲ့တာကိုလည်း ဝမ်းသာမိပါတယ်။ စိတ်ထဲမှာ ဝမ်းနည်းဝမ်းသာ ရောထွေးနေပါတယ်” ဟု အသက်ရှင်ကျန်ရစ်သူ အမ်မီ၏ မိခင်က ပြောသည်။

ကလေးငယ်သည် အဆိုပါဖြစ်ရပ်ဆိုးကြီးနှင့် ပတ်သက်၍ တစ်ခုမှသိထားပုံ မရကြောင်းမိဘများက ပြောသည်။ လူသတ်သမား ထွက်သွားပြီးနောက် စာသင်ခန်းထောင့်စွန်းတွင် နိုးလာသော ကလေးငယ်အား တစ်ယောက်က မြင်တွေ့ခဲ့ပြီး အခန်းဖော်များ၏ ရုပ်အလောင်းများကို မမြင်ရအောင် သူမမျက်နှာကို စောင်နှင့်ဖုံးအုပ်ပြီး ခေါ်ထုတ်ခဲ့သည်ဟု သတင်းတွင်ဖော်ပြသည်။

ဗီဒီယိုများ