ဒေါ်အောင်ဆန်းစုကြည်၏ နှလုံးကျန်းမာရေး ယိုယွင်းလာသည်ဟု ကင်အဲရစ် ပြော

ဖမ်းဆီးခံထားရသည့် ဒေါ်အောင်ဆန်းစုကြည်၏ နှလုံးရောဂါအခြေအနေ ယိုယွင်းလာနေသဖြင့် အမြန်ဆုံး ဆေးကုသခွင့်ပေးရန် မြန်မာစစ်ကော်မရှင်အား ဒေါ်စု၏သားငယ် ကင်အဲရစ်က တိုက်တွန်းလိုက်ကြောင်း Independent သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

By Admin 05 Sep 2025

၂၀၂၁ ခုနှစ်တည်းက အကျဉ်းချခံထားရသည့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်။ မှတ်တမ်းပုံဟောင်း - Getty

အသက် ၈၀ အရွယ် မိခင်ဖြစ်သူ၏ နှလုံးကျန်းမာရေး ပိုမိုဆိုးရွားလာမည့် အနေအထားတွင် ရှိနေသည်မှာ အထူးစိုးရိမ်ဖွယ်ရာ ဖြစ်သည်ဟုလည်း ကင်အဲရစ်က ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်၏ နှလုံးရောဂါသည် သူမကို လက်ရှိ ထိန်းသိမ်းထားသည့် အခြေအနေများကြောင့် ပိုဆိုးလာသည်မှာ သံသယဖြစ်စရာ မလိုကြောင်းနှင့် ထောင်ပြင်ပတွင် ကုသရန်လိုအပ်ကြောင်းလည်း သားငယ်ဖြစ်သူက ပြောကြားကြောင်း Independent သတင်းတွင် ဖော်ပြထားသည်။

NLD ပါတီ၏ ခေါင်းဆောင်ဖြစ်သလို ဒီမိုကရေစီအစိုးရအဖွဲ့၏ အတိုင်ပင်ခံခေါင်းဆောင်လည်း ဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်သည် မြန်မာစစ်တပ် အာဏာသိမ်းယူခဲ့သည့် ၂၀၂၁ ခုနှစ် တည်းက အကျဉ်းချခံထားရခြင်း ဖြစ်သည်။

သူ့ကို မည်သည့်နေရာ၌ ထိန်းသိမ်းထားသည်ကိုလည်း မြန်မာစစ်ကော်မရှင်က ထုတ်ပြန်ထားခြင်း မရှိပေ။