- ဆုံးရှုံးနယ်မြေများကို ပြန်သိမ်းရန် စစ်ကောင်စီ အပြင်းအထန်ကြိုးစားနေဟု AA ပြော
- ရက် ၅၀ အတွင်း ယူကရိန်းစစ် မရပ်လျှင် ကုန်စည်ခွန် ၁၀၀ ရာခိုင်နှုန်းကောက်မည်ဟု ရုရှားကို သမ္မတထရမ့် ခြိမ်းခြောက်
- အာရက္ခဒေသက တစ်ပတ်အတွင်း ထူးခြားသတင်းများ
- ရေကြည်မြို့နယ်တွင် စစ်ကောင်စီ စစ်ကြောင်းထိုးနေသဖြင့် တိုက်ပွဲများ ပြင်းထန်နေ
- တက္ကနာ-မောင်တော ကုန်သွယ်ရေး ရပ်နေသည့်အတွက် တက္ကနာဆိပ်ကမ်းရှိ သိုလှောင်ကုန်များ ပျက်စီး
စာလုံးပေါင်းမှားသည့် အိန္ဒိယကျောင်းသား ဆရာထံတွင် အရိုက်ခံရပြီး သေဆုံး
အိန္ဒိယနိုင်ငံ အူတာပရာဒက်ရှ် ပြည်နယ်တွင် အထက်တန်းကျောင်းသားတစ်ဦးသည် ဆရာထံတွင် ရိုက်ခံရသည့်ဒဏ်ရာဖြင့် သေဆုံးသွားကြောင်း အေအက်ဖ်ပီသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
29 Sep 2022

DMG ၊ စက်တင်ဘာ ၂၉
အိန္ဒိယနိုင်ငံ အူတာပရာဒက်ရှ် ပြည်နယ်တွင် အထက်တန်းကျောင်းသားတစ်ဦးသည် ဆရာထံတွင် ရိုက်ခံရသည့်ဒဏ်ရာဖြင့် သေဆုံးသွားကြောင်း အေအက်ဖ်ပီသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
နီခေးဒိုရီဟု အမည်ရသည့် အဆိုပါကျောင်းသားသည် အသက် ၁၅ နှစ်ရှိပြီဖြစ်ကာ စာမေးပွဲတွင် ‘Social’ကို စာလုံးပေါင်းမှားသဖြင့် ယခုလအစောပိုင်းက ၎င်း၏ဆရာမှ သတိမေ့မျောသွားသည့်အထိ တုတ်ဖြင့်ရိုက်ခဲ့သည်။
သူသည် ဆေးရုံတက်ကုသမှုခံယူခဲ့ပြီးနောက် စက်တင်ဘာလ ၂၆ ရက်နေ့တွင် ကွယ်လွန်သွားခဲ့သည်။
ဒိုရီသည် အိန္ဒိယတွင် နှိမ့်ချဆက်ဆံခံရလေ့ရှိသည့် ဇာတ်နိမ့် ဒါလစ်မျိုးနွယ်ဝင်ဖြစ်သည်။
အူတာပရာဒက်ရှ်ပြည်နယ် အော်ရိုင်ယာမြို့တွင် တနင်္လာနေ့က ဒိုရီသေဆုံးသည့်သတင်းကြောင့် လူရာပေါင်းများစွာသည် လမ်းများပေါ်ထွက်ကာ ဆန္ဒပြခဲ့ကြပြီး ရိုက်နှက်ခဲ့သည့် ကျောင်းဆရာကို ဖမ်းဆီးရန် တောင်းဆိုခဲ့ကြသလို ရဲကားတစ်စီးကိုလည်း မီးရှို့ခဲ့ကြသည်။
၎င်းအား တုတ်ဖြင့်ရိုက်ခဲ့သည့် ကျောင်းဆရာသည် ယခုအခါ ထွက်ပြေးလွတ်မြောက်နေပြီး သူ့ကို လိုက်လံရှာဖွေလျက်ရှိကြောင်း အိန္ဒိယရဲတပ်ဖွဲ့က စက်တင်ဘာလ ၂၇ ရက်နေ့တွင် ပြောကြားခဲ့သည်။