- ရခိုင်ပြည်ကို ချောက်ထဲသို့ တွန်းပို့မည့် ဘင်္ဂလားဒေ့ရှ်၏ ကစားကွက်
- စာသင်ကျောင်း ဗုံးကြဲခံရပြီးနောက် လေးမျက်နှာ ဒေသခံ ၁၀ ကျော်ကို စစ်ကောင်စီ ဖမ်းဆီး
- မန္တလေး-ကျောက်ဖြူ ရထားလမ်းနှင့် ရေနက်ဆိပ်ကမ်းများကို အကောင်အထည်ဖော်နေကြောင်း စစ်ခေါင်းဆောင် ပြော
- လမ်းမကြီးပေါ်တွင် ကျွဲ၊ နွားတိရစ္ဆာန်များ လွှတ်ကျောင်းခြင်း လုံးဝ မပြုရန် ULA/AA ဒေသန္တရ အမိန့်ထုတ်
- ရခိုင်သို့ပို့မည့် ပဲအိတ် ၆၀၀ ကျော်နှင့် ကုန်စည်အများအပြား ဘင်္ဂလားဒေ့ရှ် ဖမ်းဆီး
တီဘီရောဂါဖြစ်ပွားနှုန်း တစ်ကျော့ပြန် မြင့်တက်လာနေကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ သတိပေး
ကမ္ဘာတစ်ဝန်း တီဘီရောဂါ ဖြစ်ပွားမှုအရေအတွက်သည် နှစ်ပေါင်း ၂၀ ကျော်အတွင်း ပထမဆုံးအဖြစ် ပြီးခဲ့သောနှစ်မှစတင်၍ အထူးမြင့်တက်လာနေကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO)က အောက်တိုဘာလ ၂၈ ရက်နေ့တွင် ပြောကြားလိုက်သည်။ ကိုဗစ်ကပ်ဘေးကြောင့် ရောဂါစစ်ဆေးရန်နှင့် ကုသမှုခံယူရန် အခက်အခဲများ ရှိလာရသည့်အတွက် ယခုကဲ့သို့ တစ်ကျော့ပြန် မြင့်တက်လာရခြင်း ဖြစ်ကြောင်း WHO က ပြောကြားသည်
29 Oct 2022

ဓာတ်ပုံ - AFP
DMG ၊ အောက်တိုဘာ ၂၉
ကမ္ဘာတစ်ဝန်း တီဘီရောဂါ ဖြစ်ပွားမှုအရေအတွက်သည် နှစ်ပေါင်း ၂၀ ကျော်အတွင်း ပထမဆုံးအဖြစ် ပြီးခဲ့သောနှစ်မှစတင်၍ အထူးမြင့်တက်လာနေကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO)က အောက်တိုဘာလ ၂၈ ရက်နေ့တွင် ပြောကြားလိုက်သည်။ ကိုဗစ်ကပ်ဘေးကြောင့် ရောဂါစစ်ဆေးရန်နှင့် ကုသမှုခံယူရန် အခက်အခဲများ ရှိလာရသည့်အတွက် ယခုကဲ့သို့ တစ်ကျော့ပြန် မြင့်တက်လာရခြင်း ဖြစ်ကြောင်း WHO က ပြောကြားသည်။
ကမ္ဘာတစ်ဝန်း၌ တီဘီကြောင့် သေဆုံးရသူအရေအတွက်သည် ၂၀၁၉ ခုနှစ်တွင် ၁ ဒသမ ၄ သန်း၊ ၂၀၂၀ တွင် ၁ ဒသမ ၅ သန်းရှိခဲ့ပြီး ၂၀၂၁ ခုနှစ်တွင် ၁ ဒသမ ၆ သန်းအထိရှိခဲ့သည်။
“နှစ်ပေါင်း ၂၀ နီးပါးအတွင်း ပထမဆုံးအကြိမ်အဖြစ် တီဘီဖြစ်ပွားမှု၊ ဆေးယဉ်ပါးမှု၊ တီဘီနဲ့ဆက်စပ်တဲ့ သေဆုံးမှုတွေ မြင့်တက်လာတာကို WHO က မှတ်တမ်းပြုစုထားပါတယ်”ဟု WHO ၏ ကမ္ဘာ့တီဘီတိုက်ဖျက်ရေး အစီအစဉ် ညွှန်ကြားရေးမှူး ထရီဇာဆာဆေဗာက ပြောကြားသည်။
တီဘီဖြစ်ပွားသူ အရေအတွက်သည်လည်း ၂၀၂၀ ခုနှစ်ထက် ၄ ဒသမ ၅ ရာခိုင်နှုန်း ပိုမြင့်တက်ကာ ၂၀၂၁ ခုနှစ်တွင် ၁၀ ဒသမ ၆ သန်းအထိ ရှိလာကြောင်း WHO ၏ နှစ်ပတ်လည် တီဘီရောဂါအစီရင်ခံစာတွင် ဖော်ပြထားသည်။
“ယခုအစီရင်ခံစာအရ ထပ်မံတွေ့ရှိရသည်မှာ ကိုဗစ်-၁၉ ကပ်ဘေးကြီးက တီဘီစစ်ဆေးရေးနှင့် ကုသရေးကို အကြီးအကျယ် ဆိုးကျိုးသက်ရောက်မှု ရှိနေခြင်းဖြစ်သည်”ဟု WHO ၏ အစီရင်ခံစာတွင် ဖော်ပြထားသည်။
ပြီးခဲ့သည့်နှစ်တွင် တီဘီအဖြစ်များလာသည့် ဒေသများအနက် အရှေ့တောင်အာရှတွင် ၄၅ ရာခိုင်နှုန်း၊ အာဖရိကတွင် ၂၃ ရာခိုင်နှုန်းနှင့် အနောက်ပစိဖိတ်ဒေသတွင် ၁၈ ရာခိုင်နှုန်းအထိရှိသည်။